Thursday, October 24, 2013

Firefox OS ဖြင့် LG စမတ်ဖုန်းကို မြင်တွေ့ ရမည်



Mozilla က ဖန်တီးတဲ့ Firefox Mobile OS ကို အသုံးပြုလို့ ဖန်တီးတဲ့ LG စမတ်ဖုန်းကို မြင်တွေ့ရတော့ မှာ ဖြစ်ပါတယ်။


LG နဲ့ Mozilla တို့ သဘောတူညီချက်ရယူခဲ့ပြီး တောင်ကိုရီးယား LG ကုမ္မဏီ မှ စမတ်ဖုန်းကို ထုတ်လုပ်နေပါပြီ။ အရွယ် ၄ လက်မ Screen, 5 megapixel ကင်မရာ ပါဝင်တဲ့ စမတ်ဖုန်း ဖြစ်ပြီး Specification ကတော့ နိမ့်နေ ပါအုံးမယ်။ ပေါ့ပေါ့ပါးပါးနဲ့ အင်တာနက် ကောင်းကောင်း အသုံးပြုလို့ ရအောင် ရည်ရွယ်ထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ အင်တာနက် အသုံးပြုဖို့ ရယ်လို့လည်း မဟုတ် ပါဘူး။ သူက ဖုန်းတစ်ခုရဲ့  Feature မှန်သမျှကို အလွယ်တကူ၊ မြန်မြန်ဆန်ဆန် အသုံးပြုနိုင်စေဖို့ ရည်ရွယ်ထား ပါတယ်။

ဒီတော့ Firefox OS ကို အသုံးပြုပြီး ထုတ်တဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းက LG ဖြစ်လာမှာပါ။ Twitter, Facebook တို့လို Social Media တို့နဲ့ Integration ပြုလုပ်ထားပြီး Application ခပ်များများ အသုံးပြုနိုင်စေဖို့ ကြိုးစား ဖန်တီးပေးလျက် ရှိပါတယ်။ ဖုန်းကို LG FireWeb လို့ အမည်ပေး ထားပါတယ်။ Mozilla ရဲ့  COO ဖြစ်သူ Jay Sullivan ကိုယ်တိုင် ရှင်းပြထားတဲ့ Firefox OS နဲ့ LG Fireweb ဖုန်း အကြောင်း ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
http://youtu.be/t_7sTP7IRn4

Aung Kham ( TSJ Team )

Aung Ko Htet

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။