Wednesday, October 23, 2013

Facebook Change in Policy Allow Teens to Post Public (Facebook ပြောင်းလဲလိုက်တဲ့ policy အသစ်)


Facebook ကအရင်က အသက် ၁၈ မပြည့်သေးတဲ့ အသုံးပြု သူတွေကို စည်းမျဉ်း တချို့နဲ့ တင်းကျပ် ထားခဲ့ပေမယ့် အ ခု တော့ လွတ်လွတ်လပ်လပ် သုံးရအောင် အားလုံးကို ဖြေလျော့ ပေးလိုက်ပါပြီ။
Facebook ဟာဒီတစ်နှစ်၊ နှစ်နှစ် အတွင်းမှာ အသက် အရွယ် မျိုးစုံတို့ကြား လူသုံးများ လာပါတယ်။ အရင်က ၁၈နှစ် မပြည့် သေးတဲ့ ဆယ် ကျော်သက် အသုံးပြုသူ တွေကို တချို့သော အလုပ်တွေ လုပ်လို့ မရအောင် ချုပ်ကိုင် ထားရာမှာ အခုတော့ လွတ်လွတ် လပ်လပ် သုံးနိုင် အောင် လျှော့ပေါ့ပေး လိုက်ပါပြီ။




အရင်တုန်းက အသက် ၁၃နှစ်ကနေ ၁၇နှစ်ထိ ဆယ်ကျော် သက် အသုံးပြု သူတွေဟာ Timeline မှာ Post တစ်ခု တင်ရင် မိမိ သူငယ် ချင်းတွေ၊ သူတို့ရဲ့ သူငယ်ချင်း တွေရယ်၊ မိသားစု ၀င် တွေကိုသာ မြင်အောင် လုပ်ပေး နိုင်ပြီး အသုံး ပြုသူ အားလုံးကို မြင်အောင် Facebook ကလုပ် မပေးပါဘူး။ နောက်ထပ် အနေနဲ့ ဆယ်ကျော် သက် တွေကို Follower တွေထားရှိ ခွင့်လည်း ပိတ်ထား ပေးပါတယ်။ အခုတော့ လာမယ့် Wednesday နေ့လယ်ခင်း မှာစပြီး အဆိုပါ လုပ်ငန်း တွေရဲ့ ပြောင်းလဲမှုကို မြင်ရမှာ ဖြစ်ပါတယ်။ ထိုနေ့မှာ ဆယ်ကျော်သက် အသုံးပြု သူ တွေအနေနဲ့ သတိပြု ရမယ့် အချက် တွေလည်း ရှိပါတယ်။ မိမိရဲ့ Status တွေ၊ Post တွေကို Public ကိုဖော်ပြ ချင်ရင် အရင် အဟောင်း ဖြစ်နေတဲ့ Post Policy ကိုအရင် ပြောင်းပေး ရမှာ ဖြစ်ပါတယ်။ အရင် Policy အဟောင်းကနေ "Public" ဆိုတဲ့ စာကို ပြောင်းပေး ရမှာ ဖြစ်ပြီး ပြောင်းလဲ လိုက်တာနဲ့ တစ်ပြိုင်နက် Pop-up box စာလေး ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီ Pop-up စာလေးဟာ "Public" Policy ရဲ့အဓိပ္ပါယ်ကို သေချာ ရှင်းပြပေး ထားတဲ့စာ ဖြစ်တာ ကြောင့် သေချာ ဖတ်ကြည့် ဖို့ လိုပါ လိမ့်မယ်။ စကားမစပ် အဲဒီ Pop-up စာက OK ခလုပ်ကို နှိပ်လိုက် တာနဲ့ Post ကို Public တင်နိုင် ပေမယ့် နောက်ထပ် Post တစ်ခု ထပ်တင်ချင် ရင်လည်း Reminder Pop-up စာတစ်ခု ထပ်ပေါ်လာ ပါဦးမယ်။




Facebook Policy



 Followers တွေလည်း ထားရှိ နိုင်တော့ မှာပါ။ ဆယ်ကျော် သက် အသုံးပြု သူတွေဟာ သူငယ်ချင်း မဟုတ်တဲ့ သူတွေ ကိုလည်း Follower ဖြစ်ခွင့် ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီ Follower တွေ အတွက် သူတို့ Follow လုပ်တဲ့ ဆယ်ကျော်သက် တွေရဲ့ Sharing Policy ပိတ်ထားတဲ့ Post တွေက လွဲပြီး မြင်နိုင်ခွင့် ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သတိပြု ရမှာ ကတော့ Follower တွေရှိနိုင်ဖို့ အတွက် Facebook က Follower Policy တွေကို အရင်ပြင် ရမှာ ဖြစ်ပါတယ်။ လာမယ့် Wednesday နေ့လယ် နောက်ပိုင်း ဆယ်ကျော် သက် အသုံးပြုသူ အသစ် တွေဟာလည်း အထက်ပါ Facebook စွမ်းရည် တွေဟာ အလို အလျောက် ပြောင်းလဲ ပေးထားမှာ မဟုတ်တဲ့ အတွက်ကြောင့် ရချင်ရင် အထက်က ဖော်ပြခဲ့တဲ့ အတိုင်း လုပ်ဆောင် ပေးရမှာ ဖြစ်ပါတယ်။ အဓိက သိမှတ် ထား ရမယ့် အချက်တွေက ၁၈နှစ် မပြည့်သေးတဲ့ ဆယ်ကျော်သက် တွေရဲ့ Post အဟောင်း တွေဟာ နဂို Policy အတိုင်း ရှိနေမှာ ဖြစ်ပါတယ်။ နောက်တင်မယ့် Post အသစ်တွေ ဟာလည်း Policy အသစ်အတိုင်း အလိုလို ပြောင်းသွားမှာ မဟုတ်ပါဘူး။ ၁၈နှစ် အသက်ပြည့် Facebook အသုံးပြုသူ တွေကတော့ နဂို အတိုင်း ဘာမှ ပြောင်းလဲ သွားမှာ မဟုတ်တဲ့ အတွက် နောက်ထပ် ပြောင်းလဲမှု တွေအတွက် မျှော်လင့် ထားကြပါ။ ဆယ်ကျော် သက် တွေဟာ လူမှု ကွန်ယက် တွေနဲ့ လိုက်လျော ညီထွေ ရှိတဲ့နေရာမှာ အံ့သြဖွယ် ကောင်း လောက်အောင် တော်ပါတယ်။ Facebook ဟာလည်း အခုရော၊ နောင်ရော ဆယ်ကျော် သက် တွေနဲ့ ရင်းနှီးတဲ့ လူမှု အသိုက် အ၀န်း ဖြစ်နေ ပါတယ်။ ဒါပေမယ့် သတိပြု ရမှာက Facebook ကလျှော့ချ ပေးလိုက်တဲ့ Policy နဲ့လျော့ကျ လာတဲ့ လွတ်လပ် ခွင့်ကို တန်ဖိုးထား တဲ့အနေနဲ့ စည်းကမ်း တကျ အသုံးချ ဖို့တော့ လိုအပ် ပါတယ်လို့ တိုက်တွန်း လိုက်ပါ ရစေဗျာ။




Source and Images from Mashable

Credit & Ref :  http://www.mymclub.net
Aung Ko Htet

1 comments:

  1. ကျွန်တော့်လို လူငယ်တွေအတွက်တော့ကောင်းတာပေါ့။ ခုလိုသတင် မျှဝေတာကျေးဇူးပါ။ :)

    Pyae Thaw (နည်းပညာ)
    http://www.pthaw.com

    ReplyDelete

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။