အိမ်အဆင့်တောင် မရှိပါဘူး။ ဂိုထောင်ငယ်လေး တစ်ခုပါ။
Apple ရဲ့  ပထမဆုံး ကွန်ပြူတာကို တည်ဆောက်ဖို့အတွက် မွေးစားမိဘများက
စတိဗ်ဂျော့ကို ပေးသုံးခဲ့တဲ့ ဂိုဒေါင် ဖြစ်ပါတယ်။ Apple ကွန်ပြူတာ
စတင်ပေါ်ပေါက်သလို၊ Apple ကုမ္မဏီစတင် ပေါ်ပေါက်တဲ့နေရာလည်း ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်က Lost Altos မြို့ မှာ ဖြစ်ပါတယ်။
Jobs နဲ့ Woniak ၂
ဦး ကွန်ပြူတာ စတင်လုပ်ပြီး ကျောင်းနေဖက် ကွန်ပြူတာ Geek များကို
စုစည်းလို့ ပထမဆုံး ကွန်ပြူတာကို စလုပ်ပါတယ်။ ပင်ပန်းနေချိန် အပြင်မှာ
နေပူဆာ ထွက်လုံပြီး လုပ်ငန်းရှင်တွေကို အိမ် ဧည့်ခန်းမှာ ခေါ်တွေ့ ပါတယ်။
ဒီတော့ စီးပွားရေး လုပ်ငန်းငယ် တစ်ခု ဖန်တီးတည်ဆောက်ဖို့အတွက်
အိမ်အကြီးကြီးတွေ၊ ရုံးအခန်း အကြီးကြီး တွေ ရှိနေမှ မဟုတ်ကြောင့် Steve Job
က ကောင်းကောင်းကြီး သက်သေ ပြသွား ပါတယ်။
ယခုဆိုရင် ယင်း ဂိုထောင်နဲ့
တွဲလျက် အိမ်ဟာ အမေရိကန်ရဲ့ အထင်ကရ သမိုင်းဝင် ပြတိုက် တစ်ခုအဖြစ်
မှတ်ကျောက် တင်သွား ပါပြီ။ စတိဗ်ဂျော့ အသုံးပြုခဲ့တဲ့ ပစ္စည်းများကို
ဒီတိုင်းပဲ တင်ထားပါတယ်။
Small Business စတင်မယ့်သူများအတွက် စတိဗ်ဂျော့ရဲ့ မွေးဖွားရာ အိမ် နဲ့
တွဲလျက် ဂိုထောင်က အဓိက သာဓက တစ်ခုလို ကျန်ရစ်စေခဲ့ ပါတယ်။
Aung Ko Htet
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။