Wednesday, January 1, 2014

Mini e-Library တပ်ဆင်ပြီးသွားပါက စာပေဗိမာန်မှ eBook တစ်သောင်းသုံးထောင်အပြင် eBook ပေါင်း နှစ်သောင်းကျော် Download ဆွဲကာ ဖတ်ရှုနိုင်မည်



မြန်မာနိုင်ငံတဝှမ်းလုံးရှိ ခရိုင် မြို့များရှိ ပြန်/ ဆက်စာကြည့်တိုက်များတွင် Wi-Fi စနစ်တပ်ဆင်ထား ပြီးဖြစ် ၍ Mini eLibrary တပ်ဆင်ပြီးသွားပါက စာပေဗိမာန်မှ eBook တစ်သောင်း သုံးထောင်ကျော်အပြင် ပြန်ဆက်မှ eBook ငါးထောင် Mini eLibrary မှ စာအုပ်ပေါင်း ၁၈၀၀ ကျော် စုစုပေါင်း eBook နှစ်သောင်းဖတ်ရှုနိုင်မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်နေ့က မဏိရတ နာကျောက် စိမ်းခန်းမတွင် ကျင်းပသွားသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေး ဦးစီးဌာန၊ သုတေသနနှင့် သတင်းအချက်အ လက်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ရှင်းလင်းပြောဆိုခဲ့သည်။



မကြာခင်တပ်ဆင်မည်ဟုဆိုသော Mini eLibrary တွင် ဖော်ပြမည့် စာအုပ်စာစောင်များကို Mini eLibrary Web စာမျက်နှာတွင် စာအုပ်အဖုံးပါ ရုပ်ပုံများဖြင့် လွယ်လင့်တကူ မြင်တွေ့ရှာဖွေနိုင် ပြီးဖတ်ရှုခြင်း၊ Download ရယူ ခြင်းများကိုပြုလုပ်နိုင်မည်ဖြစ်ကြောင်းနှင့် Library စာမျက်နှာရှိ သတင်းအချက်အ လက်များ ကိုပါ သိရှိစေနိုင်ရန် ဆောင် ရွက်ထားကြောင်း သိရသည်။

Mini eLibrary တွင် eBook များ ထည့်သွင်းရန် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးလုပ်ငန်း၊ စာပေဗိမာန် စာကြည့်တိုက်မှ eBook ပေါင်း (၁၃၁၆၆) အုပ်၊ ပြန်/ ဆက်မှ eBook ပေါင်း (၅"၀၀၀) အုပ်နှင့် Mini eLibrary မှ eBook (၁၈၃၄) အုပ် စုစုပေါင်း eBook နှစ်သောင်း စုဆောင်းထားရှိပြီး Mini eLibrary မှ eBook နှစ်သောင်း ဖတ်ရှုနိုင်မည်ဖြစ်ကြောင်း အဆိုပါ ညွှန်ကြားရေးမှူးက ပြော သည်။

စာဖတ်ရှုလိုသူများအနေဖြင့် မိမိကိုယ်ပိုင် အင်တာနက်လိုင်းရှိ စရာမလိုအပ်ဘဲ သတ်မှတ်အကွာအဝေးမှ မိမိပိုင်ဆိုင်သော Laptop, Netbook, Handset နှင့် Tablet တို့ မှ Wi-Fi ဖွင့်ပြီး minielib.net Wi-Fi Network ကို ချိတ်ဆက်ကာ ကြိုက်နှစ်သက်ရာ minielib.net ဖြင့် လိုက်ဘရီရှိ စာအုပ်များအား ကြည့်ရှုနိုင်သည့်အပြင် Download ပြုလုပ်နိုင်ကြောင်း သိရသည်။ ကွန်ပျူတာဖြင့် လိုင်ဘရီသို့ ဝင်ကြည့်ကာ မိမိနှစ်သက်ရာ စာအုပ်ဓာတ်ပုံအောက်ရှိ ခေါင်းစဉ်စာသားကို ကလစ်နှိပ်၍ ကြည့်ရှုနိုင်ပြီး Download လုပ်၍ သိမ်းဆည်းနိုင် သလို Handset များ၊ Tablet များ ဖြင့် ကြည့်ရှုပါက ဓာတ်ပုံအောက်ရှိခေါင်းစဉ်စာသားကို စက္ကန့်အနည်း ငယ်ခန့် ကလစ်ဖိထားပါက စက်အတွင်း Auto Download လုပ်၍ ဖတ်ရှုနိုင်ကြောင်း သိရသည်။

Credit >>> ကျော်ဇေယျ၊ နေပြည်တော်

Aung Ko Htet

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။