ရော ပြီးခဲ့တဲ့ ဓါတ်ပုံတွေကို Recovery လုပ်တဲ့ဆော့စ်ဝဲတစ်ခုတင်ပေးလိုက်တာ ပုံတွေသိမ်းတော့မှ ကီး
တောင်းလို့စိတ်ညစ်နေရတဲ့ ဘော်ဘော်တွေအတွက်(တောင်းပန်ပါတယ်)ဒီဆော့စ်ဝဲလေးကိုမရမကရှာဖွေပြီး
တစ်ချက်ခုတ်နှစ်ချက်ပြတ် 2 ယောက်လုံးအဆင်ပြေအောင်ဒီဆော့စ်ဝဲလေးနဲ့ဖြေရှင်းလိုက်ပါမယ်။
ဒီဆော့စ်ဝဲလေးရဲ့လုပ်ဆောင်ချက်တွေကအများကြီးပါ။ Partition တွေကို Format ချနီုင်ခြင်း ၊ Partition
တွေကို လွယ်ကူစွာခွဲနိုင်ခြင်း ၊ အခြားလူမမြင်နိုင်အောင် Partition တွေကို Hide နိုင်ခြင်း ၊ ပေါင်းနိုင်ခြင်း
ပထမဆုံး hard disk repartition ဘယ်လိုလုပ်တယ်ဆိုတာအောက်မှာပုံလေးတွေနဲ့ရှင်းပြပေးပါမယ်။
ပြီးတော့ မိမိကင်မရာ ၊ ဖုန်း ၊ မန်မိုရီကဒ် အစရှိသည်တို့မှာ မှားဖျတ်မိတဲ့ဓါတ်ပုံတွေကို ဘယ်လိုပြန်လည်
ခေါ်ယူလဲဆိုတာကိုတော့ဒေါင်းလော့စ်ဖိုင်ထဲမှာ ပုံတွေနဲ့သေချာရှင်းပြပေးထားပါတယ်။ပထမဆုံး...
ဆော့စ်ဝဲလ်လေးကို အင်စတောလုပ်ပြီးရင် အခုလိုတွေ့မြင်ရပါမယ်။ Partition ခွဲမယ့်သူတွေအတွက်
MiniTool Partition Wizard ကိုနှိပ်လိုက်ပါ။ ပုံမမြင်ရရင်နှိပ်ပြီးကြည့်ပါ....
ကျွန်တော်နမူနာအဖြစ် 2.89Gb ရှိတဲ့ အပိုင်းလေးကိုအရင်ခွဲပြပါမယ်။အရင်ဆုံးကိုယ်ခွဲချင်တဲ့ Drive
ပေါ်အရင်နှိပ်လိုက်ပါ။
နှိပ်ပြီးတာနဲ့ ဘယ်ဘက်မှာ Split Partition ဆိုတာကိုနှိပ်လိုက်ပါ။အခုပြထားတဲ့ပုံအတိုင်းပေါ်လာပါမယ်။
အလယ်ကနေဟိုဘက်ဒီဘက်ရွှေ့ပြီး ကြိုက်သလောက်ထားလို့ရပါတယ်။အဆင်ပြေရင် Ok နှိပ်လိုက်ပါ။
ဒါကတော့ မိမိ Format ချချင်တဲ့အပိုင်းကိုအရင်နှိပ်ပါပြီးရင် ဘယ်ဘက်မှာရှိနေတဲ့ Format Partition
ဆိုတာကိုနှိပ်ပါ။ ကြိုက်တဲ့နာမည်ပေးပြီးရင်အိုကေနှိပ်လိုက်ပါ။
ဒါကတော့မိမိ Drive ကိုသူများမမြင်စေရင် Hide လို့ရပါတယ်။အရင်ဆုံးမိမိ Hide မဲ့အပိုင်းကိုနှိပ်ပါ။
ပြီးရင် ဘယ်ဘက်ဘေးမှာရှိတဲ့ Hide Partition ဆိုတာနှိပ်လိုက်ပါ။ တကယ်လို့ပြန်ဖျတ်ချင်တယ်ဆိုရင်လည်း ဖျတ်မဲ့အပိုင်းပေါ်နှိပ်ပြီး အပေါ်ဆုံးဘယ်ဘက်ထောင့်မှာ
Undo ဆိုတဲ့ မျှားပုံလေးကိုနှိပ်လိုက်ရင်ရပါပြီ။
မိမိ ပြုလုပ်တာတွေပြီးဆုံးသွားလို့ အတည်ပြုမယ်ဆိုရင်တော့ ဘယ်ဘက်ထောင့်အပေါ်ဆုံးမှာ အမှန်ချစ်လေး Apply ဆိုတာကိုနှိပ်လိုက်ပါ။ Apply ကိုမနှိပ်မချင်းမိမိပြုလုပ်သမျှသူကအတည်ပြုမှာ
မဟုတ်ပါဘူး။ဒါကြောင့်ကြိုက်သလိုကလိနိုင်ပါတယ်။
ပြီးဆုံးသွားလို့ ဘောက်ကိုပိတ်တဲ့အခါသူကထပ်မေးလာပါမယ်။ မိမိပြုလုပ်တာတွေအတည်ပြုလားဆို
တာကိုပေါ့။ Yes ကိုနှိပ်လိုက်ပါ။နောက်ထပ်လုပ်ဆောင်ချက်တွေကိုတော့ကိုယ်တိုင်ပဲ ကလိကြပါ။
ကျွန်တော်အချိန်သိပ်မရလို့ဒီလောက်ပဲရှင်းပြလိုက်ပါတယ်။
ဓါတ်ပုံတွေကိုဘယ်လိုပြန်ယူလဲဆိုတာကိုတော့ ဒေါင်းလော့စ်ဖိုင်ထဲမှာ ပုံတွေနဲ့ရှင်းပြထားပါတယ်။
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ
နည်းပညာမြို့တော်
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။