Monday, August 26, 2013

Application manager porversion III (App 2 SD card ) version 3.18 APK


  အရင်အခေါက်တွေတုန်းကလည်း ဒီ app လေးကို ကျွန်တော်တင်ပေးဖူးပါတယ်။ တော်တော်များများသော
ဒုက္ခရောက်နေကြတာက ကိုယ့်ဖုန်း memory ထဲမှာ memory ကပြည့်သွားလို့ ဖုန်းရဲ့ notification bar မှာ
တြိဂံပုံလေးပေါ်နေပြီး application တွေကို install လုပ်လို့မရတော့တဲ့အခါတွေမှာ အပြင် external SD card
ထဲကို ပြောင်းပြီးထည့်လိုက်ရင် အဆင်ပြေသွားကြတာကို တွေ့ရပါတယ်ဗျာ။ ဒါပေမဲ့ အချို့ဖုန်းတွေမှာတော့
အခုလိုပြောင်းဖို့အတွက် application manager ထဲမှာတောင်မပါဘူးဆိုတော့ အခက်တွေ့ရတာပေါ့။ အဲဒီအခါမှာ
ကိုယ် အရမ်းကြိုက်တဲ့ application လေးတွေ game လေးတွေကို ဖျက်ပြစ်ပြီး နောက် install လုပ်ချင်တာလေး
ကို စိတ်မသက်မသာနဲ့ လုပ်လိုက်ရတာလေးတွေကို ကြုံဖူးကြမှာပါ။ အခုတော့ အဲဒီ ဒုက္ခတွေကို မကြုံရအောင်လို့
ဒီ application လေးက ကူညီပေးပါလိမ့်မယ်။ ဒီကောင်လေးကို install လုပ်ပြီး ကိုယ်ပြောင်းချင်တဲ့ application
တွေကို phone memory ထဲကနေ external SD card ထဲကို ပြောင်းလဲလို့ရပြီလို့ထင်ပါတယ်ဗျာ။ တစ်ခြား
feature တွေအနေနဲ့ကတော့ ကိုယ်အသုံးမပြုချင်တဲ့ application တွေကိုလည်း uninstalling လုပ်ပေးနိုင်တဲ့အပြင်
application တွေကိုလည်း သူငယ်ချင်းတွေဆီကို bluetooth နဲ့ share နိုင်အောင်လို့ ကူညီပေးပါလိမ့်အုံးမယ်ဗျာ။ ဒီ app
လေးကိုတော့ android version 2.2 နဲ့အထက်မှာ ရှိတဲ့ android ပိုင်ရှင်တွေအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဗျာ။


အောက်က link ကနေ download လုပ်နိုင်ပါတယ်ဗျာ။ 


အားလုံးအဆင်ပြေကြပါစေဗျာ။ 

Aung Ko Htet (IT Studier)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။