Monday, October 28, 2013

လူခေါင်းဖြတ်တဲ့ ပုံတွေ ဖေ့စ်ဘွတ်ခ် ပိတ်ထားရာက ပြန်တင်ခွင့်ပြု



လူမှု ကွန်ယက် ဝက်ဘ်ဆိုက် ဖေ့စ်ဘွတ်ခ်ဟာ ပြီးခဲ့တဲ့ မေလတုန်းက ယာယီ တားမြစ်ပိတ်ပင်ခဲ့တဲ့ လူခေါင်းဖြတ်တဲ့ ပုံတွေ အပါအဝင် ကြမ်းတမ်းတဲ့ မမြင်ဖွယ် ပုံတွေကို အွန်လိုင်း ဗီဒီယို အဖြစ် ပြန်တင်ခွင့် ပြုလိုက်ပါတယ်။

အဲဒီလို တင်ခွင့်ပြုတာဟာ ဒီလုပ်ရပ်ကို ရှုတ်ချဖို့ ဖြစ်တယ် ၊ ဒါမျိုးတွေကို ချီးမွှမ်း ထောပနာ ပြုဖို့ မဟုတ်ဘူးလို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။

အဲဒီလို ကြည့်ရှုဖို့ မတင့်တယ်တဲ့ ကြမ်းတမ်းတဲ့ ပုံတွေမှာ သတိပေးချက် ထည့်ရင်ကောင်းမလား ဆိုတာကို စဉ်းစားနေတယ်လို့လည်း သူတို့က ဆိုပါတယ်။

ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု တားမြစ်ရေး ပရဟိတ အဖွဲ့တွေနဲ့ အွန်လိုင်း လုံခြုံရေး အဖွဲ့တွေက ဝေဖန် ပြောဆိုမှု ထွက်လာခဲ့ပြီးတဲ့နောက် ဖေ့စ်ဘွတ်ခ် အခုလို သတိပေးချက် ထည့်သွင်းဖို့ စဉ်းစားချက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Childnet International ပရဟိတ အဖွဲ့ကြီးကတော့ ဒီဗီဒီယို ရုပ်ပုံတွေက ကြမ်းတမ်းပြီး လူတွေ မြင်ကွင်းပေါ် ရောက်မလာသင့်ဘူးလို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Thit Htoo Lwin - World News

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။