Wednesday, December 18, 2013

Lucky Draw Application (free version)



ကျွန်တော်ရှာရင်း ဖွေရင်းနဲ့တွေ့ရှိတဲ့ apk လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ မြန်မာ apk လေးတစ်ခုပါပဲဗျာ။ Review ကိုတော့အောက်မှာ လေ့လာနိုင်ပါတယ်။ Apk ကိုတော့ free version တင်ပေးထားပါတယ်။ ဒါပေမဲ့ ဒီ free version မှာတော့ အနည်းငယ်လိုအပ်တာတွေရှိပါတယ်။ ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံ လိုချင်တယ်ဆိုရင်တော့ ဒီ apk လေးကို ၀ယ်ရမှာဖြစ်ပါတယ်။ အောက်ဆုံးမှာ full version ရနိုင်တဲ့ ဆိုင်တွေရဲ့ လိပ်စာတွေကိုထည့်ပေးထားပါတယ်။

ယခုအခါ ပြည်တွင်း၌ ၀န်ဆောင်မှုနှင့် အေ၇ာင်းလုပ်ငန်းများ ပိုမို ကျယ်ပြန့်စွာ ထွန်းကားလာသည်နှင့်အမျှ မိမိဆိုင် (သို့မဟုတ်) လုပ်ငန်းအား ပိုမို သိစေရန် ပိုမိုဝယ်ယူအားကောင်းစေရန်အတွက် နည်းမျိုးစုံဖြင့်စွဲဆောင်လာကြပါသည်။ ထို့ကြောင့် လက်လီရောင်းချသော ဆိုင်များ၊ ၀န်ဆောင်မှုပေးသော လုပ်ငန်းများတွင် promotion အနေဖြင့် ကံစမ်းမဲဖောက်၍ customer ကို စွဲဆောင်တတ် ကြပါသည်။ ထိုသို့ အရောင်းမြှင့်တင်ရာတွင် ကံစမ်းမဲ ဖောက်ခြင်းအတွက် လွယ်ကူ၍ ခေတ်မီသော နည်းပညာတစ်ခုအဖြစ် mobile မှ နှိပ်၍ ကံစမ်းမဲဖောက်နိုင်သော application တစ်ခုဖြစ်ပါသည်။
ယခု application သည် ၀ယ်ယူသူများ အတွက် အလွန် စွဲဆောင်နိုင်သာ ဒီဇိုင်း နှင့် အလုပ်လုပ်ပုံမှာလည်း သေသပ် တိကျလှပါတယ်။ မဲဖောက်ရာတွက် လည်း သာမန် random ၇ယူလိုက်ခြင်းမျိုးမဟုတ်ပဲ အမှန်တကယ် မဲဖောက်သောအခါ ပြုလုပ်သော အဆင့်များအတွင် မဲများအားလုံးကို အရေအတွက်အလိုက် ထည့်ခြင်း၊ မဲမွှေခြင်း၊ မဲနှိုက်ခြင်း အဆင့်ဆင့်ကို  လက်တွေ့ကျကျ ထည့်သွင်းရေးသားထားပါသည်။
မဲကို ထည့်သွင်းထိန်းချုပ်ခြင်းအနေဖြင့်လည်း user ၏လိုအပ်ချက် များကို အမှန်တကယ် ရွေးချယ်ထည့်သွင်းထားခြင်းဖြစ်ပါတယ်။
မဲများကို ထည့်သွင်းရာတွင် မဲပစ္စည်း၏ ပုံကိုလည်း camera ဖြင့်သော်လည်းကောင်း၊ gallery မှတဆင့်သော်လည်းကောင်း ရယူထည့်သွင်း နိုင်သည်။
မဲများကို ထည့်သွင်းပြီး နောက် မှားယွင်းသွားပါကလည်း ပြန်လည်ပြင်ဆင်နိုင်ပါသည်။ သို့သော် မဲနှိုက်ပြီးနောက်တွင်မှု မဲကို ပြုပြင်ပြောင်းလဲခွင့်မပေးထားပါ။ ထို့ကြောင့်လည်း မဲနှိုက်သူများအတွက် ပိုမို ယုံကြည်မှုရှိစေပါသည်။
ကံစမ်းမဲပေါက်သော အရေအတွက် ၊လက်ကျန်များကိုလည်း တစ်ခုချင်းစီ သိရှိနိုင်သလို၊ ထိုအခြေအနေများကို အထက်သို့ အကြောင်းကြားခြင်း ပြုလုပ်နိုင်ရန်အတွက် SMS မှတဆင့် ပေးပို့ခြင်း စနစ်ကို တည်ဆောက်ပေးထားပါသည်။
မဲစာရင်းကို ထည့်သွင်း တည်းဖြတ်ခြင်းကို ကြီးကြပ်သူမှအပ ကိုင်တွယ်ပြုပြင်ခြင်းမရှိစ၇န် မဲစာရင်းcenter သို့ဝင်ရောက်ရာတွင် password လိုအပ်မည်ဖြစ်ပါသည်။ ကနဦး buildin password မှ 12345 ဖြစ်ပြီး ထို password ဖြင့်ဝင်ရောက်၍ မိမိစိတ်ကြိုက် password ပေး၍ ရပါသည်။
ယခု version မှာ free version အမျိုးအစားဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာ ရယူအသုံးပြုနိုင်ကြပါသည်။သို့ရာတွင် ထို version တွင် ကန့်သတ်ချက် အနည်းငယ်ရှိပါသည်။ ထိုကန့်သတ်ချက် များမှာ မဲအမျိုးအစား ၅ မျိုးအထိသာ ထည့်သွင်းနိုင်ခြင်း၊ မဲအရေတွက် တစ်ခုချင်းစီအလိုက် ၂၀ အထိသာခွင့်ပြုထားခြင်းဖြစ်ပါတယ်။ ထိုကန့်သတ်ချက်များကို ကျော်လွန်သုံးစွဲလိုပါက activate လုပ်ရန်လိုအပ်ပြီး activate လုပ်လိုပါက အောက်ပါ link ကို နှိပ်ပြီး ကျွန်ုပတို့၏ reseller  များထံမှ ၀ယ်ယူ သုံးစွဲနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
Click here for our reseller shop list
သုံးစွဲသူ newworth ချစ်သူများ ပျော်ရွင် စွာ အသုံးပြုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
file Name: Lucky-7 LuckyDraw.apk
Total size:2.52MB(App size:2.37MB+ Data size:152 KB)
Minimun version: 2.2.x(API Level-8) FROYO
Maximun version:4.2.2 (API Level-17) JELLY BEAN





အောက်က link ကနေ Download လုပ်နိုင်ပါတယ်။ 


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။