Saturday, September 28, 2013

facebook လော့ကျတာနှင့်  hack ခံရသောအကောင့် အားပြန်ယူနည်း

facebook လော့ ကျသွားလို့ စိတ်ညစ်နေလား .......? စိတ်မညစ်ပါနဲ့  တကယ်တော့ လတ်တလောပြောင်းလဲသွားတဲ့ policy တွေကြောင့် facebook ကလုံခြုံရေးတွေကိုတိုးမြှင့် ပြီးတင်းတင်းကျပ်ကျပ်ကိုင်တွယ်လိုက်တော့ အားလုံးအနည်းနဲ့ အများဒုက္ခရောက်ရ
တာပါ။ဒီနေရာမှာ လော့ ကျ တဲ့ အကောင့် ဖြစ်ဖြစ် hack ခံရတဲ့ အကောင့် ဖြစ်ဖြစ်ပြန်လည်ရယူနိုင်မဲ့ နည်းလမ်းကောင်းလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
မိမိတို့ အကောင့် ကိုပြန်ယူမယ်ဆိုရင်ဒီနည်းလမ်းလေးကိုသုံးပါခင်ဗျာ။password ပြောင်းပေးရမှာဖြစ်ပါတယ်။
ပြီးတော့ security မေးခွန်းကိုသေသေချာချာမှတ်ထားပေးရင်အဆင်ပြေပါပြီ။ဒီနေ့ နံက်မှာကျွန်တော်အကောင့်နှစ်ခုကို
စမ်းသပ်ခဲ့ ပါတယ် အကောင့် တစ်ခုကတော့ ရပါတယ် ။နောက်အကောင့် တစ်ခု က facebook က နောက်တစ်နည်းနဲ့ လုပ်ရမှာဖြစ်လို့ အဲဒီနည်းလမ်းကိုနောက်မှဆက်ပြီးရေးပေးပါမယ်ခင်ဗျာ။100% နှုန်း working ပါ။အားလုံးပဲဆင်ပြေပါစေဗျာ။


(အဆင့် -၁)   http://www.facebook.com/hacked  ကိုသွားပါ

(အဆင့် -၂)  အဲဒီ page ကိုရောက်တာနဲ့ အနီနဲ့ ဝိုင်းထားတဲ့ နေရာကိုနိပ်ပါ။


(အဆင့် -၃ ) facebook အကောင့် ဆောက်ထားတဲ့ email ဖြစ်ဖြစ် phone နံပါတ်ဖြစ်ဖြစ်ပေးပါ။ပြီးရင် SEARCH ကိုနိပ်ပါ။

(အဆင့် -၄) အီးမေးနှင့် PASSWORD အဟောင်းကိုပေးပြီး CONTINUE ကိုနိပ်ပါ။


(အဆင့် -၅) password အသစ်ကိုနှစ်ခါရိုက်ပေးပါ။ပြီးရင် continue
(အဆင့် -၆ ) continue ကိုနိပ်ပါ။
(အဆင့် -၇) ဒီနေရာမှာsecurity မေးခွန်းမေးပြီးတော့ အဖြေပေးပါသေသေချာချာမှတ်ထားပါ။

(အဆင့် -၈) ဒီနေရာမှာ login ကိုနိပ်ပါ

(အဆင့် -၉ )   continue ကိုနိပ်ပါ

(အဆင့် -၁၀ ) ပေးထားတဲ့ စါသားတွေ့ဖြည့် ပါ
(အဆင့် -၁၁ ) ဖုန်းနံပါတ်ထည့် ပါ။



ဒီအဆင့် မှာတော့ မိမိတို့ ဖုန်းထဲကိုရောက်လာတဲ့ message ကိုကြည့် ပြီးရလာတဲ့ ကုဒ်နံပါတ်များကို confirm အကွက်ထဲမှာထည့် ပေးလိုက်ပါ။သင့် အကောင့် အားပြန်လည်ရယူနိုင်ပါပြီခင်ဗျာ။




facebook passwordမေ့ သွားပါကပြန်ယူနည်းကိုဆက်လက်လေ့ လာလိုပါက ဒီမှာ ဝင်ဖတ် ပါ။


facebook နှင့် ပက်သက်တာလေးတွေ ဆက်လက်ဖတ်ရှု့ ချင်သေးရင် ဒီမှာ ဝင်ဖတ် ပါ




အသစ်တင်တိုင်း facebook ကနေစောင့် ဖတ်မယ်ဆိုရင် 
ဒီမှာ like လုပ်ပေးပါ။



စိုင်းသူ

2 comments:

  1. ညန်မာကျီကနေဖုန်းမရလို.ချိတ်ညစ်တွားပါတယ်..ကျေးဂျူးအညားကြီးတင်ပါတယ်အူးအူးရေ..
    တားတားတို. ဒီဆိုက်ဒ်လေးကိုအမြဲဝင်ဖတ်ပါတယ်.. အူးအူးကျန်းမာပါစေ....

    ReplyDelete
  2. ကျေးဇူးပါပဲ

    ReplyDelete

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။