Saturday, November 30, 2013

Root Access ရှိတဲ့ ဖုန်းတိုင်းအတွက် : Rom Manager (Premium ) V 5.5.3.2 APK

 
Root ဖောက်ထားတဲ့ Android user တွေအနေနဲ့ ဆောင်ထားသင့်တဲ့ application တစ်ခုလို့ကျွန်တော်ကတော့ ယူဆမိပါတယ်။ Rom တွေကို version တစ်ခုပြီးတစ်ခုပြောင်းလဲ
အသုံးပြုတတ်တဲ့သူတွေအတွက်တော့ တကယ့်ကိုကောင်းတဲ့ application လေးတစ်ခုပါ။ ပုံမှန်ကျွန်တော်တို့ Firmware တစ်ခုကို update လုပ်မယ်ဆိုရင် power ကိုပိတ်ပြီး
recovery mode နဲ့ဝင်ကာ ကိုယ် install လုပ်ထားတဲ့ firmware update zip file လေးကို ရွေးပေးပြီး firmware တွေတင်တာ၊ update လုပ်တာတွေကို လုပ်ဆောင်ရပါတယ်။
အခုတော့ ဒီ application လေးတစ်ခုရှိရုံနဲ့တင် ကိုယ်လိုအပ်တဲ့ firmware ကို power တွေပိတ်စရာမလို၊ recovery mode တွေဝင်စရာမလိုပဲ လွယ်လွယ်ကူကူ ROM တွေကို
တင်တာချတာတွေကို လုပ်ဆောင်နိုင်ပါပြီ။ ဒါ့အပြင် ROM အသစ်မတင်ခင်မှာလဲ ရှိပြီးသား အဟောင်းကို Automatic Backups လုပ်ပေးထားတာကိုတွေ့ရတဲ့အတွက် အကောင်းမွန်ဆုံး
စွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်မှာမလွဲပါပဲ..ဒါပေမဲ့ ကျွန်တော် တစ်ခုတော့ ထပ်မံသတိပေးပါရစေ။ ဒီ application လေးက Huawei phone နဲ့ဆိုရင် အနည်းငယ် ချို့ယွင်းချက်ရှိတာကို
တွေ့ရပါလိမ့်မယ်။ များသောအားဖြင့် နာမည်ကြီး brand model phone အမျိုးအစားတွေမှာပဲ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်တာကိုတွေ့ရပါတယ်။

ဒီ application လေးကိုအသုံးပြုလိုသူတွေအနေနဲ့ android version 2.2 နဲ့အထက်ရှိရုံနဲ့အသုံးပြုနိုင်ပါပြီဗျာ။ 




အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။ 

Download Here

အားလုံးအဆင်ပြေကြပါစေ..

Aung Ko Htet

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ 
 Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။