LG ရဲ့  ဒုတိယမြောက် ဓာတ်ပုံ ထုတ်စက်ဖြစ်တဲ့ Pocket Photo 2 ကို မိတ်ဆက်ပြသလိုက်ပြီ ဖြစ်ကြောင်း သိရ ပါတယ်။ စမတ်ဖုန်း အသုံးပြုသူ တိုင်း သွားလေရာ သယ်သွားနိုင်ပြီး ဓာတ်ပုံ အလွယ်တကူ ထုတ်နိုင်မယ့် အသေးစား စက်ကလေးတစ်လုံး ဖြစ်ပါတယ်။
အဝါနုရောင်၊ ပန်းရောင်၊ အလူမီနီယံရောင် အစရှိသဖြင့် အရောင်စုံ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ပထမ ဗားရှင်းထက် တိုးတက်ပြောင်းလဲ မှုတွေ အများကြီး ရှိပါတယ်။ အရွယ်ပိုပါးလာပြီး၊ ဘက်ထရီတစ်ခါသွင်းရုံနဲ့ ဓာတ်ပုံ အပုံ ၃၀ ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ပုံ အရည်အသွေးကလည်း 600 DPI တောင် ရှိပါတယ်။ Android, iOS နဲ့ Windows 8 မိုဘိုင်း OS သုံးဖုန်း များ အားလုံး အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ NFC နဲ့ Bluetooth အသုံးပြု နိုင် မှာ ဖြစ်ပါတယ်။ Android OS ဖုန်းတွေမှာဆိုရင် Pocket Photo app နဲ့ င်ပြီး Print မထုတ်ခင် ပုံကို edit လုပ်နိုင်အုံးမှာ ဖြစ်ပါတယ်။
ဓာတ်ပုံမှာ မင်ကိုအသုံးပြုမှာ မဟုတ်ပါဘူး။ ဓာတ်ပုံထုတ်မယ့် စာရွက်တွေ ထဲမှာ ဓာတုဓာတ်ပေါင်း တစ်မျိုး ပါရှိပြီး အပူချိန်နဲ့ အရောင်စုံ ထွက်စေ မှာ ဖြစ်ပါတယ်။ ဒီတော့မင်နဲ့ ထွက်တဲ့ ပုံနဲ့စာရင် ပိုလည်း အရည် အသွေး ကောင်းသလို၊ ပိုမိုလည်း တာရှည်ခံကြောင်း ဆိုပါတယ်။ ၂၀၁၄ ဇန်နဝါရီလမှာ ကျင်းပမယ့် CES မှာ တစ်ခါ ဝင်ပြသ ပြီးရင် ကမ္ဘာ့ဈေး ကွက် ဖြန့်ချိမယ့် Gadget ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm )
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)







0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။