Monday, July 15, 2013

ကိုယ့်ဓါတ်ပုံတွေကို ခဲခြစ်ပုံအဖြစ်ပြောင်းပေးမဲ့ Pencil Sketch Special 1.0

ဒီ software လေးက ကိုယ့်ရဲ့ပုံတွေကို ခဲခြစ်ပုံအဖြစ်ပြောင်းပေးမဲ့ app လေးပါ။ သူ့မှာ feature နှစ်မျိုးပါဝင် ပါတယ်။ အဲဒါတွေက sketch နဲ့ doodle တို့ဖြစ်ပါတယ်။ ကိုယ်ရိုက်ထားတဲ့ ပုံတွေကို ခဲခြစ်ပုံကြမ်း အနေနဲ့ပြောင်းလဲပေးနိုင်ပြီး ဓါတ်ပုံရိုက်လိုက်လို့ focus မညီပဲထွက်လာတဲ့ပုံတွေကိုလဲ ပြုပြင် ပြောင်းလဲနိုင် ပါတယ်။ ကိုယ်ပြုပြင်ပြီးလို့ ထွက်လာတဲ့ပုံတွေကို လည်း သိမ်းထားနိုင်သလို Facebook, Twitter, E-mail, Message တို့ကနေလဲ သူငယ်ချင်းတွေဆီကို ပြန်ပြီး မျှဝေပေးနိုင်ပါတယ်။ Android version 2.3.3 နဲ့ အထက်မှာ အသုံးပြုနိုင်ပါတယ်။








အောက်က link ကနေ download လုပ်နိုင်ပါတယ်ဗျာ။

 Download Link

အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါဗျာ။

အားလုံးအဆင်ပြေကြပါစေဗျာ။

Aung Ko Htet (IT studier)

2 comments:

  1. ကောင်းပါတယ် ဒေါင်းလော့ဘယ်လိုလုပ် ရမလည်း ဗျာ

    ReplyDelete
  2. Download လုပ်တာက ကျွန်တော်ပေးထားတဲ့ download link ကို နှိပ်လိုက်ပါ။ နောက်ထပ် download လုပ်လို့ရမဲ့ page ကိုရောက်သွားလိမ့်မယ်ဗျ။ အဲဒီအခါကျတော့မှ ကြိုက်တဲ့ link ကနေ download လုပ်ရုံပါပဲဗျာ။ အဆင်ပြေပါစေဗျာ။

    ReplyDelete

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။