Tizen Mobile OS မောင်းနှင်လည်ပတ်မယ့် စမတ်ဖုန်းတွေကို ၂၀၁၄ ခုနှစ်
ဖေဖော်ဝါရီလ မှာပြုလုပ်မယ့် Mobile World Congress မှာ ထုတ်ဖော်ပြသမယ်လို့
Samsung နဲ့ Intel က ထုတ်ဖော်ပြောဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် Mobile World
Congress မှာ စတင်အကောင်အထည်ဖော်ခဲ့တဲ့ Tizen စီမံကိန်း မှ ထွက်ပေါ်လာတဲ့
Tizen ဖုန်းတွေရဲ့ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ပထမဆုံး Tizen စမတ်ဖုန်းကို ၂၀၁၃ ခုနှစ်မှာ ထုတ်ဖော်ပြသဖို့ရည်ရွယ်ထားပေမယ့် နှောင့်နှေးပြီး ၂၀၁၄ ခှုနှစ်မှာမှ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ Tizen ဖုန်းတွေရဲ့နာမည်တွေကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။
Tizen OS ဟာ ၂၀၁၃ ခုနှစ် အစောပိုင်းမှာ Mozilla က ထုတ်ဖော်ပြသခဲ့တဲ့ Firefox OS လိုပဲ Android နဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ Tizen ဟာ Linux ကို အခြေခံပြီးပြုလုပ်ထားတာဖြစ်ပြီး Samsung NX2000 , NX300 Camera များမှာ ထည့်သွင်းထားပါတယ်။ Tizen OS ဟာ Company များစွာ မှ ပူးပေါင်းပါဝင်ခဲ့တဲ့အတွက် တစ်နှစ်ခွဲကျော်ကာလအတွင်းမှာ များစွာတိုးတက်လာပါတယ်။ မကြာမီက လည်း Samsung က သူ့ရဲ့ Bada Project ကို Tizen Project နဲ့ ပူးပေါင်းခဲ့ပါတယ်။
Tizen ဖုန်းတွေရဲ့ ဒီဇိုင်းနဲ့ Specifications တွေကိုတော့ Samsung က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ Tizen ဖုန်းတွေကို အကောင်းဆုံး Specification တွေထည့်သွင်းပြုလုပ်ထားပါတယ်လို့ Samsung မှ Executive Vice-President ဖြစ်သူ Lee Young Hee က ပြောပါတယ်။
Tizen ကိုအသုံးပြုထားတဲ့ Galaxy S4 ကို စက်တင်ဘာလတုန်းက ထုတ်ဖော်ပြသခဲ့ဖူးပါတယ်။ User Interface က ရိုးရှင်းပြီး Windows Phone နဲ့ဆင်တူပါတယ်။ အရောင်ရင့်ရင့်တွေကို အသုံးပြုထားတာက iOS 7 နဲ့ဆင်တူနေပါတယ်။
၂၀၁၄ မှာ ထုတ်ဖော်ပြသမယ့် Tizen Handsets များမှာ Tizen 2.2.1 ကို အသုံးပြုမှာဖြစ်ပါတယ်။ ဒါပေမယ့် Samsung က ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ ထုတ်ဖော်ပြသဖို့ Tizen 3.0 ကိုလည်း ပြုလုပ်နေပြီး Multi-User Accounts အသုံးပြုနိုင်မယ့် Feature ကိုထည့်သွင်းမယ်လို့မျှော်လင့်ရသလို Intel ရဲ့ 64-bit Architecture Chipset ကိုအသုံးပြုမှာဖြစ်ပါတယ်။ 3D Graphics Engine အသစ်ကိုထည့်သွင်းမယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
Tizen OS Smartphone ရဲ့ နမူနာ ပုံစံ ကို ၂၀၁၂ ခုနှစ် က ပြသခဲ့ဖူးပြီး အောက်က YouTube Video မှာလေ့လာနိုင်ပါတယ်။
https://www.youtube.com/watch?v=rJ1y7CpIaVA

0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။