Friday, November 29, 2013

ဘယ်ဖုန်းဝယ်ရမလဲ" စဉ်းစားရ ကျပ်နေလား



ဖုန်းစကရင်ကြီးကြီးတွေထဲက ရွေးပေးပါမယ်။
အခုထလော ဟော့ဖြစ်နေတာထဲကနေဆို ဘာတွေရှိမလဲ?


Nokia Lumia 1520
Vs
HTC One Max
Vs
Samsung Note 3



တကယ့် ဒိန်းဒိန်းကျဲတွေပါ။
တစ်ခုချင်းဆီမှာ အားသာချက်တွေရှိသကဲ့သို့ အားနည်းချက်တွေလည်း ရှိနေပြန်ပါတယ်။

အပြင်ပန်းဖြစ်တဲ့ အရောင်ကစပြောပါမယ်။

Note 3 က အရောင် (၂)ရောင်ဖြစ်တဲ့ အဖြူနဲ့ အမည်းသာရွေးချယ်နိင်ပါတယ်။
One Max က အရောင် (၃)ရောင်ဖြစ်တဲ့ အဖြူ၊ အမည်းနဲ့ ခဲရောင် ကိုရွေးချယ်နိင်ပါတယ်။
Lumia 1520 က အရောင် (၃)ရောင်ဖြစ်တဲ့ အဖြူ၊ အမည်းနဲ့ အ၀ါရောင် ကိုပါ ရွေးချယ်နိင်ပါတယ်။

Display HD တွေက အားလုံးသိပ်မကွာလှပါဘူး. အကုန်လုံးက (၆)လက်မနီးပါး ရှိကြပါတယ်။
One Max ကလွဲလို့ ဖုန်းအသားကို ပလတ်စတစ်ဖြင့်ပြုလုပ်ထားပါတယ်။ One Max ကတော့ အလူမီနီယံ သားပါ။

Operating system အနေနဲ့က Windows Phone 8 ကြိုက်သူများ အတွက်ကတော့ Lumia 1520 က ပိုကောင်းပါလိမ့်မယ်။ ကျန်တာတွေက Android ဖုန်းတွေ
မို့ပါ။

Processor run တဲ့နှုန်းမှာ Note 3 က နည်းနည်းလေးပိုမြန်ပါလိမ့်မယ်။ (၃) မျိုးလုံးကတော့ Qualcomm Snapdragon ကိုသုံးထားပါတယ်.။

ကင်မရာမှာ Note 3 က megapixel နည်းနည်း နိမ့်ပါတယ်။သို့ပေမဲ့ 13 megapixel တောင် ဖြစ်လို့စိုးရိမ်စရာတော့ မရှိပါဘူး။

ရှေ့ကင်မရာမှာတော့ 1.2-megapixel; 720p ဖြင့် Lumia 1520 ကနည်းနည်းနိမ့်ပါတယ်။

ဘတ္တရီသက်တမ်းမှာ Lumia 1520 က (၂၄)နာရီဖြင့် ပိုအားသာပါတယ်။ Note 3 က(၂၁)နာရီပဲခံပါတယ်။

ဒါပေမဲ့ Note 3 က RAM မှာ 3GB နဲ့ သာပါတယ်။

ကျန်တာတွေက အားလုံးတူတူပါပဲ။

Lumia 1520ဟာ ၀င်းဒိုးဖုန်းတွေထဲမှာ စကရင်အကြီးဆုံးနဲ့ အမြန်ဆုံးဖြစ်ပြီး One Max ကကျော့ရှင်းပေမဲ့ ကျန်(၂)ခုနဲ့စလျှင် နည်းနည်းလေးပါတယ်။
NOte 3 ကတော့ စတိုင်အကျဆုံးနဲ့ အပေါ့ဆုံးပေါ့။

အကုန်လုံးကတော့ သူအားနည်းချက်နဲ့ သူရှိကြပါတယ်.
ဒါကြောင့် ဘယ်ဟာကောင်းတယ် မကောင်းဘူးဆိုတာ ကိုယ်စိတ်အကြိုက်နဲ့ ဆိုင်ပါတယ်လို့


မှန်ကန်သောရွှေးချယ်မူဖြင့် စိတ်ကြိုက် ၀ယ်ယူနိင်ကြပါစေ။

Credit >>> ~Aung Heine~ (smart.com.mm)

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ 
Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။