နည်းပညာ အသုံးအဆောင်အဖြစ် စမတ်လက်ပတ်နာရီ (Smart Watch)များကို
အပြိုင်တီထွင်နေချိန်တွင် အိန္ဒိယ နိုင်ငံမှ ပညာရှင် တစ်ဦးက ယင်းထက်ပို၍
ကျစ်လစ်သေးငယ်သည့် နည်းပညာ အဆင်တန်ဆာ တစ်ခုကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်
ခန္ဓာကိုယ်တွင် ဝတ်ဆင်နိုင်သည့် နည်းပညာ အသုံးအဆောင်အဖြစ် စမတ်လက်ပတ်နာရီ (Smart Watch)များကို အပြိုင်တီထွင်နေချိန်တွင် အိန္ဒိယ နိုင်ငံမှ ပညာရှင် တစ်ဦးက ယင်းထက်ပို၍ ကျစ်လစ်သေးငယ်သည့် နည်းပညာ အဆင်တန်ဆာ တစ်ခုကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ စမတ်တီလက်စွပ် (Smarty Ring)ဟု အမည်ပေးထားသည့် ယင်းကိရိယာလေးကို လက်စွပ်သဏ္ဍန် ဖန်တီးထားပြီး စမတ်ဖုန်းနှင့် ချိတ်ဆက်နိုင်အောင် တီထွင်ထားသည်။ လက်စွပ်တွင် LED Screenတစ်ခု ပါဝင်ပြီး အချိန်၊ Email အဝင်အထွက်နှင့် အခြားသော Notificationများကို ဖော်ပြပေးနိုင်မည်ဟု သိရသည်။ ထို့အပြင် ဖုန်းဖြင့် သီချင်းဖွင့်ထားသည်ကို အရွှေ့အပြောင်း ပြုလုပ်နိုင်သလို ဖုန်းဖြေဆိုရန် အတွက်ပါ လက်စွပ်မှတစ်ဆင့် ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ယင်းလက်စွပ်နှင့် စမတ်ဖုန်းတို့ကို Bluetoothဖြင့် ချိတ်ဆက်နိုင်မည်ဟု ဆိုသည်။
လက်စွပ်သည် စမတ်ဖုန်းကို သူခိုးခိုးခံရခြင်းမျိုးမှ အကာအကွယ် ပေးနိုင်မည့် စနစ်ကိုလည်း ထည့်သွင်းထားသည်။ အကယ်၍ လက်စွပ်နှင့် ချိတ်ဆက်ထားသည့် စမတ်ဖုန်းက ပေ(၃၀)ထက် ဝေးကွာသွားပါက အသံမြည် အချက်ပေးမည့် စနစ်မျိုး ပါဝင်နေကြောင်းလည်း သိရသည်။ ဈေးကွက်ထဲတွင် စမတ်လက်ပတ်နာရီများ အပြိုင်အဆိုင် တီထွင်ရောင်းချနေချိန်တွင် Smarty Ringက ကွဲပြားသော နယ်ပယ်တစ်ခုမှ ချဉ်းကပ်လာခြင်း ဖြစ်သည်။ လက်စွပ်၏ LED Screenသည် Facebookနှင့် Twitterကဲ့သို့ Social Mediaများမှ Notificationများကိုပါ ဖော်ပြပေးနေမည်ဟု ဆိုသည်။
အဆိုပါ လက်စွပ်ကလေးကို ချန်နိုင်းမှ အင်ဂျင်နီယာ အာရှော့ခ်ကူမာက တီထွင်ခဲ့ခြင်း ဖြစ်သည်။ ကူမာသည် Indiegogo အမည်ရှိ ရန်ပုံငွေ အစီအစဉ် တစ်ရပ်ကို အကောင်အထည်ဖော်ကာ နည်းပညာမြင့် Gadgetလေးအတွက် အထောက်အပံ့ ဒေါ်လာ (၄၀၀၀၀)မျှ ရရှိအောင် ကြိုးစားခဲ့သည်။ သို့သော်လည်း ရည်မှန်းချက် ပြည့်မီရုံမျှမက ရန်ပုံငွေ ပမာဏ ဒေါ်လာ (၃၀၀၀၀၀)ပင် ကျော်သွားပြီဟု သိရသည်။ အဆိုပါ ဖုန်းလေးတွင် Bluetooth 4.0 အာရုံခံစနစ်ကို တပ်ဆင်ထားပြီး Androidနှင့် iOSတို့ကို အသုံးပြုထားသည့် မည်သည့်ကိရိယာနှင့်မဆို ချိတ်ဆက်နိုင်မည် ဖြစ်သည်။ ယင်းချိတ်ဆက်မှုအတွက် Smarty Ring Appကို သီးခြားသွင်းပေးရန်လည်း လိုအပ်သည်။
Appကို အသုံးပြုပြီး Smarty Ring၏ Profile၊ အသုံးပြုသည့် နေရာဒေသ၏ အချိန်ဇုန် အစရှိသည်တို့ကို ပြောင်းလဲနိုင်သည်။ လက်စွပ်၏ LEDသည် Notification တစ်ခုခုကို ပြသစရာ မရှိသည့်အခါ အချိန်ကို ဖော်ပြပေးနေမည် ဖြစ်သည်။ အဆိုပါ နာရီတွင် Stopwatch၊ Countdown Timerနှင့် Alarmစနစ်များပါ ထည့်သွင်းပေးထားသည်။ ယင်းလက်စွပ်လေးများကို လာမည့်နှစ်၊ ဧပြီလတွင် စတင်ရောင်းချမည်ဖြစ်ပြီး (၂၇၅)ဒေါ်လာ ဈေးနှုန်းကျသင့်မည်ဟု သိရသည်။ အကယ်၍ ကူမာ၏ အစီအစဉ်တွင် ပါဝင်ထောက်ခံဖူးသည် ဆိုပါကမူ (၁၇၅)ဒေါ်လာ လျှော့ဈေးဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။ လက်စွပ်ထဲတွင် ကွေးညွတ်နိုင်သည့် 22mAh ဘက်ထရီ ထည့်သွင်းထားပြီး (၂၄)နာရီဆက်တိုက် အသုံးခံမည်ဟု ကူမာက အာမခံထားသည်။ ထို့နောက်တွင်မူ Wireless စနစ်သုံး အောက်ခံခုံငယ် တစ်ခုဖြင့် ပြန်လည် အားသွင်းနိုင်မည်ဟုလည်း သိရှိရသည်။
Planet Myanmar Network

Credit >>> ကိုဝင်း
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။