Monday, December 2, 2013

Google ၏ နောက်ဆုံးထွက်ရှိထားသည့်မိုဘိုင်း Operation System ဖြစ်သော Android 4.4 KitKat တွင် Unicode Font ပါဝင်လာပြီဖြစ်ကြောင်း သိရသည်။


မြန်မာစာယူနီကုဒ် Font များကို Windows, Mac OSX, Android, Linux အစရှိသည့် Operation System တို့တွင် Install ပြုလုပ်အသုံးပြုနိုင်ပြီဖြစ်သော်လည်း iOS Platform အတွက် ပါဝင်လာခြင်းမရှိသေးပေ။

ယခင်က Android 4.4 KitKat Version တွင် Unicode Font ကို  ပြုလုပ်မှ အသုံးပြု၍ရနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုမှတရားဝင် ပါဝင်လာခြင်းဖြစ်သည်။ Android 4.4 KitKat Version တွင် Myanmar Unicode ပါဝင်လာ ခြင်းနှင့်ပတ်သက်ပြီး “ Root လုပ်စရာမလိုတော့ဘူးပေါ့။ ပြီးတော့ Android apps ရေးရင် Myanmar Font အတွက် Zawgyi Font ကို app ထဲ ထည့်စရာမလိုတော့လို့ ကျုံ့သွားတာပေါ့။ သူတို့က Myanmar Font ဆိုတော့ Zawgyi Font မဟုတ်ဘဲ တခြား Unicode Font သုံးမယ်ဆိုရင် ရှိပြီးသား app တွေအတွက် Compatible ဖြစ်အောင် ပြန်ပြင်ရတော့မှာ” ဟု Developer တစ်ဦးဖြစ်သူ ကိုပြည့်ဖြိုးရှိန်က ဆိုသည်။

ယခုကဲ့သို့ Android 4.4 KitKat တွင် Myanmar Unicode တရားဝင် ပါဝင်လာခြင်းကြောင့်  Uicode အသုံးပြုလိုသူများအတွက် အဆင်ပြေလာမည်ဖြစ်ပြီး စတင်စမ်းသပ် သုံးစွဲသူများအတွက်မူ လက်ကွက် အခက်အခဲများ ဖြစ်ပေါ်နိုင်သည်ဟု သိရသည်။

credit >>> ယုဇနကိုကို (internet journal )

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
 Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။