Wednesday, October 30, 2013

Kan Thar Business Group မှရေင်းချပေးနေသော Lenovo K 900 Mobile Review


Lenovo ကနေ အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ Lenovo K 900 အကြောင်းလေးကို ဖော်ပြပေးလိုက် ပါတယ်။ ရောင်းချတဲ့နေရာကတော့ Kan Thar Business Group ကနေရောင်းချပေးတာဖြစ်ပြီး ဈေးနှုန်းကတော့  ၃၉၉၀၀၀ ကျပ်ပါ။ ဒါပေမဲ့ တန်ဆောင်မုန်းလပြည့်နေ promotion အစီစဉ်အနေနဲ့ (၁.၁၀.၂၀၁၃ ) ရက်နေ့မှ စတင်၍ (၁၇.၁၀.၂၀၁၃) ရက်နေ့အတွင်းဝယ်ယူသူများကို 15$ repay အနေနဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်သွယ်ရန်...

လိပ်စာ..... အမှတ် (26) , ဗဟိုလမ်း ၊ 13 ရပ်ကွက် လှိုင်မြို့နယ်။ ရန်ကုန်မြို့။
 

ဖုန်းနံပါတ် : 0973094544 , 0973163118
Intel ကုမ္ပဏီရဲ့ ပရိုဆက်ဆာနဲ့ စွမ်းရည်မြှင့်ထာားတဲ့ Lenovo K 900 မိုဘိုင်းဖုန်းဟာ ပြီးပြည့်စုံတဲ့ အင်းဒရိုက်စမတ်ဖုန်း တစ်လံးဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ လက်ကိုင်ဖုန်းရဲ့ အထူးထူးခြားခြား ပါးလွှာပြီး ၆.၉ မီလီမီတာပဲရှိလို့ သွယ်သွယ်လျလျနဲ့ချစ်စရာကောင်းတဲ့အသွင်အပြင်ရှိနေသလို တောက်ပ သား နားတဲ့သတ္တုကိုယ်ထည်ကလည်း အဆင့်မြင့် စမတ်ဖုန်းတစ်လုံးမှန်းသိသာစေပါတယ်။ လက်ကိုင် ဖုန်းရဲ့ 1.3 Mega Pixel နည်းပညာနဲ့ 1080p HD ရုပ်ထွက်ကြည့်ရှုနိုင်တဲ့၅ လက်မခွဲ စကရင်ကလည်း အပီပြင်ဆုံး ဓါတ်ပုံ၊ ဗီဒီယိုနဲ့ ဂိမ်းတွေကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

Processor
======

Intel Atom Processor ကိုအသုံးပြုထားတဲ့ Lenovo K 900 စမတ်ဖုန်းမှာ အထူးခြားဆုံးက Processor လောက ထိပ်တန်းကနေရာယူထားတာကိုတော့နည်းပညာလောက သားတွေအနေနဲ့
ဘယ်သူမှငြင်းနိုင်မှာမဟုတ်ပါဘူး။ Intel က အဆင့်မြင့် စမတ်ထုန်းတွေအတွက် နောက်ဆုံးပေါ် processor သုံခုထုတ်လုပ်ထားရာမှ အဆင့်မြင့်ဆုံးဖြစ်တဲ့ Intel Atom Z2580 ( Dual Core 2.0 GHz)
ကိုထည့်သွင်းတည်ဆောက်ထားတာဖြစ်လို့ တစ်ချိန်တည်းမှာ ဘယ်လို application မျိုး၊ ဘယ်လို game မျိုး၊ ဘယ်လို vedio မျိုးကိုမဆို အကောင်းဆုံးကိုင်တွယ်အလုပ်လုပ် ပေးနိုင်ပါတယ်။



Display
====

ပုံထွက်ကြည်လငပြတ်သားမှုကို အံ့သြလောက်အောင် ပေးနိုင်တာကတော့ K 900 ရဲ့ 1920 × 1080 pixel resolution ရှိတဲ့ ဖုန်းမျက်နှာပြင်ဖြစ်ပါတယ်။တစ်လက်မ အတွင်း Pixel သိပ်သည်းဆက 400 အထက်မှာ ရှိတဲ့အတွက်ကြောင့် ဘယ်လို website မျိုး၊ ဘယ်လို HD video မျိုးကိုမဆို ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်သလို၊ HD ရုပ်သံလိုင်းနဲ့ ဓါတ်ပုံတွေကိုလည်း မိတ်ဆွေအပေါင်း အသင်းတွေဆီ မျှဝေပေးနိုင်မှာဖြစ်ပါတယ်။ ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ စွမ်းဆောင် ချက်ကတော့ ဖုန်းရဲ့ IPS screen က 180 ဒီဂရီရှိတဲ့  မြင်ကွင်းအကျယ်တွေကို အပြည့်ဝကြည့်ရှုစေတာပဲဖြစ်ပါတယ်။







သေးသွယ်ပေါ့ပါ့းခြင်း
===========

ယနေ့ခေတ် အပါးလွှာဆုံး smart phone တွေထဲမှာ K900 ကတစ်လုံးအပါဝင်ဖြစ်ပါတယ်။ K900 ရဲ့ ပါးလျားသွယ်လျှတဲ့ အသွင်အပြင်က ချစ်စရာကောင်းသလို ကိုင်တွယ်ရတာကလည်း အဆင်ပြေစေ ပါတယ်။ ဖုန်းရဲ့ အထူက 6.9 mm ခန့်သာရှိလို့ အင်္ကျီအိတ်ကပ်ထဲဒါမှ မဟုတ် လွယ်တဲ့ အိတ်ထဲ အလွယ်တကူ ထည့်သွားနိုင်ပါတယ်။




HD Video နဲ့ဓါတ်ပုံတွေရိုက်ကူးနိုင်ခြင်း (Camera)
============================
Lenovo K900 ဖုန်းရဲ့ ကင်မရာအရည်အသွေးက ပြောပြစရာမလိုလောက်အောင် ထူးထူးခြားခြား ကောင်းမွန်ပါတယ်။ 13 megapixel ရှိပြီး၊ F 1.8 A မှန်ဘီလူးထည့်သွင်းထားတဲ့ ကင်မရာက အလင်းရောင် အားနည်းတဲ့ နေရာမှာတောင် အရည်အသွေး ကောင်းမွန်တဲ့ ဓါတ်ပုံတွေနဲ့ 1080pixel ရှိတဲ့ ဗီဒီယို တွေကိုရိုက်ကူးနိုင်ပါတယ်။ K900 ရဲ့ 2Mရှေ့ကင်မရာ က သူလိုကိုယ်လို mobile phone တွေမှာ ပါတဲ့ ကင်မရာတွေထက် သာတဲံ အချက်တွေရှိနေပါသေးတယ်။ အထူးသဖြင့် 88 ဒီဂရီ ထောင့်ချိုးအတွင်းက မြင်ကွင်းကို အလွယ်တကူ vedio ရိုက်ကူးနိုင်ပါတယ်။





Gorilla Glass 2 Display
==============

Lenovo K 900 ရဲ့မှန်သားပြင်ကို အကြမ်းခံတဲ့ Gorilla Glass 2 နဲ့ပြုလုပ်ထားတာဖြစ်လို့ မှန်သားပြင်တွေ ဟာ မတော်တဆထိခိုက်မှု၊ အမြင့်ကပြုကျတဲ့ ဒဏ်ခံနိုင်မှုတွေရှိပါတယ်။ Gorilla Gallss 2 မှန်သားပြင်က မူလ Gorilla Gllass ထက် ၂၀ ရာခိုင်နှုန်း ပိုပြီးတော့ ပါးလွှာပြီး လက်ရဲ့ ထိတွေ့မှုကိုလည်း အကောင်းဆုံးတုံ့ပြန်နိုင်ပါတယ်။


သေသပ်လှပမှုနှင့် တာရှည်ခံ
================

Lenovo K 900 ရဲ့ကိုယ်ထည်တစ်ခုလုံးက အစွန်းအထင်းခံနိုင်ပြီး သံမလိုက်နိုင်တဲ့  သတ္တု စပ်ကို မိုလီကာဘွန်နိတ်ဒြပ်ပေါင်း ( polycarbonate ) နဲ့ရောစပ်ထုတ်လုပ်ထားသောောကာင့်မာကျောကြံ့ခိုင်မှု အပြည့်ရှိပါတယ်။ အကြမ်းပတမ်း ကိုင်တွယ်သုံးရင်တောင် ပြသနာ အထူးမရှိစေပါဘူး။



WiDi Wireless  Screen Display
==================

Lenovo K900 နဲ့ရိုက်ကူးထားတဲ့ဓါတ်ပုံတွေဖြစ်ဖြစ်၊ ဗီဒီယို ကလစ်တွေပဲဖြစ်ဖြစ် တီဗီပေါ်မှာ ကြည့်ချင်ရင် WiDi ကြိုးမဲ့နည်းနဲ့ ချိတ်ဆက်ကြည့်လို့ရနိုင်တာကလည်း ထူးခြားတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ Degital TV ဒါမှမဟုတ် ကွန်ပျူတာမော်နီတာနဲ့ ချိတ်ဆက်ပြသတဲ့ အခါ အရည်အသွေး အကောင်း ဆုံးနဲ့ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။



USB on- the- Go Function
================

Lenovo K900 mobile phone မှာ USB on-the-Go Function ပါရှိတဲ့ အတွက် ကြောင့် K900 ကို camera တွေ၊ Mp3 ဖွင့်စက်တွေ၊ memory stick တွေနဲ့ချိတ်ဆက်ပြီး အဲ့ဒီ ပစ္စည်းတွေဆီကdata တွေကို လွှဲပြောင်း ယူနိုင်ပါသေးတယ်။ ဒါပေမဲ့ USB On- the -Go Function သုံးနိုင်တဲ့ cable ကြိုးကိုတော့ သီးခြားမှာယူရမှာဖြစ်ပါတယ်။



Android Version 4.2
=============

Jelly Bean 4.2 operating system က Google Play Store မှာ ရှိတဲ့ ကိုယ့်စိတ်ကြိုက် application တွေ၊ game တွေကို ရယူသုံးစွဲတဲ့အခါမှာ အမြန်ဆုံး၊ အလွယ်ကူဆုံးအဆင်ပြေဆုံး၊ အကောင်းဆုံး လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

Aung Ko Htet

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။