မြန်မာ့ဆက်သွယ်ရေးရဲ့ GSM/CDMA ဖုန်းတွေကို ကိုင်ဆောင်နေတဲ့ Android ဖုန်းပိုင် ရှင်တွေ အတွက် အသုံးဝင်မယ့် Android ဖုန်းဆော့ဝဲလေးတစ်ခုထပ်မံရေးသားပေး လိုက်ပါတယ်။ ဒီ application ကိုတော့ MPT Bill Check လို့နာမည်ပေးထားပါတယ်။ ဖုန်း Bill ဘယ်လောက် ကျန်သေးလဲဆိုတာကိုစစ်ပေးမယ့် ဆော့ဝဲဖြစ်ပါတယ်။ အခြားသော ဖုန်း Bill စစ်တဲ့ဆော့ ၀ဲတွေနဲ့မတူတဲ့အချက်က ဒီဆော့ဝဲလေးရဲ့ icon ကိုနှိပ်လိုက်တာနဲ့ ဆော့ဝဲက ဖုန်း Bill ဘယ်လောက်ကျန်သေးတယ်ဆိုတာကိုပြသပေးမှာဖြစ်ပါတယ်။
ဆာ့ဝဲထဲတောင်ဝင်ပြီး ခလုတ်နှိပ်စရာမလိုပါဘူး ။ MPT Bill Check နဲ့ ဖုန်း Bill စစ်ပြီးသွား တာနဲ့ ဖုန်းရဲ့ Home Screen ပေါ်မှာလည်း နောင်အခါ Bill အလွယ်တကူစစ်လို့ရအောင် Shortcut icon လေး တစ်ခုပါတစ်ခါတည်းဖန်တီးပေးမှာပါ ။ မြန်မာ့ဆက်သွယ်ရေးထုတ် GSM/CDMA တွေအားလုံးမှာ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ပါမယ်။ Android version 2.2 နှင့်အ ထက်ဖုန်းတိုင်းမှာ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ပါမယ်။MPT Bill Check for Android သည် Myanmar Mobile App Store (www.myanmarmobileapp.com) ရဲ့ Software Product တစ်ခုဖြစ်ပါတယ်။ MPT Bill Check for Android ကိုအောက်က link များမှာရယူနိုင်ကြပါပြီ။
အောက်က link ကနေ download လုပ်နိုင်ပါပြီ။
Download Here
Credit>>> myanmar mobile app
Facebook မှာ လည်း like လုပ်ပေးအုံးနော်..... အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။