ဒီ software လေးကတော့ click တစ်ချက်နှစ်လိုက်တာနဲ့ Root လုပ်ချင်တဲ့ မိတ်ဆွေတွေအတွက်ပါ။
တကယ့်ကိုတစ် click တစ်ချက်တည်းပါ။ ဒါပေမဲ့ သတိထားစေချင်တာကတော့ ကိုယ် Root လုပ်ချင်တဲ့ phone ရဲ့ USB Driver ကိုတော့ computer မှာ Run ပေးထားရမှာပါ။ အဲ့လိုမှ အဆင်ပြေမှာပါ။ ကျွန်တော် Root tool တွေတင်ပေးတိုင်းသတိပေးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်ကိုယ်တိုင် driver မ run ပဲ software နဲ့ပဲ Root လုပ်တာ ခုနှစ်ရက်ကြာပါတယ်။ ပြီးတော့ phone မှာလည်း USB Debugging ကို on ထားပေးပြီး unknown sources ကို အမှန်တွေ on ပေးထားရမှာဖြစ်ပါတယ်။
ကျွမ်းကျင်ပညာရှင်အဆင့်မှာရှိကြတဲ့ ဆရာသမားတွေကိုတော့ မပြောပါဘူးနော်။ ကျွန်တော့်ကို ဘာမှ နားမလည်သေးဘဲ အခုမှစပြီးလေ့လာခါစ သူငယ်ချင်းတွေအတွက် သတိပေးလိုက်ရခြင်းဖြစ်ပါတယ်ဗျာ။
ဒီ software လေးက ဘယ် phone တွေကို support လုပ်ပေးထားလဲဆိုတာကိုတော့ အောက်က link လေးကိုနှိပ်ပြီး လေ့လာနိုင်ပါတယ်။
Root Tool software အတွက်တော့ အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။
credit to >>>> MM IT Helper
အားလုံးအဆင်ပြေကြပါစေဗျာ။
Aung Ko Htet (IT Studier)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။