Wednesday, January 1, 2014

Mobile Money လုံခြုံရေးအတွက် Hacker များနှင့် စမ်းသပ်ထားသည်ဟုဆို

 
ယခုလ ၁၈ ရက်နေ့၌ စတင်အသုံးပြုခွင့်ပေးခဲ့သည့် Myanmar Mobile Money ဝန်ဆောင်မှုသည် လုံခြုံရေး အရ စိတ်ချရသည့်အပြင် ကြိုတင်စမ်းသပ်မှုများအဖြစ် Haker များ အပါအဝင် နည်းပညာ ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများနှင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီ Platform က ကမ္ဘာမှာ Mobile Money ကို ဦးဆောင်နေတဲ့ ကုမ္ပဏီ ၃ ခုထဲက တစ်ခုကိုသုံးထားတာ။ နည်းပညာကလည်း အမေရိကန် ပြင်သစ်နည်း ပညာတွေပါ။ Mobile Money ဆိုပေမယ့်လည်း အင်တာနက် စနစ် တစ်ခုတည်း ကိုပဲ အခြေခံထားတာမဟုတ်ဘူး” Myanmar Mobile Money ဝန်ဆောင်မှု၏ CEO ဖြစ်သူ ကိုကျော်ထူးလင်းက ပြောသည်။

မိုဘိုင်းဖုန်းပျောက်ဆုံးခြင်းနှင့် ငွေကြေးများ မှားယွင်းပို့မိသည့်အခါလည်း Call Center 1212 သို့ ဆက်သွယ်အကြောင်းကြားသည်နှင့် တစ်ပြိုင်နက်ဆုံးရှုံးမှု မရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Mobile Money သည် နည်းပညာအရ လုံခြုံစိတ်ချရသည်သာမက ငွေကြေးအနေဖြင့်လည်း ဗဟို ဘဏ်၏ လက်အောက်၌ လုပ်ကိုင်ဆောင်ရွက်နေသည့်အတွက် စိတ်ချယုံကြည်ရကြောင်း သိရသည်။

အဆိုပါစနစ်သည် လုံခြုံစိတ်ချရမှုရှိရန်အတွက် ငွေကြေးများလွှဲပြောင်းသည်ကိုသာ ပုံမှန်အားဖြင့် လွှဲပြောင်းနိုင်သော်လည်း ငွေကြေးထုတ်ယူသည့်အခါ  Register ပြု    လုပ်ပြီးမှသာ Agent များထံ၌ ထုတ်ယူနိုင်မည်ဟုသိရပြီး အသုံးပြုသူများ၏အခက်အခဲနှင့် အခြားသော ဝန်ဆောင်မှုများပေးရန်အတွက် mpay.myanmar mobilemoney.com ကို Portal အဖြစ် လွှင့်တင်ထားကြောင်း သိရသည်။



Myanmar Mobile Money ဝန်ဆောင်မှုကို ၃ လကျော် အကြာက တည်းက လုံခြုံရေးပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ကြိုတင်စမ်းသပ်မှုများ ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး အသုံးပြု သူများ အနေဖြင့် ငွေကြေးဆိုင်            ရာ ပေးချေမှုများနှင့် ငွေကြေးဆိုင်    ရာ လွှဲပြောင်းခြင်း များကို ယုံကြည်စွာ ပြုလုပ်ဆောင်                     ရွက်နိုင် မည်ဟု အဆိုပါ ဝန်ဆောင်  မှုလုပ် ငန်း က ပြောဆိုထား   သည်။

Credit>>> မြင့်ကျော်လှိုင်

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။