Galaxy Gear များ ရောင်းချပြီး ၃ပါတ်ကျော် အကြာမှ ၀ယ်ယူထားသူများထံ ပစ္စည်းပေးနိုင်
================================================
Samsung မှ ယခင် အောက်တိုဘာလ ကုန်ပိုင်းလောက်တွင် တရားဝင်ရောင်းချ ခဲ့သော
Galaxy Note 3 နှင့် တွဲဖက် အသုံးပြုရမည့်
Galaxy Gear နှင့် View Cover များကို ၀ယ်ယူထားသူများ
ထံသို့ ယမန်နေ့မှ စတင်ဆက်သွယ်ကာ ပစ္စည်းများ ပေးအပ်နေပြီ ဖြစ်ပါတယ်။ (Gear
ဝယ်ယူထားသူများ ရှိပါက Showroom
နှင့်ဆက်သွယ်ကာ ပစ္စည်း ထုတ်ယူနိုင်ပြီ
ဖြစ်ပါသည်။)
တစ်လအကြာမှ ပစ္စည်းများ ရရှိတဲ့အတွက်
လက်ရှိပေါက်ဈေးတွေ ကလည်း စတင်ရောင်းချ ချိန်နှင့် နှိုင်းယှဉ်လျှင်
တော်တော်ကွာခြားပြီး သက်သာနေပြီ ဖြစ်ပါတယ်။
ယခင် ၀ယ်ယူထား
သူများအတွက် သာ Gear ပစ္စည်း ရှိပြီး၊ အသစ် ထပ်မံ ရောင်းချရန် အတွက်မူ
လကုန်ပိုင်းကျော်မှသာ ပစ္စည်း ရောက်ရှိမည်ဟု Samsung Showroom မှ
သိရှိရပါသည်။
စကားချပ်။ ။ အချိန်သည် ငွေကြေးဖြစ်သည့်အလျောက်
ပစ္စည်း မတွေ့ရဘဲ ၀ယ်ယူထားမိသော Customer များအတွက်ကား ဈေးကြီးကြီးနှင့်
ဝယ်ယူမိပြီး ပစ္စည်းလည်း အသုံးမပြု ဘဲ ဖြစ်ရသလို Opportunity Cost လဲ
ဆုံးရှုံးရသည်။
Aung Ko Htet
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။