Aung Ko Htet (MM IT Knowledge)
Sony Xperia M Smart phone မှ ယခုအခါ official android version 4.3 jelly bean ကို မြှင့်တင်ခွင့်ပေးလိုက်ပြီဖြစ်တဲ့အတွက် Xperia M smartphone ကိုင်ဆောင်ထားတဲ့ customer များအနေနဲ့ 4.3 jelly bean ရဲ့ feature အစုံအလင်ကို အသုံးပြုခွင့်ရတော့မှာဖြစ်ပါတယ်။
အခုထုတ်ပေးလိုက်တဲ့ version အသစ်ကြောင့် Sony Xperia M ကို အသုံးပြုနေကြတဲ့ user တွေအနေနဲ့ camera interface ရဲ့ကောင်းမွန်ထူးခြားတဲ့တဲ့အချက်တစ်ချက်အဖြစ် camera ရိုက်တဲ့အခါ အလိုအလျောက် ရိုက်ပေးမဲ့ auto shooting modes ကို ရရှိနိုင်မှာဖြစ်ပါတယ်။ Sony Xperia M အတွက် version အသစ်ရဲ့ထူးခြားချက်နောက်တစ်ခုက battery ခံနိုင်အားကလည်း နောက်ဆုံး percentage ရောက်သည့်တိုင်အောင် ကြာရှည်ခံနေအုံးမှာဖြစ်ပါတယ်။
Sony Xperia M အတွက် နောက်ဆုံးထုတ်ပေးလိုက်တဲ့ Android version ကြောင့် အသုံးပြုတဲ့ user တွေအနေနဲ့ security features , user interface နဲ့graphics တို့အပြင် sony ရဲ့ multimedia app တွေဖြစ်ကြတဲ့ Walkman, Album နဲ့ movies တွေဟာလည်း အသစ်ပုံစံမျိုးတွေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ယခုအချိန်မှာတော့ ၄င်း version အသစ်ကို ဥရောပ နဲ့ အာရှ တွေမှာ အသုံးပြုနိုင်အောင် ထုတ်ပေးထားပြီဖြစ်တဲ့အတွက် အသုံးပြုလိုသူများအနေဖြင့်Settings > About phone > Software updates > System updates တို့တွင်သွားရောက် update လုပ်နိုင်ပြီဖြစ်ပါတယ်။ အဲ့လိုမှ မဟုတ်ပဲ မိမိဘာသာမိမိfirmware ကို download စွဲပြီး လည်း update ပြန်တင်နိုင်ပါတယ်။
Ref: Arena
Translate By Aung Ko Htet
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။