အဲဒါကတော့ multi-view apps ပဲဖြစ်ပါတယ်ဗျာ။ သူက screen တစ်ခုတည်းမှာ program နှစ်ခုကို တစ်ပြိုင်တည်း ကြည့်ရှုနိုင်တာပဲဖြစ်ပါတယ်ဗျာ။ အဲဒီ function လေးကို ရရှိအောင် လုပ်ပုံလုပ်နည်းလေးကို ပြောပြပါ့မယ်ဗျာ။
- ပထမဦးဆုံးအနေနဲ့ Home Screen ကိုသွားလိုက်ပါ။
- ပြီးရင်တော့ Setting ထဲကနေ My device ဆိုတာကိုရွေးလိုက်ပါဗျာ။
- My device ထဲကနေ display ထဲကိုဝင်လိုက်ပါ။
- အဲဒီထဲကနေ multi window ဆိုတာကိုရွေးပေးလိုက်ပါ။ အဲလိုရွေးပေးလိုက်ရင် multi window function လေးကိုအသုံးပြုလို့ရသွားပါပြီဗျာ။
သူ့ကိုအသုံးပြုပုံလေးကတော့
- Home screen ကိုသွားပြီး multimedia drawer လေးကိုဆွဲလိုက်ပါ။
- အဲဒီ drawer ထဲမှာ multi-view ကိုအသုံးပြုနိုင်တဲ့ function တွေပါဝင်တာကိုတွေ့ရမှာပါ။
- အဲလိုတွေ့ရပြီဆိုရင်တော့ မိမိအသုံးပြုလိုတဲ့ function တွေကိုနှိပ်ပြီး drag ဆွဲကာ phone screen ပေါ်ကိုတင်ပေးလိုက်ပါ။
- ပြီးရင်နောက်ထပ်ကြည့်ချင်သေးတဲ့ function ကိုလည်း နှိပ်ပြီး drag ဆွဲကာ ပထမ function ရဲ့ အပေါ် (သို့) အောက်ကို ဆွဲတင်ပေးလိုက်ပါ။
- ကဲဒါဆိုရင်တော့ application နှစ်ခုကို screen တစ်ခုတည်းပေါ်မှာကြည့်လို့ရပြီပေါ့ဗျာ။
- ပြီးရင် application နှစ်ခုကို ပိုင်းခြားထားတဲ့ bar လေးကိုအသုံးပြုပြီး application နှစ်ခုရဲ့ size ကို ချုံ့၊ ချဲ့ပြီး ကြည့်နိုင်ပါတယ်။
မှတ်ချက်။ ။ Application အားလုံးအသုံးပြုလို့မရနိုင်ပါ။ သူ့ရဲ့ multi- view drawer ထဲမှာပါတဲ့ function တွေလောက်ပဲအသုံးပြုလို့ရမှာဖြစ်ပါတယ်။
ဒါကတော့ ကျွန်တော်လေ့လာမိသလောက်လေးပြန်ပြီးတင်ပြပေးလိုက်တာပါဗျာ။
အားလုံးအဆင်ပြေကြပါစေဗျာ။
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။