ရေအောက်ကေဘယ်ဆက်ကြောင်းချို့ယွင်းမှုအား ပြည်သူသို့ အသိပေးခြင်း
မြန်မာတနိုင်ငံထဲမှာပဲဖြစ်နေတာ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
ပြည်ပဆက်ကြောင်းများ ချိတ်ဆက်သုံးစွဲထားသော SMW-3 ရေအောက်
ကေဘယ်ကုန်းတွင်းပိုင်းဆက်ကြောင်းသည် (10.10.2013) ရက်နေ့ ညနေ (5:15) နာရီ
တွင် ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သဖြင့် ပြည်ပနှင့် ချိတ်ဆက်ထားသော
ဆက်ကြောင်းအချို့ ပြတ်တောက်မှု ဖြစ်ပေါ်လျှက် ရှိပါသည်။
အဆိုပါ ချို့ယွင်းမှုကြောင့် အင်တာနက်သုံးစွဲမှု မြန်နှုန်းအနည်းငယ် နှေးကွေးသွားနိုင်မည်
ဖြစ်သော် လည်း ကုန်းတွင်းနယ်စပ် ဖြတ်ကျော်ဆက်ကြောင်းများမှ
ပြောင်းလဲချိတ်ဆက်ပေးထားမည်ဖြစ်သဖြင့် ပြည်ပနှင့် ဆက်သွယ်မှုများ ပုံမှန်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။
ချို့ယွင်းမှုကိုပြုပြင်ရန် (၇) ရက်
ခန့်ကြာမြင့်နိုင်မည် ဖြစ်ပြီး အမြန်ဆုံးပြန်လည်ကောင်းမွန်ရေးအတွက်
ပြုပြင်လျှက်ရှိပါကြောင်း အသိပေးအပ်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။