Samsung
Galaxy Gear လို့အမည်ပေးထားတဲ့ Samsung တို့ရဲ့  ပထမဦး ဆုံး စမတ်နာရီကို
Note 3 နဲ့ပဲ တွဲသုံးလို့ရတယ်ဆိုတယ် သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ပါပြီ။
အခြားသော စမတ်ဖုန်းများနဲ့ တွဲဆက် အသုံးပြုလို့ ရအောင် Samsung မှ
တိုးမြင့် ဖန်တီးပေးလျက် ရှိကြောင်း သိရပါတယ်။
လက်ရှိမှာတော့
Samsung Galaxy မိသားစုထဲက S4, S4 mini, Samsung Galaxy Mega တို့လို
စမတ်ဖုန်း များနဲ့ပဲ တွဲဆက်လို့ရပါသေးတယ်။ အခြားဖုန်းများလည်း ရအောင်
ဖန်တီးပေးမှာပါ။ ပြီးရင် အခြား ကုမ္မဏီများက ထုတ်တဲ့ စမတ်ဖုန်းများနဲ့လည်း
တွဲဆက အသုံးပြုလို့ ရအောင် ဆက်လက် ကြိုးပမ်းမှာ ဖြစ်ပါတယ်။ Connectivity
Compact ဖြစ်ဖို့ ကြိုးပမ်းခြင်း ဖြစ်ပြီး Android 4.3 OS ထည့်သွင်းတဲ့
စမတ်ဖုန်း တိုင်းနဲ့ အဆင်ပြေဖို့ အဓိက ရည်ရွယ်ထားပါတယ်။
လက်ရှိ မြန်မာပြည်မှာ Samsung Galaxy Gear ပစ္စည်း မရောက်သေး ပါဘူး။
မှာယူထားတဲ့ အလုံးရေ ၁ ထောင်အောက်မှာပဲ ရှိသေးကြောင့် ပြည်တွင်း Samsung
Official မှာမှ စုံစမ်း သိရပါတယ်။ ကာလ ပေါက်ဈေး ၂ သိန်းခွဲ ဝန်းကျင်ရှိတဲ့
Galaxy Gear အပေါ် စိတ်ဝင်စားမှု အသင့်တင့် ရှိနေကြောင်း သိရပါတယ်။
.
Ref: masable
Aung Kham ( TSJ Team )
Aung Ko Htet
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။