
သည်။ တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီကြီးက မိမိတို့သည် ပျော့ပြောင်း
ကွေးညွတ်သည့် ပထမဆုံး OLED Screenနှင့် ဖုန်းများကို အရေအတွက် အများအပြား ထုတ်လုပ်ရောင်းချသွားရန် စီစဉ်နေကြောင်း ဆိုသည်။ (၂၀၁၄) နှစ်ဆန်းပိုင်းတွင် LG အနေဖြင့် အဆိုပါ ဖုန်းအသစ်များကို ဈေး
ကွက်ထဲ စတင်ဖြန့်ချီနိုင်ရန် မျှော်လင့်ထားသည်။ မကြာသေးမီက LG၏ တစ်နိုင်ငံတည်းသား ပြိုင်ဘက် ကုမ္ပဏီကြီး Samsungကလည်း အလားတူ Screen အကွေးဖြင့် ဖုန်းများ ရောင်းချမည်ဟု ပြောကြားခဲ့သည့်အတွက်
တောင်ကိုရီးယား နည်းပညာ ဘီလူးကြီးများကြား အားပြိုင်မှု ကြီးမားလာ
ဖွယ် ရှိနေသည်။
Samsungရော၊ LGပါ မျက်နှာပြင် ကွေးထားသည့် OLED Screen နှင့် TV များကို ဈေးကွက်ထဲ စတင်ရောင်းချနေပြီ ဖြစ်သည်။ TVတွင် အသုံးပြု
ထားသည့် Displayများတွင် တိကျသည့် ဘောင်အတွင်း နေရာချထားသဖြင့် မျက်နှာပြင် အနေအထားကို ပြောင်းလဲနိုင်ခြင်း မရှိချေ။ LGက မိမိတို့၏ ဖုန်းအသစ်တွင် Screen၏ ကွေးညွတ်မှုသည် အထက်နှင့်အောက်ကြား ဆက်စပ်မည်ဖြစ်ပြီး Screen၏ ဘေးဘောင် နှစ်ခုကြားတွင် ကွေးညွတ်ဖွယ် မရှိဟု ပြောကြားခဲ့သည်။ ယင်းသည်လည်း Samsung၏ ဒီဇိုင်းပိုင်းနှင့် ဆင်တူဖွယ် ရှိနေသည်။
"အချင်း မီလီမီတာ (၇၀၀)လောက်စာ စက်ဝန်းပုံမျိုးနဲ့ ဒေါင်လိုက် ကွေးညွတ်
ထားမယ့် Screen ဖြစ်ပါတယ်။ ဒါဟာ စမတ်ဖုန်း တီထွင်ဖန်တီးမှု နည်းပညာ ကဏ္ဍမှာ ရှေ့ဆောင်လမ်းပြ ဖောက်ထွက်မှု တစ်ခုလည်း ဖြစ်လာပါ
လိမ့်မယ်"ဟု LGက ကြေညာခဲ့သည်။ ထို့အပြင် ယခုScreenသည် (၆)လက်မ ကျယ်သည့်တိုင် ကမ္ဘာပေါ်တွင် အပေါ့ပါးဆုံး OLED အမျိုးအစား ဖြစ်မည်
ဟုလည်း LGက ဆိုသည်။ "(၆)လက်မကျယ်တဲ့ Screen ဆိုပေမယ့် အလေးချိန်က (၀.၂၅)အောင်စပဲ ရှိမယ်။ (၆)လက်မဆိုတာ လက်ရှိ စမတ်ဖုန်းတွေမှာ အသုံးပြုထားသမျှ OLEDတွေထဲမှာ အရွယ်အကြီးဆုံးပဲ"ဟု LG၏ ဖော်ပြချက်တွင် ပါရှိသည်။
Informaမှ မိုဘိုင်းလ် နည်းပညာ ကျွမ်းကျင် ပညာရှင် တစ်ဦးဖြစ်သူ ဒေးဗစ်
မက်ကွင်းကမူ LGအနေဖြင့် ယခုလုပ်ဆောင်မှုကြောင့် နည်းပညာ လောကကို အပြောင်းအလဲတစ်ခု ဖန်တီးပေးလိုက်ပြီဟု မယူဆနိုင်ကြောင်း ထောက်ပြ
ခဲ့သည်။ "ဒါကို LGက ထိုးထွင်းဖန်တီးမှု တစ်ခုလို့ ယူဆနေတယ် ထင်တယ်။ တကယ်ဆိုရင် ကျွန်တော်တို့ လက်ရှိ သုံးနေတဲ့ Screenပုံစံကနေ ခွဲထွက်
သွားတာမျိုး လုပ်ဆောင်သင့်တယ်။ ခုအနေအထားအရ နည်းနည်းလေး
ကွေးနေတဲ့ Screenတွေလောက်နဲ့ သုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုကို ရယူဖို့ မလွယ်လောက်ပါဘူး"ဟု ၎င်းက ပြောဆိုသွားသည်။
REF : Planet Myanmar Network
Aung Ko Htet
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။