Singapore Institute of Management (SIM) ၏ Diploma in Management Studies ဘာသာရပ်အတွက် ဧပြီလ ကျောင်းဖွင့်ချိန် အတွက် Application လက်ခံသည့် ရက်ကို ဇန်န၀ါရီလ ၂၄ရက်အထိ တိုးမြှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းဖွင့်ချိန် အတွက် STUDY ABROAD မှ ဇန်နဝါရီလ ၂၂ ရက် နောက်ဆုံးထားပြီး ကျောင်းလျှောက်ထားပါက စင်ကာပူ ဒေါ်လာ ၁၅၀ တန်ဖိုးရှိ Meet & Greet Service ကို ရရှိနိုင်မည် ဖြစ်သည်။ Meet & Greet Service Serviceဆိုသည်မှာ လေဆိပ်တွင် လာရောက် ကြိုဆိုပေးပြီး လိုအပ်တဲ့ ဝန်ဆောင်မှုများကို ပေးအပ်သော အစီအစဉ် ဖြစ်သည်။ ၎င်းဝန်ဆောင်မှုကို ပထမဦးဆုံး လျှောက်ထားသူ ၅ဦး အား ရရှိနိုင်ရန်အတွက် သတ်မှတ်ထားမည် ဖြစ်သည်။ Application ပိတ်ချိန်စောသော SIM မှာ မူလက ဧပြီလ ကျောင်းဖွင့်ချိန်အတွက် ဇန်နဝါရီလ ၁၇ ရက် နောက်ဆုံးထားပြီး ကျောင်းလျှောက်ရန် သတ်မှတ်ထား ရာမှ ထပ်မံလျှောက်ထားလိုသည့် ကျောင်းသူ၊ ကျောင်းသားများ အဆင်ပြေစေရန် ရည်ရွယ်ပြီး ဇန်နဝါရီလ ၂၄ ရက်အ ထိ Application ပိတ်ရက်ကို ထပ်မံ တိုးပေးခဲ့ခြင်း ဖြစ်သည်။
SIM တွင် တစ်နှစ်လျှင် ကျောင်းဖွင့်ချိန် ၄ ခုပေးထားရာ ဧပြီလ ကျောင်းဖွင့်ချိန်မှာ ဒုတိယမြောက် ကျောင်းဖွင့်ချိန်ဖြစ်ပြီး Diploma in Management Studies (DMS) ကို ၁၈ လ တက်ရောက်ရမည် ဖြစ်ကာ Business နှင့် ဆက်နွယ်သည့် Modules (15) ခုကို သင်ယူနိုင်မည် ဖြစ်သည်။ Diploma 18 လပြီးပါက SIM နှင့် ချိတ်ဆက်ထားသည့် Partner Universities တို့မှ ပေးအပ်သည့် Bachelor Degree တို့ကို ထပ်မံ ရယူနိုင်မည် ဖြစ်သည်။
လျှောက်ထားလိုသော ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် STUDY ABROAD Information Centre ဒိုင်းမွန်းကွန်ဒို၊ တိုက် (အေ)၊ (၁၁ လွှာ)၊ ပြည်လမ်း၊ ကမာရွတ်မြို့ နယ်၊ ဖုန်း-၀၉-၅၁၅၁၀၀၈ နှင့် ၀၉-၇၃၂၄၂၄၀၄ တို့တွင် မေးမြန်းနိုင် သည်။
Credit>>> Internet Journal
Aung Ko Htet
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။