
Nokia ကို Microsoft တို့ ဝယ်ယူတုန်းက သတင်းလိုပဲ နောက်ထပ် ကြားသိ ရတဲ့ သတင်းတစ်ပုဒ် ကတော့ တရုတ်ပြည်မ အခြေဆိုက် Lenovo က ထိုင်ဝမ်အခြေဆိုက် HTC ကို ဝယ်ယူတော့မည် ဖြစ်ကြောင်း သိရပါတယ်။
သို့ပေမယ့် သတင်းက ခိုင်မာတဲ့ source က မဟုတ်ပါဘူး။ ကောလဟာလ သတင်း တစ်ခုအနေနဲ့ မီဒီယာ အတော်များများမှာ ပြန့်နှံ့လျက် ရှိပါတယ်။ Lenovo မှ ထိပ်တန်းအရာရှိများက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ HTC မှ တာဝန်ရှိသူ တို့ကို ထိုင်ဝမ်အထိ လျှို့ ဝှက်သွားရောက် တွေ့ဆုံခဲ့ပြီး Potential take over ကိစ္စ ဆွေးနွေးသွားတယ် လို့ဆိုပါတယ်။ Potential လို့ ဆိုတဲ့အတွက် အခြေအနေက ဘယ်လိုဖြစ်လာမလဲ မသိသေး ပါဘူး။ လက်ရှိမှာ HTC ဟာ စီးပွားရေး ကျဆင်းနေဆဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ရော၊ ၂၀၁၃ ခုနှစ် ရှင်းတမ်း ထုတ်ပြီးတဲ့နောက် ကုမ္မဏီဟာ အရှုံးဘက်ဦးတည်နေ တာကို တွေ့ရပြီးနောက် HTC One လို့ စမတ်ဖုန်းလည်း မကယ်နိုင်တာကို အံ့သြစွာပဲ တွေ့ရှိခဲ့ ပါတယ်။ ဒါကြောင့် ကုမ္မဏီကို အခြား ကုမ္မဏီတစ်ခုက ဝင်ထိန်းသွားမယ် ဆိုတာ မေးစရာမလိုပဲ ရနေတဲ့ အဖြေတစ်ခု ဖြစ်ပါတယ်။ Lenovo ဟာ IBM ကနေ Thinkpad အမည်ရ Tablet Brand ကို ဝယ်ယူပြီး ၎င်းတို့ ဆက်လက် ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။ အခြားသော Brand အခွဲများလည်း ရှိနေပါသေးတယ်။
Lenovo ဟာ HTC ကိုလွဲအပ်ယူပြီးရင် စမတ်ဖုန်းတွေကို HTC အမည်နဲ့ပဲ ဆက်ထုတ်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။ Lenovo စမတ်ဖုန်းကလည်း သီးသန့်ထွက်ရှိပါမယ်။ HTC ကို Lenovo က ပိုင်ဆိုင်တဲ့ သီးခြား ကုမ္မဏီ တစ်ခုအဖြစ် တည်ရှိစေမှာ ဖြစ်ကြောင်း သတင်းများက ဆိုပါတယ်။ ဒါကြောင့်မို့ ယခုရက်ပိုင်း အတွင်း HTC ကို Lenovo ကို လွဲအပ်ယူမယ်မယူ မယ် ဆိုတဲ့ ကိစ္စကို တရားဝင် ကြေညာသွားဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)
Aung Ko Htet
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။