Showing posts with label Android application. Show all posts
Showing posts with label Android application. Show all posts

Wednesday, August 13, 2014

ဖုန်းရဲ့ အနောက်ကင်မရာနဲ့ Selfies ဓါတ်ပုံများရိုက်ကူးလို့ရစေမယ့် Smart Selfies


စမတ်ဖုန်းများမှာကိုယ်တိုင်ရိုက်ဓါတ်ပုံ Selfies များရိုက်ကူးလို့ရအောင် အရှေ့ဘက်မှာကင်မရာတပ် ဆင်ပေးထားကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ အရှေ့ကင်မရာဟာအနောက်ကင်မရာလောက် Resolution မကောင်းကြတာကိုစာဖတ်သူသတိထားမိမှာပါ။ Selfies များကို Megapixel ပိုမိုများပြားတဲ့ အနောက်ကင်မရာနဲ့ ရိုက်ကူးနိုင်အောင် ကူညီပေးနိုင်တာက Smart Selfies ဆိုတဲ့ Android App ပါ။

Smart Selfies ကိုအင်စတောလုပ်ပြီးရင် အသုံးပြုနည်းကို ပြသပေးပါလိမ့်မယ်။ ပြီးရင် Main Screen ကိုရောက်အောင် Back ခလုတ်ကို နှိပ်ပါ။ Main Screen ကိုရောက်ရင် Selfies မှာပါမယ့် လူအရေအတွက်ကိုရွေးချယ်ပေးရပါမယ်။ လူလေးယောက်အထိရိုက်ကူးနိုင်ပါတယ်။ နောက်အဆင့်မှာ Portrait or Landscape ကိုရွေးချယ်ပေးရမှာပါ။ ပြီးရင်တော့ ဖုန်းရဲ့ အနောက်ကင်မရာကိုသင့်ရဲ့ မျက်နှာ အလယ်တည့်တည့် ဒါမှမဟုတ် လူအုပ်စုရဲ့ အလယ်တည့်တည့်ကိုချိန်ရွယ်ပါ။ ဒါဆိုရင် App က ဓါတ်ပုံထဲမှာလူအားလုံးပါပြီးလှပတဲ့ Selfie ရရှိဖို့ Left, Right, Up, Down, Away , Closer စသဖြင့် အသံနဲ့ ညွှန်ကြားပေးမှာပါ။ ညွှန်ကြားမှုအတိုင်းဖုန်းကိုနေရာရွှေ့ပေးပြီးလို့ အကောင်းဆုံးအနေအထားရောက်ရှိရင် Hold လို့ ပြောပါလိမ့်မယ်။ ဖုန်းကိုတည်ငြိမ်အောင် ကိုင်ထားပါ။ နောက်ဆုံးမှာတော့ Say Cheese လို့ ပြောပြီးဓါတ်ပုံအလိုအလျှောက်ရိုက်ပေးပါလိမ့်မယ်။ သင်က Cheese လို့ အသံထွက်စရာမလိုသလိုဓါတ်ပုံရိုက်ဖို့ ခလုတ်နှိပ်စရာလည်းမလိုပါဘူး။ သတိထားစရာတစ်ခုက App က Lift လို့ အသံထွက်ပေမယ့် သူဆိုလိုတာက Left ကိုပြောတာပါ။

Menu ခလုတ်ကို နှိပ်ရင် Settings ကို ပြသပေးမှာပါ။ # of Faces မှာလူအရေအတွက်ကို ပြင်နိုင်ပါတယ်။ Portrait or Landscape ကိုလည်းပြောင်းလဲသတ်မှတ်နိုင်ပါတယ်။ Zoom Factor က အနီးကပ် Selfie များကိုရိုက်ကူးပေးနိုင်ပါတယ်။


More ခလုတ်ကိုနှိပ်ရင် Volume နဲ့ Focus Mode ဆိုတဲ့ Settings နှစ်ခုကိုတွေ့ပါလိမ့်မယ်။ Volume ကို နှိပ်ရင် သင့်ဖုန်းရဲ့ Default Sound Settings ထဲရောက်သွားပြီးချိန်ညှိနိုင်ပါတယ်။ Focus Mode မှာတော့ သင့်ဖုန်းရဲ့ ကင်မရာကအထောက်အပံ့ပေးတဲ့ Mode များကိုအသုံးပြုနိုင်တာ ဖြစ်တဲ့အတွက် ဖုန်းတစ်လုံးနဲ့ တစ်လုံးမှာ Mode ပါရှိမှု မတူညီကြပါဘူး။ App က အထောက်အပံ့ပေးတဲ့ Focus Mode တွေက Infinity, Auto, Macro, Continuous Video, Continuous Picture တို့ ဖြစ်ပါတယ်။


Smart Selfies ဟာအရှေ့ဘက်ကင်မရာမပါတဲ့ ဖုန်းတွေမှာ Selfie ဓါတ်ပုံများရိုက်ကူးနိုင်အောင် ကူညီပေးနိုင်သလိုကင်မရာနှစ်လုံးပါတဲ့ ဖုန်းတွေမှာလည်းပိုမိုကောင်းတဲ့ အနောက်ဘက် ကင်မရာနဲ့ Selfie များရိုက်ကူးနိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့ Selfie App တစ်ခု ဖြစ်ပါတယ်။ Smart Selifeကို Android 1.6 နဲ့ သူ့အထက်မှာအသုံးပြုနိုင်ပါတယ်။

 

အောက်က link ကို နှိပ်ပြီး Download လုပ်နိုင်ပါပြီ...

Download Here

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

အရေးကြီးတဲ့ဖုန်းဝင်လာရင် လက်မလွတ်စေဖို့ Essential Calls



အိပ်စက်အနားယူချိန်၊ အစည်းအဝေးခန်းထဲရောက်နေချိန်တွေမှာ ဖုန်းရဲ့ Ring သံမမြည်အောင် Silent or Vibrate စတဲ့ ဖန်ရှင်တွေကိုစမတ်ဖုန်းတွေမှာထည့်သွင်းပေးထားကြပါတယ်။ ဒါပေမယ့်လည်းအရေးကြီးတဲ့ ဖုန်းတွေကိုမသိလိုက်ရတဲ့ အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဖုန်းကို Silent or Vibrate လုပ်ထားပေမယ့် ဒီလိုအရေးကြီးတဲ့ ဖုန်းတွေဝင်လာရင် Ring သံမြည်ပြီးသိရှိအောင်ပြုလုပ်ပေးနိုင်တာက Essential Calls ပါ။ 



Essential Calls ကိုအင်စတောလုပ်ပြီးရင် အရေးကြီး Contact များကိုသတ်မှတ်ပေးရမှာပါ။ အဲဒီ Contact တွေကနေဖုန်းဝင်လာရင် Silent or Vibrate လုပ်ထားရင်တောင် Ring သံနဲ့ အသိပေးမှာပါ။ ဒီလိုလုပ်ဖို့ + Button ကို နှိပ်ပါ။ Phone Book ထဲမှ Contact ကိုရွေးချယ်ချင်ရင် From Phone Book ကို နှိပ်ပါ။ Contact အသစ်တစ်ခုထည့်သွင်းချင်ရင် Custom Contact ကို နှိပ်ပြီးနာမည်နဲ့ ဖုန်းနံပါတ်ထည့်သွင်းပေးပါ။

ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကိုတစ်ချက်နှိပ်ပါ။ On activation switch to: မှာ Silent mode or Vibrate mode ကိုရွေးချယ်နိုင်ပါတယ်။ အောက်ခြေမှ Activate ကို နှိပ်ရင် ပြောင်းလဲပေးမယ့် Mode ကိုရွေးခိုင်းတာပါ။ Ringer volume မှာ Auto ကို Default အားဖြင့် ရွေးချယ်ထားပါတယ်။ အမှန်ခြစ်ကို ဖြုတ်ပြီး Volume ကိုသင့်စိတ်တိုင်းကျ သတ်မှတ်နိုင်ပါတယ်။ Activate လုပ်ထားရင် App အိုင်ကွန်ကို Notification Bar မှာ ပြပေးမှာပါ။ မပြပေးစေချင်ရင် On activation show notification မှာအမှန်ခြစ်ဖြုတ်ပေးပါ။ Settings အားလုံးကို နှစ်သက်သလိုသတ်မှတ်ပြီးရင် အောက်ခြေမှ Activate ကို နှိပ်ပါ။

Essential Calls ကိုအသုံးမပြုချင်ရင် Deactivate ကို နှိပ်ပေးနိုင်ပါတယ်။

Essential Calls ဟာအမြဲတမ်းအသုံးပြုရမယ့် App တစ်ခုတော့ မဟုတ်ပါဘူး။ အနားယူတဲ့အချိန်၊ အစည်းအဝေးခန်းထဲရောက်နေချိန်တွေမှာတောင် အရေးကြီးဖုန်းတွေကိုလွတ်မသွားရအောင် ကူညီပေးနိုင်ပါတယ်။ App ကို Free နဲ့ Premium နှစ်မျိုးပြုလုပ်ပေးထားပါတယ်။ Free Version မှာလူနှစ်ယောက်ကိုသာအရေးကြီး Contact အဖြစ်သတ်မှတ်နိုင်ပါတယ်။ Premium Version မှာတော့ လူအကန့်အသတ်မရှိထည့်သွင်းနိုင်ပါတယ်။ 


Essential Calls ကို Android 2.2 နဲ့ သူ့အထက်မှာအသုံးပြုနိုင်ပါတယ်။

 

အောက်က link ကိုနှိပ်ပြီး Download လုပ်နိုင်ပါပြီ... 

Download Here

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Tuesday, June 24, 2014

၂၀၁၄ ကမ္ဘာ့ဖလားပွဲ အတွက် Applications များ



ကမ္ဘာ့ဖလား ဘောလုံးပွဲကို လေးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိပြီး အခုနှစ် ဘရာဇီး မှာ ကျင်းပတဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပွဲ ဟာ တစ်ကမ္ဘာလုံးက ဘောလုံး ပရိသတ်များ တစ်ခဲနက် ကြည့်ရှုကြတဲ့ပွဲဖြစ်ပါတယ်။ ဘရာဇီး ကမ္ဘာ့ဖလားပွဲ ရဲ့ သတင်းအချက်အလက်များ ဖြစ်တဲ့ ဂိုးရလဒ်များ၊ ကစားသမားများရဲ့ သတင်းအချက်အလက်များ အပြင် အခြား သတင်းအချက်အလက်များကို အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်ဖို့ Apps များ တီထွင်ပေးထားကြပါတယ်။

Livescores များအတွက် FlashScore Livescore

ကမ္ဘာ့ဖလားဘောလုံးပွဲများရဲ့ နောက်ဆုံး ဂိုးရလဒ်များ ကို သိရှိနိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ ဒါပေမယ့် အချိန်နဲ့ တစ်ပြေးညီ ဂိုးရလဒ်များ သိရှိချင်ရင်တော့ FlashScore Livescore ကို အသုံးပြုနိုင်ပါတယ်။ FlashScore ဟာ အစပိုင်းမှာ ၀က်ဆိုက် သာရှိပေမယ့် နောက်ပိုင်းမှာတော့ Android, iOS Apps များကို ပြုလုပ်ပေးထားပါတယ်။ ဒီ App ရဲ့ ထူးခြားချက်က သတင်းအချက်အလက်များ ကို ပြည့်စုံစွာ နဲ့ လျှင်မြန်စွာ သိနိုင်တာ ဖြစ်ပါတယ်။ ဂိုးသွင်းလိုက်တာနဲ့ ချက်ချင်းဆိုသလို ရလဒ်များ ကို ပြသပေးနိုင်ပါတယ်။ FlashScore Livescore ကို Android, iOS နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။
Android (http://goo.gl/TOhkQq ) , iOS (http://goo.gl/OV8BsD )

ဘောလုံး အသင်းများ နဲ့ ကစားသများများ ရဲ့ သတင်းအချက်အလက်များ အတွက် Soccerway

Soccerway က ဘောလုံး အသင်းများ နဲ့ ကစားသမားများ ရဲ့ သတင်းအချက်အလက်များ ကို အပြည့်စုံဆုံး ဖော်ပြပေးနိုင်တဲ့ App ဖြစ်ပါတယ်။ Live Scores များကို ပြသပေးနိုင်ပေမယ့် FlashScore လောက် မကောင်းတာတွေ့ရပါတယ်။ Soccerway ရဲ့ အားသာချက် က ကစားခဲ့တဲ့ပွဲများ၊ ဂိုးများ၊ ဂိုးရရှိရန် ထောက်ပံ့ပေးမှုများ ၊ ကစားသမား ရဲ့ ကလပ် အသင်းများ စတဲ့ အသင်းများ နဲ့ ကစားသမားများ ရဲ့ သတင်းအချက်အလက်များ ကို ဖော်ပြပေးနိုင်တာ ဖြစ်ပါတယ်။ Soccerway ကတော့ iOS App ကိုသာ ထုတ်လုပ်ပေးထားပါတယ်။
iOS ( http://goo.gl/1DICDH )

သတင်းများ အတွက် ESPN FC

ဘရာဇီး ကမ္ဘာ့ဖလား ရဲ့ သတင်းများကို သိရှိနိုင်တဲ့ နည်းလမ်းများစွာ ရှိပေမယ့် အကောင်းဆုံး App က ESPN FC Soccer & World Cup ဖြစ်ပါတယ်။ ESPN FC က ကမ္ဘာတစ်လွှားမှ ဘောလုံး ပရိသတ်များ ကို အကောင်းဆုံး နဲ့ အထူးခြားဆုံး သတင်းများ ကို အချိန်နဲ့ တစ်ပြေးညီ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပွဲ ရဲ့ Breaking News များကိုလည်း ကြည့်ရှုနိုင်ပါတယ်။ ကမ္ဘာ့ဖလားပွဲ အပြင် Premier League, La Liga, Serie A, Bundesliga စတဲ့ ကလပ်အသင်းပွဲများရဲ့ သတင်းများ ကိုလည်း ပြသပေးနိုင်ပါတယ်။ ESPN FC ကို Android , iOS နှစ်မျိုးစလုံးမှာ သုံးနိုင်ပါတယ်။
Android (http://goo.gl/EAcFQO ) , iOS (http://goo.gl/B737Zx )

ဘောလုံးပွဲကြည့်နိုင်မယ့် ရုပ်သံလိုင်းများ အတွက် Live Football on TV

ကမ္ဘာ့ဖလား ဘောလုံးပွဲ ကြည့်နိုင်မယ့် ရုပ်သံလိုင်းများကို သိချင်ရင်တော့ Live Football on TV ဆိုတဲ့ App ကို သုံးနိုင်ပါတယ်။ ဘောလုံးပွဲများရဲ့ နေ့ရက် ၊ အချိန် နဲ့ ထုတ်လွှင့်မယ့် ရုပ်သံလိုင်းများ ကို ပြသပေးမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပွဲ အပြင် League ပြိုင်ပွဲများ ကို ပြသမယ့် အချိန်ဇယားများ နဲ့ ရုပ်သံလိုင်းများ ကိုလည်း ပြသပေးမှာ ဖြစ်ပါတယ်။ Live Football on TV ကို Android, iOS Device များမှာ အသုံးပြုနိုင်ပါတယ်။
Android (http://goo.gl/cbMjJj ) , iOS (http://goo.gl/T4Dvor )

၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားပွဲ အတွက် Apps များစွာ ရှိပေမယ့် အပေါ်မှာဖော်ပြထားတဲ့ Apps များက ကဏ္ဍပေါင်းစုံကို ပြည့်စုံစွာ ပြသပေးနိုင်တဲ့ Apps များဖြစ်ပါတယ်။


ref: သူရ


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Thursday, April 3, 2014

အော်တို Download လေးပါတဲ့ OGYoutube လေးပါ ( လန်းမှလန်း )


 မင်္ဂလာပါ  နော်  ကျနော် သည်နေ့တင်ဖြစ်တာလေးကတော့  Android ဖုန်းသမားတွေအတွက်  ယူကျုမှာ ဒေါင်းရတာ အခက်အခဲ ဖြစ်နေတဲ့ ပြဿနာလေးကို အကောင်းဆုံးဖြေရှင်းပေးနိုင်တဲ့ ယူကျုလေးတစ်ခုနဲ့ မိတ်ဆက်ပေးခြင်ပါတယ်..သူကတော့
OGYoutube လို့ခေါ်ပါတယ်...အရမ်းမိုက်ပါတယ်... ဘာဆော့ဝဲလ်မှ  မလိုဘဲ  ဘယ် Tubemate မှာလည်း မသုံးရဘဲ ကြိုက်သလို ဒေါင်းနိုင်ပါတယ်... သူ့ရဲ့ လုပ်ဆောင်ချက်လေးကတော့
mp4..3gp..flv..mp3  စတာတွေ တခါတည်း ဒေါင်းယူနိုင်တာမို့ အတော်လေးအဆင်ပြေစေမှာပါ..
လိုအပ်သူများအောက်မှာ ဒေါင်းလိုက်ပါနော်.. လက်တွေ့ကတော့ version..4.2.2---4.3  တွေမှာ လက်တွေ့ သုံးထားပါတယ်... စမ်းသတ်ကြည့်လိုက်နော်...

OGYoutube Download

အဆင်ပြေပါစေ

<<< တာဝန်မလေးပါက တချက်လောက်ကလစ်ပေးခဲ့စေလို >>>

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

Monday, March 3, 2014

Myanmar IT Knowledge ရဲ့ APK





 Post By Aung Ko Htet ( MM IT Knowledge)



အိုင်တီနဲ့ ပတ်သက်သမျှ သတင်းတွေကို တစ်နေရာတည်ကနေ စုံစုံလင်လင်နဲ့ ကြည့်ရှုနိုင်အောင် ဖော်ပြနေ Site ရဲ့ APK လေးပါ။


APK ရဲ့ အမည်လေးကတော့ Myanmar  IT Knowledge လို့ ခေါ်ပါတယ်။

APK ကို အောက်က link ကနေ download လုပ်နိုင်ပါတယ်။

MM IT Knowledge APK ( Download Here)

Site ရဲ့ Link ကတော့ www.mmitknowledge.blogspot.com ပါ။

 အားလုံးအဆင်ပြေကြပါစေ...

Aung Ko Htet ( www.itstudier.com)


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Friday, February 7, 2014

★★3D Sex Positions v1.0 Apk Full Version(ယောင်္ကျားလေးများအတွက်သာ)★★

This application is completely honest and realistic 3D Sex Position.Our application provides you the opportunity to plunge into another world,which is created by using three-dimensional graphics and beautiful music.

★★Greed for Glory: War Strategy Apk [Mod High Damaged] New update Version v5.0★★

ဒီဂိမ်းလေးကတော့ထူးဆန်းတဲ့သတ္တ၀ါတွေမြို့ကိုဝင်ရောက်တိုက်ခိုက်တဲ့ dragons ဂိမ်းပဲဖြစ်ပါတယ်။
အောက်မှာပုံနဲ့ပြထားပါတယ်။ရုပ်ထွက်ကြည်ပြီးကစားလို့ကောင်းတဲ့ဂိမ်းပါပဲ။ဖိုင်ဆိုဒ်ကတော့ 43Mb ရှိပါ
တယ်။Android: 2.3 နှင့်အထက်ကစပြီးကစားလို့ရပါတယ်။

★★EasyBand Studio v1.0.6 Apk★★

သူငယ်ချင်းတို့ဖုန်းနဲ့ DJ Music တွေဖန်တီးချင်ရင်တော့ EasyBand Studio လေးကိုဆောင်ထားလိုက်ပါ။
timeline ထဲကို chords တွေ style and tempo စသည်တို့ကိုကြိုက်သလိုတည်းဖြတ်လို့ရပါတယ်။
chords ပေါင်း 50 ကျော်ပါဝင်ပါတယ်။ဖိုင်ဆိုဒ်ကတော့ 12Mb ပဲရှိပါတယ်။

★★Snailboy - An Epic Adventure APK Full Version 1.1.2★★

Snailboy ဂိမ်းလေးကတော့ပိုက်ဆံကွိုင်တွေကိုခုန်ပျံပြီးလိုက်စားရတဲ့ဂိမ်းလေးဖြစ်ပါတယ်။အခန်းပေါင်းများ
စွာပါဝင်ပါတယ်။Full Version ဂိမ်းလေးပဲဖြစ်ပါတယ်။ဖိုင်ဆိုဒ်ကတော့ 174Mb ရှိပါတယ်။Install ပြီးတာနဲ့ play လို့ရပါပြီ။Android: 2.2 နှင့်အထက်ကစပြီးကစားနိုင်ပါတယ်။

★★Heroes Of Steel RPG Apk v1.2.9 [Mod Full Unlocked]New update★★

"Heroes of Steel" ရဲ့ New update လေးကိုတင်ပေးလိုက်ပါတယ်။Mod Full Unlocked လေးဖြစ်တဲ့အ
တွက်သူငယ်ချင်းတို့ကြိုက်ကြမှာပါ။ဖိုင်ဆိုဒ်ကတော့ 25Mb ပဲရှိပါတယ်။Android: 2.3 နှင့်အထက်ကစပြီး
အသုံးပြုနိုင်ပါတယ်။

Wednesday, February 5, 2014

★★Dungeon Keeper Apk + Data v1.0.51 [Mod Attack + Defense]New update ★★

Dungeon Keeper ဂိမ်းကတော့သတ္တ၀ါအကောင်ကြီးကြီးတွေနဲ့တိုက်ခိုက်ရသောဂိမ်းဖြစ်ပါတယ်။
New update လေးတွေ့လို့တင်ပေးလိုက်ပါတယ်။Apk + Data အပြင် Mod Attack + Defense ကိုပါဖိုင်
ထဲမှာတစ်ခါတည်းထည့်ပေးလိုက်ပါတယ်။ဖိုင်ဆိုဒ်ကတော့ 100mb ရှိပါတယ်။Android: 2.3 နှင့်အထက်
ကစပြီးကစားလို့ရပါတယ်။

★★Man of Steel Apk + Data v1.0.21 [Mod Unlimited Everything]★★

Man of Steel ဂိမ်း Version 1.0.21 လေးကိုတင်ပေးလိုက်ပါတယ်။Unlimited ဂိမ်းလေးပဲဖြစ်ပါတယ်။
အောက်ပုံတွေနဲ့ပြထားပါတယ်။Data ကတော့ 1GB ရှိပါတယ်။ဖိုင်ခွဲ 6 ဖိုင်ခွဲပြီးတင်ပေးထားပါတယ်။Data
ဖိုင်ထဲက  com.wb.ManOfSteel ဆိုတာကို Sdcard\android\obb ထဲမှာထည့်ပေးလိုက်ပါ။

Tuesday, February 4, 2014

★★GT Racing 2 - The Real Car Exp Apk + Data 1.1.0 Mod + Unmod★★

Android ပေါ်မှာကားမောင်းချင်သူတွေအတွက်အသစ်ထွက်လာတဲ့ GT Racing 2 ကိုတင်ပေးလိုက်ပါတရ်
Original and Modded versions လေးဖြစ်ပါတယ်။Apk + Data 2ခုလုံးကိုတွဲပြီးတင်ပေးထားပါတယ်။
ဖိုင်ဆိုဒ်ကတော့ 978Mb ရှိတာကြောင့်ဖိုင် 5 ဖိုင်ခွဲပြီးတင်ပေးလိုက်ပါတယ်။Android: 2.3 နျင့်အထက်က
စပြီးကစားလို့ရပါတယ်။ဒေါင်းလော့စ်ဖိုင်ထဲက "com.gameloft.android.ANMP.GloftRAHM" ဆိုတာကို
sdcard/Android/obb/ ထဲကို COPY လုပ်ပြီးထည့်ပေးလိုက်ပါ။ပြီးရင် Apk ကို install လုပ်ပြီးကစားလို့ရ
ပါပြီ။

★★Slots - Pharaoh's Way APK Mod v4.4.1 Unlimited Money ★★

ဒီဂိမ်းလေးကတော့ Casino ဂိမ်းလေးဖြစ်ပြီး animations ဒီဇိုင်းတွေနဲ့ရုပ်ထွက်ကြည်တဲ့ဂိမ်းလေးပဲဖြစ်ပါ
တယ်။အခန်းပေါင်းများစွာပါဝင်တဲ့ apk unlimited money ဂိမ်းလေးပါပဲ။ဖိုင်ဆိုဒ်ကတော့ 45Mb ရှိပါတယ်
Android: 2.3.3 နှင့်အထက်ကစပြီးကစားလို့ရပါတယ်။

★★Call of Mini™ Infinity APK MOD v1.5.1 Coins + Gems (69Mb)★★

စစ်ဂိမ်းအသစ်လေးတွေ့လို့တင်ပေးလိုက်ပါတယ်။Call of Mini™ ရဲ့ Update အသစ်  v1.5.1 လေးက
တော့ apk + data နှင့် money mod ပါအပြည့်ပါပြီးသားလေးဖြစ်တဲ့အတွက်အေးဆေးကစားရုံပါပဲ။
ဒေါင်းလော့စ်ဖိုင်ကိုဖြည်လိုက်ရင် ''com.trinitigame.android.callofminiinfinity'' ဆိုတာကို /sdcard/Android/obb/ ထဲ COPY လုပ်ပြီးထည့်ပေးလိုက်ပါ။ပြီးရင် Apk ကို install လုပ်ပြီးကစားလို့ရပါပြီ။
apk unlimited money ဖြစ်တဲ့အတွက်သူငယ်ချင်းတို့အဆင်ပြေမှာပါ။ဖိုင်ဆိုဒ်ကတော့ 69Mb ရှိပါတယ်။
Android: 2.3 နှင့်အထပ်မှာကစားလို့ရပါတယ်။

★★Dialog Lockscreen Version : 2.0 Apk (All Android) 552k ★★

သူငယ်ချင်းတို့ဖုန်းမှာ  Lockscreen လန်းလန်းလေးလုပ်ချင်သူတွေအတွက် Dialog ရဲ့ Version အသစ်
လေးကိုတင်ပေးလိုက်ပါတယ်။start screen မှာမိမိစိတ်ကြိုက် facebook, twitter, flickr, Youtube, local weather forecasts, photo gallery, အစရှိသည်တို့ကိုထားလို့ရပါတယ်။launch မှာလည်း 24 apps
ထားလို့ရပါတယ်။ background ပုံကိုလည်းမိမိပုံတွေအစားထိုးထားလို့ရပါတယ်။ဖိုင်ဆိုဒ်က 552K ပဲရှိပါ
တယ်။Android : 2.2 နှင့်အထက်ကစပြီးအသုံးပြုလို့ရပါတယ်။အင်စတောလုပ်ပြီးတာနဲ့သုံးရုံပါပဲ။

Monday, February 3, 2014

Armor for Android™ Security v2.1.6.2 [ANDROID] Final 2Mb !!!

Armor for Android™ ကတော့ Anti Virus and Privacy App တွေအတွက်အကောင်းဆုံး tools တစ်ခု
လို့ဆိုထားပါတယ်။All in One တစ်ခုပါပဲ။security features တွေကလည်းစုံလင်ပါတယ်။Google Play
မှာတော့ 978 ဘတ်ရှိပါတယ်။ဒီမှာတော့ Fee ပါပဲ။Memory Booster, Easy Uninstaller, Safe Installer, Task Killer, တို့အပြင်နောက်ထပ်များစွာပါဝင်ပါသေးတယ်။ဖိုင်ဆိုဒ်ကတော့ 2Mb ပဲရှိပါတယ်။

Sunday, February 2, 2014

Adobe® Photoshop® Touch APK Full v1.5.1[All Android]45Mb !!!

မိမိဖုန်းကနေ Photoshop design တွေဆွဲချင်သူတွေအတွက်တင်ပေးလိုက်ပါတယ်။layers, selection tools, adjustments, and filters စသည်တို့အပြင် professional effects တွေလည်းများစွာပါဝင်
ပါတယ်။အောက်မှာပုံတွေနဲပြထားပါတယ်။ဖိုင်ဆိုဒ် 45Mb ရှိပြီး Android: 3.1 နှင့်အထက်မှာအသုံးပြုနိုင်
ပါတယ်။

MX Player Pro 1.7.2 Apk [Android-OS] 7Mb !!!

Android ဘော်ဘော်တို့အတွက် video player အသစ်ထွက်လာတဲ့ Update Version MX Player Pro 1.7.2 လေးကိုတင်ပေးလိုက်ပါ။ဖိုင်ဆိုဒ် 7Mb ပဲရှိပါတယ်။Android O/S : 2.1+ နှင့်အထပ်မှာအသုံးပြု
နိုင်ပါတယ်။အသံကောရုပ်ပါကြည်လင်မှုရှိတယ်ဆိုတာတော့သုံးဖူးသူတွေအတွက်ပြောဖို့တောင်မလိုတော့
ဘူးထင်ပါတယ်။

City Maps 2Go Pro Offline Maps APK v3.6.35 (Final Version) 11Mb !!!

ဒီကောင်လေးကတော့ travel guides တွေအတွက်အကောင်းဆုံးအသုံးဝင်တဲ့ offline map လေးပဲဖြစ်ပါ
တယ်။ Lasted Update Version 3.6.35 လေးပဲဖြစ်ပါတယ်။No data roaming or WiFi required unlimited maps 100% offline လိုပြောထားပါတယ်။ဖိုင်ဆိုဒ် 11 Mb သာရှိပြီး Android: 2.3.3 နှင့်အ
ထပ်မှာအသုံးပြုလို့ရပါတယ်။smartphone နဲ့ tablet တွေအတွက်နိုင်ငံရပ်ခြားနေသူများတော့ဆောင်ထား
သင့်ပါတယ်ခင်ဗျာ။