Friday, December 27, 2013

ကား ဆဠမအာရုံ- Collision Avoidance System အကြောင်း သိကောင်းစရာ


Collision Avoidance System ဆိုတာ ဒီခေတ်မှာ မသိရင်မရတော့တဲ့ နည်းပညာ တစ်ခုပါ။ ကျနော် ကတော့ မြန်မာ လို ဆဠမအာရုံလို့ပဲ တင်စားခေါ်မိလိုက်တယ်။ လူတွေပဲ Collision ကို Avoideလုပ်နိုင်တာ မဟုတ်တော့ပဲ ကားတွေပါ အလိုအလျောက် Avoid လုပ်နိုင်ပြီဖြစ်တဲ့ နည်းပညာ ဖြစ်ပါတယ်။

စတင်ပေါ်ပေါက်လာမှု

အဲဒါက တိတိကျကျ ပြောရခက်တယ်။ အမေရိကန် NHTSA အဖွဲ့က ၂၀၀၉ မှာ ထွက်ပြီလို့ အ တည်ပြုပြောပေ မယ့် ဂျပန် ဟွန်ဒါက ၂၀၀၃ ကတည်းက စတင်အသုံးပြုနေပြီ။ သို့ပေမယ့် ယင်း နည်းပညာက ယနေ့ Collision Avoidance System လောက် မကောင်းသေးပါဘူး။ သူတို့လည်း စမ်းသပ် ကာမို့ပါ။ တီထွင်သူတွေကလည်း ဘယ်သူ့နည်းပညာမှ မခိုးချကြပဲ ကားကုမ္မဏီအသီးသီးက စိတ်ကြိုက် တီထွင်ပြင်ဆင်ကြပါတယ်။ အမေရိကန်၊ ဥရောပ၊ ဂျပန် အားလုံး ကိုယ်တိုင်ကြိုးစားဖန်တီး ထား ခြင်း ဖြစ်ပါတယ်။


CAS အတွက် ဘာကို အသုံးပြုလဲ

သူ့မှာ နည်းလမ်း သုံးနည်း ရှိပါတယ်။ ကင်မရာ၊ လေဆာ၊ ရေဒါ ယင်းသုံးခု ရှိပြီး ၃ ခု စလုံးနဲ့ အလုပ်လုပ် နိုင်သလို၊ တစ်ခုတည်းနဲ့လည်း အလုပ်ပြီးမြောက်နိုင်ပါတယ်။ ၂ ခုနဲ့လည်း CAS ကို ဖန်တီး နိုင်ပါတယ်။

လက်ရှိ အများစု အသုံးပြုကြတာကတော့ ကင်မရာနဲ့ အာရုံခံ ကိရိယာလို့ခေါ်တဲ့ ရေဒါ (Sensor) ၂ မျိုးပေါင်းစပ်မှု ဖြစ်ပါတယ်။ ကားအချို့ မှာလည်း လေဆာကို အသုံပြုပါတယ်။


CAS ဘယ်လိုအလုပ်လုပ်လဲ

ကလေးအတွေးပဲ တွေးကြည့်လိုက်တာပေါ့နော်။ တစ်ခုခုတိုက်တော့မယ်ဆိုရင် ကားက ရုတ်တရက် ရပ်သွားမယ်လို့။ အမှန်ပါပဲ။ တကယ်ရပ်သွားပါတယ်။ ဘာကြောင့်ပါလဲ..။ အဖြေရှာကြည့်လိုက်တော့ ဒီလိုပါ။


လေဆာမှာဆိုရင် လေဆာတန်းရဲ့  အလျားအတိုင်းအတာကို မှတ်သားပြီး ယင်းအမှတ်အသား ပေအရှည်နေရာတစ်ခုမှာ အတားအဆီးတစ်ခုခုက ရှိနေပြီဆိုရင် ကားက အလိုအလျောက် ရပ်တန့် သွားမှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ကင်မရာ သီးသန့်ပါ။ သူက CAS မှာ တစ်ခုတည်း အသုံးပြုတာ ရှားပါတယ်။ ကင်မရာ ဘောင်မှာပဲ အစိမ်းရောင်မျဉ်းတန်း၊ အနီရောင် မျဉ်းတန်းတွေ တားထားပြီး သတ်မှတ်ထားတာထက် ကျော်လွန်ပြီဆိုရင် ရပ်တန့်တဲ့ စနစ်မျိုးပါ။ သူက လေဆာတန်းလည်း မထုတ်သလို ရေဒါလည်း မပါဝင်ပါဘူး။ ကင်မရာက ရိုက်ကူးထားတဲ့ ပုံရိပ်ပေါ်မှာပဲ ခန့်မှန်းတွက်ချက်နဲ့ စနစ်ပါ။ ယုံကြည်စိတ်ချရဖို့ ခက်ခဲပါတယ်။

ကျန်တာကတော့ ရေဒါစနစ်ပါ။ သူကတော့ အသုံးပြုမှု အများဆုံး နည်းပညာ ဖြစ်ပါတယ်။ အရင်က သင်္ဘောတွေလိုပါပဲ။ ရေဒါကို ၃၆၀ ဒီဂရီ ဖြန့်ထားပြီး အတားအဆီး အပိတ်အနှောင် တစ်ခုခု ရှိရင် ပြန်လည် သတင်းပို့တဲ့ စနစ်ပါ။ ကားမှာကျတော့ လူကို သတင်းပို့မနေတော့ပဲ ကွန်ပြူတာ ထိန်းချုပ် ကားစနစ်ကို သတင်းပို့ပြီး ကားက အလိုအလျောက် ရပ်တန့်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်တဲ့ နည်းပညာပါ။

CAS ကို ဘယ်နေရာမှာ တပ်လဲ

အများစုကတော့ ကား အရှေ့ မှာတပ်ပါတယ်။ Collision ဖြစ်ဖို့ အများဆုံး နေရာ ကလည်း အရှေ့ ပဲလေ။ ဒီတော့ အရှေ့ ဘက်မှာ Sensor, ရေဒါ ထားရှိပြီး အာရုံခံပါတယ်။ သို့ပေမယ့် နောက်ပိုင်း ကားတွေမှာဆိုရင် အရှေ့ မှာတင် မကတော့ပဲ လေးဘက်လေးရံစလုံးမှာ တပ်ဆင်ပြီး စုံစမ်းထောက်လှမ်းပါတော့တယ်။ အရှေ့ က ယာဉ်တိုက်မှုအပြင် ဘေးဘယ်ညာက ထင်မှတ်မထားနဲ့ ဝင်ရောက်လာမှုကို သိရှိလိုက်တဲ့အခါ လူက မောင်းစရာလိုပဲ ကားက အလိုအလျောက် ဘယ်ရှောင်ညာရှောင်လုပ်သွားတဲ့ စနစ်မျိုး ဖြစ်ပါတယ်။ အဲဒါတွေ တကယ် အသုံးပြုနေပါပြီ။

CAS ကို ဘယ်နိုင်ငံတွေမှာ အသုံးပြုလဲ

ပြောမယ်ဆို နိုင်ငံတိုင်းမှာ အသုံးပြုပါတယ်။ သို့ပေမယ့် Government Policy နဲ့ကို အသုံးပြုခိုင်းတာမျိုးကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပဲ ဖြစ်ပါသေး တယ်။ အထူးသဖြင့် ဥရောပနိုင်ငံတိုင်းက ကားတွေမှာ CAS ကို မဖြစ်မနေ တပ်ဆင်ရ ဥပဒေကို ပြဌာန်းလိုက်ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလကနေ စတင် အကြုံးဝင်မှာ ဖြစ်ပါတယ်။ ဒီတော့ ကားထုတ်လုပ်တဲ့ ကုမ္မဏီတွေကလည်း အာရုံခံစနစ်အား မဖြစ်မနေ တပ်ဆင်ပေးရ ပါတော့တယ်။ အမေရိကန်မှာ လည်း ပြဌာန်းတော့မှာပါ။ နေက်ထပ်ပြီးတော့ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်ပြည်အထိပါ နှစ်အနည်းငယ် အတွင်း ပြန့်နှံ့လာမယ့် နည်းဥပဒေ တစ်ခု ဖြစ်ပါတယ်။


CAS သုံးသင့်သလား

သုံးသင့်တာပေါ့။ မေးနေစရာတောင်မလိုဘူး။ သို့ပေမယ့် ပြောစရာတစ်ခုက Maintenance ပါ။ သို့ပေမယ့် CAS ပါပြီးသား ကားကိုဝယ်ရင် ပြင်ဆင် စရိတ်အတွက် အာမခံ နှစ်အကန့်အသတ်တစ်ခုနဲ့ ပေးပါတယ်။ ပျက်ပြီဆို ရင် ပြင်စရိတ် မလို ပြန်ပြင်ပေးတာပေါ့။ သို့ပေမယ့် ယင်းကာလကျော် ရင်တော့ ငွေပေးပြင်ရပါမယ်။ လက်ရှိ မာစီဒီး၊ BMW, Kia, Nissan တို့အပြင် အခြားသော ကုမ္မဏီကြီးတွေလည်း မြန်မာပြည်ဝင်ရောက်လာပါပြီ။ CAS စနစ်တွေလည်း မြင်တွေ့ရပါပြီ။ ၃ နှစ်အတွင်းမှာပဲ CAS စနစ်ကိုလည်း တွင်တွင်ကျယ်ကျယ် မြင်တွေ့နိုင်ချေ ရှိတယ်လို့ ခန့်မှန်းမိပါတယ်။

CAS စနစ် အသုံးပြုတဲ့ ကားတွေ မြန်မာပြည်မှာ အတော်လေး ခေတ်စားလာပြီ။ အနီးစပ်ဆုံး အားဖြင့် ဂျပန်နိုင်ငံက ဝင်လာတဲ့ ကားဟောင်းအချို့ တွေမှာတောင် ပါလာတာကို တွေ့ရ ပါတယ်။ ယင်းကဲ့သို့ ပါဝင်တဲ့ အဆင့်မြင့်ကားများကို www.motors.com.mm မှာလည်း ဝင်ရောက် လေ့လာ ကြည့်လို့ ရပါတယ်။ www.lexus.com တို့လို့ Official Website တွေမှာ တင်ထားတဲ့ မော်ဒယ်သစ် ကားတွေမှာလည်း ပါဝင်ပြီးသား ဖြစ်ပါတယ်။
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။