Archos brand တစ်မျိုးဖြစ်တဲ့ Android Tablet အသစ်တစ်မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။ Screen size က 10.1 လက်မ ရှိပြီး၊ screen resolution ကတော့ 1280 x 800 IPS display ဖြစ်ပါ တယ်။ ထူးခြားချက်ကတော့ keyboard ကို tablet ကိုယ်ထည်ရဲ့ သတ္တုဘားတွေကို သံလိုက် ဓါတ် အသုံးပြုပြီး coverboard အနေနဲ့ထားရှိတာကတော့ Archos Tablet ရဲ့အားသာချက်ဖြစ်ပါတယ်။
Processor ကိုတော့ Quad- Core Cortex A9 CPU clocked မှာ 1.6 GHz speed အသုံးပြုထားပြီး Mali 400 GPU ရှိပါတယ်။ Memory အနေနဲ့ကတော့ RAM 2 GB နဲ့ 16 GB internal storage ပါရှိပြီး micro SD card လည်းထပ်စိုက်နိုင်ပါတယ်။ Tablet ရဲ့ အတွင်းဘက် camera ကတော့ 2 megapixel ပါရှိပါတယ်။ Tablet တစ်ခု လုံးကို အသုံးပြုထားတဲ့ OS ကတော့ Jelly Bean version 4.2 ပဲဖြစ်ပါတယ်။
ဒီ Archos 101 XS 2 ကို December လကုန်လောက်ကျရင် UK မှာ ပေါင် 249.99£ နဲ့ရောင်းချပေးသွာ မှာဖြစ်ပါတယ်။
Ref : Arena
Aung Ko Htet

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။