Sunday, November 3, 2013
Google ရဲ့ အသစ်ထုတ် android version ရဲ့ LWP : Nexus KitKat 4.4 Parallax LWP v1.0.0 Apk
Google ကနေ android အတွက် မကြာသေးမီကမှ ထုတ်လုပ်လိုက်တဲ့ android version 4.4 Kit Kat ကို Nexus smart phone အသစ်မှာ ထည့်သွင်းအသုံးပြုမယ်လို့ပြောထားပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ 4.4 Kit Kat ရဲ့ Wall Paper ကို version နှိမ့်တဲ့ ဖုန်းတွေကအစ အသုံးပြုနိုင်ဖို့အတွက် ထုတ်လုပ်ပေး လိုက်ပါပြီ။ Android version 4.4 Kit Kat ကို အသုံးမပြုသေးကြပေမဲ့လည်း Kit Kat ရဲ့ wall paper လေးနဲ့လန်းချင်ကြတဲ့ မိတ်ဆွေအတွေအတွက်တော့ အဆင်ပြေတာပေါ့ဗျာ။
ဒီ Wall paper လေးရဲ့ design လေးကို floating design လေးပါ။ Apple ရဲ့ iOS 7 wallpaper ဒီဇိုင်းနဲ့တောင် သွားပြီးဆင်ပါတယ်။ Live wall paper ဖြစ်တာကြောင့် background ကနေ ရွေ့လျားနေ တဲ့ ပုံစံလေးတွေ၊ ဒီအတိုင်း ကြည့်ရင်မသိသာပေမဲ့လည်း ဖုန်းကို စောင်းလိုက်အချိန်မျိုးတွေမှာဆိုရင် အနောက်က floating ကြောင့် wallpaper ကလိုက်စောင်းသွားတဲ့ပုံစံမျိုးလေးတွေကို ခံစားကြည့်နိုင် ကြမှာပါ။ အသုံးပြုလိုသူတွေအနေနဲ့ android version 2.0 နဲ့အထက်မှာဆိုရင် အသုံးပြုလို့ရပါပြီ။
အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။
Download Here
အားလုံးအဆင်ပြေကြပါစေ.....
Aung Ko Htet
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။