Thursday, October 31, 2013

မာစတာ၊ဗီဇာဖြင့် ငွေပေးချေမှု လက်ခံနိုင်မည့်စနစ် ပြည်တွင်းဝက်ဘ်များ စတင်ချိတ်ဆက်နိုင်ပြီ



ရန်ကုန်၊အောက်တိုဘာ ၃၁

ပြည်တွင်းဝက်ဘ်ဆိုက်များတွင် နိုင်ငံတကာသုံးငွေကြေးကတ်များဖြစ်သည့် မာစတာ၊ဗီဇာတို့ဖြင့် ၀ယ်ယူနိုင် မည့် စနစ်ကို စတင်ချိတ်ဆက်နိုင် ပြီဖြစ်ကြောင်း CBဘဏ်မှ သိရသည်။

အဆိုပါ အွန်လိုင်းငွေပေးချေမှုစနစ်ကို ပြည်တွင်းမှ အွန်လိုင်းရှော့ပင်း များ၊ လေကြောင်းလိုင်းများ၊ ဟိုတယ် များနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ် မည့်ဝက်ဘ်ဆိုက်များအနေနှင့် CBဘဏ်ဖြင့် ချိတ်ဆက်ရမည်ဖြစ်ပြီး Payment Gateway အတွက်ကိုမူ မာစတာကတ်၏ Gatewayဖြင့် သာချိတ်ဆက်အသုံးပြု ကြောင်း သိရသည်။

ယင်းအတွက် အသုံးပြုလိုသည့် စီးပွားရေးလုပ်ငန်းရှင်များ အနေနှင့် ငွေ စာရင်းရှင်းရန်၊ ငွေလက်ခံရန်တို့အ တွက် CB ဘဏ်တွင် စာရင်းရှင် အကောင့်တစ်ခု ဖွင့်ထားပေးရမည်ဟုသိရသည်။ထို့ပြင် ရောင်းချသည့် ပစ္စည်း၏ပမာဏ အပေါ်မူတည်၍ ၀န်ဆောင်ခပေးဆောင်ရမည်ဖြစ်သည်။

၎င်း e-commerceစနစ်ကို ပြည်ပမှဝယ်ယူလိုသူများနှင့် နိုင်ငံတကာသို့ပစ္စည်းတင်ပို့ရောင်းချလိုသည့် ပြည် တွင်း စီးပွားရေးပညာ ရှင်များအတွက် ရည်ရွယ်ထားခြင်းလည်းဖြစ်သည်ဟုသိရသည်။

ဘဏ်ဘက်မှ ငွေစာရင်းလက်ခံရရှိသည့်နေ့မှစ၍ တပတ်အတွင်း လုပ်ငန်းရှင်များ၏ ငွေစာရင်းအကောင့်အ တွင်း သို့ငွေဖြည့်သွင်းပေး မည်ဖြစ်ကာ လုပ်ငန်းရှင်များဘက်မှလည်း (၃)လအတွင်း Transaction ကို ပြန်လည် ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်သည်။

သုတလင်း

Popular Myanmar News Journal

Aung Ko Htet

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။