Saturday, December 21, 2013

Gresso ထုတ် ကမ္ဘာ့ ဈေးကြီး Android ဇိမ်ခံစမတ်ဖုန်း



Gresso ဆိုတာ ဆွစ်ဇာလန်နိုင်ငံ အခြေဆိုက် ဇိမ်ခံစမတ်ဖုန်း သီးသန့် ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။ ယခု အသစ် ထုတ်လိုက်တဲ့ စမတ်ဖုန်း ကတော့ Android အမျိုးအစား ဖြစ်ပြီး Gresso Radical Luxury Smartphone လို့ အမည်ပေး ထားပါတယ်။

Android OS 4.1.2 ဗားရှင်းကို ထည့်သွင်းထားပြီး အပြင် Hardware ကြောင့် မို့ အဓိက ဈေးကြီးရတာ ဖြစ်ပါတယ်။ တိုက်တေနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ပြီး တိုက်တေနီယမ် လိုဂို တပ်ဆင်ထားတဲ့ Gresso ကို အမေရိကန်ဒေါ်လာ ၁၈၀၀ နဲ့ ရောင်းပြီး သူ့ကို R1 လို့အမည်ပေး ပါတယ်။ 18K အရည်အသွေး ရွှေပြားနဲ့ ဖန်တီးထားတဲ့ ကိုယ်ထည်သုံး စမတ်ဖုန်းကိုတော့ အမေရိကန်ဒေါ်လာ ၂၃၀၀ သတ်မှတ်ပြီး Radical R2 လို့အမည်ပေး ထားပါတယ်။ 18K အရည်အသွေး ရွှေဖြူ (ပလက်တီနမ်) သုံး Gresso ကိုတော့ R3 လို့အမည်ပေးပြီး အမေရိကန်ဒေါ်လာ ၂၃၀၀ ပါပဲ။

ကင်မရာ 8 Megapixel ရှိပြီး၊ Internal Storage က 36 GB ရှိပါတယ်။ Dual SIM ဖြစ်တာမို့ ကဒ် ၂ ကဒ် support လုပ်မှာ ဖြစ်ပါတယ်။ Hardware ကော၊ အတွင်း Software အပိုင်းကော အခြား Feature များစွာ ပါဝင် နေပါသေး တယ်။ သူ့ကို အော်ဒါမှာယူသူများအတွက် အခမဲ့ အိမ်အရောက်ပို့ပေး တယ်လို့ ဆိုပါတယ်။ ဒါကလည်း ဥရောပနဲ့ အမေရိကန်နိုင်ငံ များအတွက် ပဲ ဖြစ်မှာပါ။ Gresso ဖုန်းရဲ့  အသေးစိတ် အချက်အလက်ကို သူ့ရဲ့  Official Wesite - http://www.gresso.com/catalog/smartphones/ မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

အောင်ခမ်း ( ရိုးရာလေး ) 


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။