Friday, October 4, 2013

Adobe Flash Player (or ) Online install လုပ်နည်း

 
ညတုန်းက facebook ပေါ်က သူငယ်ချင်းတစ်ယောက်က မေးလာလို့ပါ။ သူက site တွေကနေ download လုပ်တဲ့အခါ adf.ly link  တွေခံထားတော့ skip AD ဆိုတာကိုနှိပ်ပေးပြီးမှ download လုပ်ရတဲ့ site ကိုရောက်မှာပါ။ အဲ့လိုဆိုတော့ skip AD ဆိုတာကိုမပေါ်လာဘူးဖြစ်နေတယ်။ အဲ့ဒီ ပြသနာကိုဖြေရှင်းပေးဖို့အတွက် ဒီ post လေးကို ကိုညီနေမင်းဆီကနေ ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။
flash player ကတော့ ကျနော်တို့ အင်တာနက်သုံးပြီဆိုလျှင် မဖြစ်မနေ ထည့်သွင်းထားရပါမယ်။ flash player မထည့်ထားခြင်းကြောင့် မိမိကြည့်တဲ ဆိုက်မှာ flash ပါနေလျှင် အလုပ်မလုပ်တော့ပါဘူး။ ပြီးတော့ ကျနော်ဆိုက်ရဲ့ Download လင့်တော်တော်များများကို adf.ly ခံထားပါတယ်. တစ်ချို့စက်တွေမှာ adf.ly က SKIP AD  မပေါ်တာဟာ မိမိရဲ့ browser မှာ flash player မထည့်ထားလို့ပါ။ flash player မထည့် ထားခြင်းကြောင့် youtube ကြည့်တဲ့အခါမှာလည်း error ခဏခဏပြတာမျိုး ကြုံရမှာပါ။ အဲ့ဒီ့အခါမျိုးကျရင် ကျနော်တို့ flash player ကို install မဖြစ်မနေ လုပ်ပေးရမှာ ဖြစ်ပါတယ်။ လုပ်ပုံလုပ်နည်းကို လည်းရှင်းပြပေးလိုက်ပါတယ်။ များသောအားဖြင့် video ဖိုင်အနေနဲ့ ရှင်းပြချင်ပေမယ့် တော်တော် များများက လိုင်းမကောင်းတာကြောင့် ပုံနဲ့ပါ ရှင်းပြပေးလိုက်ပါတယ်။

adobe flash player ကို install လုပ်နည်း(၂) နည်းရှိပါတယ်။
၁။ Online ချိတ်ပြီးတော့ install လုပ်နည်း
၂။ Offline ဖြင့် install လုပ်နည်း

(၂)မျိုးစလုံးကို ရှင်းပြပေးလိုက်ပါတယ်။
၁။  Online ချိတ်ပြီးတော့ install လုပ်နည်း
(၁)ပထမဦးစွာ ဒီကို သွားလိုက်ပါ။
ပုံ(၁) ပုံသေးနေလျှင် ပုံကို ကလစ်နှိပ်လိုက်ပါ ကြီးလာပါလိမ့်မယ်။

 (၂) Download လုပ်သည့် နေရာမှာ Mca Fee ဆိုသည့် antivirus ခံနေပါလိမ့်မည်။ အမှန်ခြစ်ဖြုတ်ပေးပါ။
ပုံ(၂) ပုံသေးနေလျှင် ပုံကို ကလစ်နှိပ်လိုက်ပါ ကြီးလာပါလိမ့်မယ်။

(၃) Initializing ဆိုသည့် loading စာတမ်းပေါ်လာပြီး Download link ကျလာပါလိမ့်မယ်။ တကယ်လို့ မကျလာဘူးဆိုရင် ဒီကို နှိပ်ပြီး Download လုပ်ယူနိုင်ပါတယ်။
ပုံ(၃) ပုံသေးနေလျှင် ပုံကို ကလစ်နှိပ်လိုက်ပါ ကြီးလာပါလိမ့်မယ်။





(၄) Install Flash player ဆိုသည့် အမည်ဖြင့် ဖိုင်တစ်ဖိုင် ရလာပါလိမ့်မယ်။ ရလာသည့် flash player ဖိုင်လေးကို copy & paste လုပ်ပြီး တစ်ဖိုင်ပွားယူထားလိုက်ပါ။ ဘာလို့ ပွားခိုင်းတာလဲ ဆိုရင် အဆိုပါ install လုပ်ပြီဆိုရင် Download လုပ်လို့ရထားတဲ့ ဖိုင်လေးဟာ အလိုလို ပျောက်သွားမှာ ဖြစ်ပါတယ်။ လိုင်းကျတဲ့အချိန်နဲ့ ကြုံနေခဲ့ရင်  install လုပ်တုန်း ပြုတ်ကျသွားခဲ့ရင် download လုပ်ထားတဲ့ ဖိုင်မရှိတော့ တဲ့အတွက် နောက်တစ်ကြိမ် ထပ်ပြီးတော့ Install flash player ဖိုင် ပြန်ရအောင် Download ထပ်လုပ် ရဦးမှာပါ။ copy ကူးထားတော့ တကယ်လို့ လိုင်းကျလို့ install လုပ်တာ မအောင်မြင်ခဲ့ရင် ပွားထားတဲ့ ဖိုင်နဲ့ install လုပ်လို့ရပါတယ်။  Download ထပ်လုပ်စရာမလိုတော့ အောင်လို့ copy ကူးထားခိုင်းတာပါ။
ပုံ(၄) ပုံသေးနေလျှင် ပုံကို ကလစ်နှိပ်လိုက်ပါ ကြီးလာပါလိမ့်မယ်။


(၅) Install လုပ်ပါလိမ့်မယ်။ ပြီးသွားတဲ့အချိန် finished ဆိုသည့် button လေးအား နှိပ်ပေးလိုက်ပါ။
ပုံ(၅) ပုံသေးနေလျှင် ပုံကို ကလစ်နှိပ်လိုက်ပါ ကြီးလာပါလိမ့်မယ်။

(၆) ဒါဆိုရင်တော့ install လုပ်တာ နောက်ဆုံးအဆင့် ပြီးဆုံးသွားပါပြီ။
ပုံ(၆) ပုံသေးနေလျှင် ပုံကို ကလစ်နှိပ်လိုက်ပါ ကြီးလာပါလိမ့်မယ်။

(၇) မိမိ install လုပ်တာ Firefox ထဲကို ရောက်သွားလား မရောက်သွားလား သိချင်ရင်တော့ Firefox browser ကို ဖွင့် Menu bar က  Tools ကိုနှိပ်ပြီး Add-ons ကို ရွေးပေးလိုက်ပါ။ အခုလိုမျိုး shockwave flash ဆိုသည့် addons လေး ရောက်နေပြီဆိုရင်တော့ flash player ကို install လုပ်ခြင်း ကိစ္စလုံးဝ အောင်မြင်သွားပြီဖြစ်ပါတယ်။
ပုံ(၇) ပုံသေးနေလျှင် ပုံကို ကလစ်နှိပ်လိုက်ပါ ကြီးလာပါလိမ့်မယ်။
--------------------------------------------------------------------------------------
၂။ ဒုတိယနည်းကတော့ offline install လုပ်နည်းပါ။ ဒီမှာ download လုပ်ယူလိုက်ပါ။ အဲ့ဒါကတော့ လွယ်ပါတယ်။ ရလာတဲ့ flash player ကို install လုပ်လိုက်ယုံပါပဲ။

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။