Monday, December 30, 2013

LG က L Series II ဖုန်းများတွင် Knock Function ထည့်သွင်းပေးမည်



LG က Knock Feature ကို L Series II Smartphones များတွင် ထည့်သွင်းပေးမယ်လို့သိရပါတယ်။ LG G2 မှာ ပထမဆုံး စတင်မိတ်ဆက်ခဲ့တဲ့ Knock Feature ဟာ ဖုန်း မျက်နှာပြင် ကို Awake ပြုလုပ်ဖို့အတွက် ခလုတ် တွေ နှိပ်စရာမလိုဘဲ မျက်နှာပြင် ကို နှစ်ချက် နှိပ်ပေးရတာဖြစ်ပါတယ်။ ဖုန်း မျက်နှာပြင် ကို Sleep ပြုလုပ်ရန်အတွက်လည်း ခလုတ် တွေ နှိပ်စရာမလိုဘဲ မျက်နှာပြင် ကို နှစ်ချက်နှိပ်နိုင်ပါတယ်။ LG G2 မှာ Power Button က ဖုန်း ရဲ့အနောက်ဘက်မှာ ရှိတဲ့အတွက် အဲဒီ Feature ဟာ အသုံးဝင်ပါတယ်။

L Series II ဖုန်းများကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ မှာ Update ပြုလုပ်ပေးမှာဖြစ်ပါတယ်။ Knock Feature ဟာ LG G2 , ကွေးကောက်မျက်နှာပြင် ဖုန်းဖြစ်တဲ့ G Flex , LG G Pad 8.3 Tablet များမှာ အလွန်ရေပန်းစားတဲ့အတွက် အခြား ဖုန်း များ မှာလည်း တတ်နိုင်သလောက်ဖြည့်ဆည်းပေးချင်ပါတယ် လို့ LG ကပြောပါတယ်။ နောက်ထပ် အသစ်ထုတ်လုပ်မယ့် L Series II ဖုန်းများမှာ Knock ကို Pre-Installed အနေနဲ့ ထည့်သွင်းပေးမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ အင်ဂျင်နီယာ တွေဟာ ဖုန်းရဲ့ မျက်နှာပြင် ကို Power Button အဖြစ် အသွင်ပြောင်းလိုက်တာဖြစ်ပါတယ်။ ဒီလို Power Button ကို အသုံးချနိုင်တဲ့ နည်းကို ဘယ်သူ ကမှ မစဉ်းစားမိခဲ့ပါဘူး။ LG က အရင်ဦးဆုံး စတင် တီထွင်တာဖြစ်ပါတယ်။ “ လို့ LG ရဲ့ CEO ဖြစ်သူ Jong-seok Park ကပြောပါတယ်။

LG က သူ့ရဲ့ Premium Feature ကို တန်ဖိုးနည်းဖုန်းများမှာ ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။

Ref >>> Myanmar Digital Life Journal

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။