Hangouts က Google ရဲ့ Messenger ဖြစ်ပြီး မကြာမီက SMS ပါပေးပို့နိုင်တဲ့
Feature ထည့်သွင်းပေးလိုက်ပါတယ်။ သြဂုတ် လမှာ Google Talk နေရာမှာ
အစားထိုးခဲ့တာဖြစ်ပါတယ်။ Android Messenger တွေထဲမှာ လူသုံးများ နာမည်ကြီး
ပါတယ်။ ဒါပေမယ့် Hangouts မှာ လိုအပ်နေတဲ့အရာ က Widget ဖြစ်ပြီး Google က
အခုအချိန်ထိ ဖြည့်ဆည်းပေးခြင်းမရှိခဲ့ပါဘူး။
အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် Third-Party Hangouts Widget ကို XDA Developer တစ်ယောက်က ပြုလုပ်ပေးလိုက်ပါတယ်။ Widget ကနေ Messages ပေးပို့တာ၊ ကြည့်ရှုတာ ပြုလုပ်နိုင်ပါတယ်။ Widget ရဲ့ ပုံပန်းသွင်ပြင်က ရိုးရှင်းပြီး ကြည့်လို့ကောင်းပါတယ်။ Widget ရဲ့ အရွယ်အစားကို ပြောင်းလဲနိုင်တဲ့အတွက် Home Screen မှာ နေရာလွတ်တွေရရှိနိုင်ပါသေးတယ်။ တစ်ခုရှိတာ က အဲဒီ Widget ဟာ Android 4.3 နဲ့ သူ့အထက်မှာပဲ အလုပ်လုပ်နိုင်ပါတယ်။
သင့် မှာ Android 4.3 , 4.4 ဖုန်းတွေ ရှိရင် Google Play Store ကနေ အခမဲ့ ရယူနိုင်ပါတယ်။

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။