ဒါ post လေးကတော့ ကျွန်တော်လေ့လာပြီးမှ ကိုယ်တိုင်စမ်းသပ်ပြီး ပြန်လည်မျှဝေတဲ့ post လေးပဲဖြစ်ပါတယ်ဗျာ။
ကျွန်တော်တို့ window 7 မှာ Ram ကအရမ်းနည်းနေတယ်ဆိုရင် ကွန်ပျူတာမှာ အလုပ်လုပ်ရတာ အရမ်းကို ကြာပါတယ်။ သိကြတဲ့အတိုင်းပဲ စက်ဝိုင်းလေးကလည်လည်နဲ့ပေါ့။ အဲ့ဒီ ပြသနာကို ဖြေရှင်းဖို့အတွက် နည်းလမ်းလေးပါ။
လုပ်ရတဲ့ ပုံလေးကတော့ရိုးရှင်းပါတယ်ဗျာ။ လိုအပ်တဲ့ ပစ္စည်းကလည်း USB stick တစ်ခုတည်းပါ။
အရင်ဆုံး USB stick ကို ကွန်ပျူတာရဲ့ USB port မှာ ထိုးလိုက်ပါ။ ပြီးရင် Right click နှိပ်ပြီး properties ကိုနှိပ်လိုက်ပါ။
အဲ့ဒါပြီးသွားရင် Ready Boot Tab ကို နှိပ်လိုက်ပါ။ အောက်ကပုံမှာတွေ့မှာတွေ့ပါလိမ့်မယ်။
ပြီးသွားရင် အောက်မှာပြထားတဲ့ ပုံအတိုင်း use this device ဆိုတာလေးကို selete မှတ်လိုက်ပါ။
ပြီးသွားရင် Apply လုပ်လိုက်ပါ။ မလုပ်ချင်ရင်လည်း တစ်ခါတည်း OK သာနှိပ်လိုက်ပါ။
ပြီးသွားရင် အောက်က ပုံလေးအတိုင်းမြင်ရပါလိမ့်မယ်ဗျာ။ ဒါကတော့ stick ရဲ့ space ကို အကုန်လုံး ယူသုံးထားလို့ပါ။ အကုန်မယူချင်ပဲ ကိုယ်လိုသလောက်ပဲ လိုချင်ရင်လည်းရပါတယ်ဗျာ။
အဆင်ပြေသလိုပေါ့။
ကဲပြီးရင်တော့ ကွန်ပျူတာလေးကိုစမ်းကြည့်လိုက်ပါ။ သိသိသာသာ မြန်လာတာကိုတွေ့ရပါလိမ့်မယ်ဗျာ။
ဒီနည်းလေးက ကျွန်တော့်လို Ram နည်းနေတဲ့သူတွေအတွက်တော့ အဆင်ပြေတာပေါ့ဗျာ။
ကျွန်တော်ပုံတွေကိုတော့ သူများတွေဆီကနေ ပြန်ပြီး copy လုပ်ထားတာပါ။ ရေးတာကတော့ ကိုယ်ပိုင်လေ့လာပြီးရေးတာဖြစ်ပါတယ်ဗျာ။
အားလုံးအဆင်ပြေကြပါစေဗျာ။
Aung Ko Htet (IT Studier)
window 8 တွေမှာရောလုပ်လို့ရသလားခင်ဗျ
ReplyDeleteပြီးတော့ အပေါ်ကနည်းအတိုင်းလုပ်ပီးသွားရင် စတစ်က အသေတပ်ထားရမှာလား
ပြန်ဖြုတ်ရမှာလား
ကျေးဇူးပြုပြီးရှင်းပြပေးပါဦး
ရပါတယ်အစ်ကို ။ usb stick ကိုတော့ တပ်ထားပေးမှ အဆင်ပြေပါလိမ့်မယ်ဗျာ။ ဘာကြောင့်လဲ ဆိုတော့ သူရဲ့ memory ကိုယူသုံးမှာမို့လို့ပါ။ ကျေးဇူးတင်ပါတယ်ဗျာ။
Delete