Friday, July 19, 2013

MessageMe Messenger & Chat 1.0.14

အင်တာနက်အသုံးပြုတွင်ကျယ်လာတာနဲ့အမျှ free call တွေ free massage တွေအ သုံးပြုမှုတွေ လည်းများပြားလာခဲ့ကြပါတယ်။  အဲလိုပဲ free call တွေ free massage တွေကို အသုံးပြုနေကြတဲ့ user တွေအတွက်ဆိုပြီးတော့လည်း application တွေလည်း အများကြီး ပေါ်ထွက်လာ ခဲ့ပါတယ်။  အခုလည်း message me ဆိုတဲ့ messager & chat application လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ Android version 2.3 နဲ့အထက်မှာအသုံးပြုနိုင်မှာဖြစ်ပြီး ကိုယ့်သူငယ်ချင်းတွေဆီကို သီချင်းဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေ၊ ဓါတ်ပုံတွေ
အပြင် ကိုယ်အသံဖိုင်လေးတွေကိုလဲ ပေးပို့နိုင်ပါတယ်။

Application တွေအကုန်လုံးကတော့ သူ့အားသာချက်နဲ့သူရှိတဲ့အတွက် user တွေရဲ့ရွေးချယ်မှုကသာ အရေးကြီးဆုံးပါပဲ။ အများနဲ့မတူတဲ့ feature တွေလည်းပါဝင်လာတဲ့အတွက်ကြောင့် စမ်းသုံးကြည့်ချင် တယ်ဆိုရင်တော့ အသုံးပြုသင့်တယ်လို့ထင်ပါတယ်။ Message နဲ့ chat အတွက်သီးသန့်မို့လို့ Phone call တော့ အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ ကျန်တဲ့ feature တွေလည်း အများကြီးရှိပါသေးတယ်။ ကျွန်တော်လည်းမသုံးကြည့်ရသေးတော့ အဆင်မပြေတာလေးတွေရှိရင်တော့ comment ပေးခဲ့ပါ။ ကျွန်တော်လေ့လာပြီးမှ ပြန်ပြောပေးပါ့မယ်။  အောက်မှာ Screen shot ပုံတွေကိုထည့်ပေးလိုက်ပါ တယ်ဗျာ။ လေ့လာပြီး အသုံးတည့်ရင်တော့ download လုပ်ပြီးအသုံးပြုနိုင်ပါတယ်ဗျာ။







အောက်က link ကနေ download လုပ်နိုင်ပါတယ်ဗျာ။




Download Here

အားလုံးအဆင်ပြေကြပါစေဗျာ။

Aung Ko Htet ( IT studier)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။