
Samsung ကိုဆိုရင် Android OS ပဲမှီခိုနေရတယ်လို့ ထင်နေသူများအတွက် အပြောင်းအလဲ ဖြစ်သွားစေမယ့် သတင်း ဖြစ်ပါတယ်။ Samsung တို့ ကိုယ်ပိုင် OS သုံး စမတ်ဖုန်းများ ထုတ်ဖော်ပြသတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
၂၀၁၃ ဇန်နဝါရီလ CES ပွဲမှာ Samsung တို့ ကိုယ်တိုင်လုပ်ထားတဲ့ စမတ်ဖုန်း OS ဖြစ်တဲ့ Tizen ကို အသုံးပြုတဲ့ စမတ်ဖုန်း တစ်မျိုးကို ထုတ်ဖော် ပြသမှာ ဖြစ်ပါတယ်။ ယင်း Tizen ဟာ HTML 5 ကိုအခြေခံလို့ ရေးဆွဲထားတဲ့ OS ဖြစ်ပြီး ဂျပန် မိုဘိုင်းဆက်သွယ်ရေး ကုမ္မဏီ Docomo နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။
ယင်း OS ကို စမတ်ဖုန်းတင်မကပဲ၊ Tablet, ကွန်ပြူတာ၊ ကား အတွင်းထိန်း ချုပ်စနစ်၊ စမတ်တီဗီ အစရှိတဲ့ အီလက်ထရောနစ် ကုန်ပစ္စည်း တိုင်းမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Samsung Galaxy S4 ကို ထုတ်ဖော်ပြသခြင်း နဲ့အတူ Tizen OS သုံး ဖုန်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ သတင်းမီဒီယာများက အတည်ပြုပြောကြားတဲ့ သတင်း ဖြစ်ပြီး Tizen ကို မြင်တွေ့ရတေ့မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)
Aung Ko Htet
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။