Wednesday, June 26, 2013

Window 7 တွင် refresh rate change နည်း

1.  ပထမဦးဆုံး computer desktop ရဲ့ နေရာလွတ်မှာ right click နှိပ်ပြီး Screen Resolution ကိုနှိပ်လိုက်ပါ။


2.  နောက်တစ်ဆင့်ကတော့ Display ဆိုတာကိုရွေးလိုက်ပါ။

3.  ပြီးရင်တော့ Advanced setting ကိုနှိပ်လိုက်ပါ။

4.  Screen Refresh Rate ကို change ရန်
  • Monitor လို့ရေးထားတဲ့ Tab ကိုသွားလိုက်ပါ။ 
  • Screen refresh rate ဆိုပြီး တော့ down arrow နဲ့ပြထားတာလေးကိုတွေ့ရပါလိမ့်မယ်။ (သတိထားရမှာက အဲဒီ down arrow မှာ ရွေးဖို့အတွက် ကို Hide လုပ်ထားတဲ့အတွက် ရွေးလို့ရမှာ မဟုတ်ပါဘူး။ ပြောင်းဖို့အတွက် အဆင့် ၅ ကို ဆက်ကြည့်ပေးပါနော်။ )
  • ပြီးရင် OK ကို နှိပ်လိုက်ပါ။ 
5.    All Display Mode ၏ list များအား ရွေးချယ်ခြင်း
  • Adapter ဆိုတဲ့ Tab ကိုရွေးလိုက်ပါ။ ပြီးရင် အောက်နားလေးမှာ list all modes ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါ။ 
  • ရွေးချယ်ဖို့ အတွက် ဖော်ပြပေးထားတဲ့ ပုံစံက screen resolution ,color depth နဲ့ screen refresh rate ဆိုပြီးတော့ အားလုံးကိုတွဲပြီးဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီထဲကမှ ကိုယ်လိုချင်တာကို ရွေးပေးလိုက်ရပါတယ်။ (မှတ်ချက်အနေနဲတော့ ဖော်ပြပေးထားတဲ့ အထဲကမှ ကိုယ့် window version နဲ့ကိုက်ညီတာကိုပဲရွေးပေးမှအဆင်ပြေပါလိမ့်မယ်။ )
  • ရွေးပြီးရင်တော့ OK ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာပြထားတဲ့ ပုံအတိုင်းမြင်ရပါလိမ့်မယ်ဗျာ။ 
6.  အောက်ကပုံအတိုင်းမြင်ရပြီဆိုရင်တော့ Yes ကိုရွေး ပေးလိုက်ပါ။

7.  အားလုံးပြီးသွားပြီဆိုရင်တော့ အဆင့် 3 ကပုံဆံမှာပြန်စစ်ကြည့်လိုက်ရင်လိုက်ပါ။ ရွေးထားတဲ့ refresh rate ကို ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။

ကျွန်တော်သိသလောက်လေးတွေကို ပြန်ပြီး မျှဝေပေးလိုက်တာပါဗျာ။ အမှားပါခဲ့ရင်ခွင့်လွတ်ပေးစေချင်ပါတယ်။ အားလုံးအဆင်ပြေကြပါစေဗျာ။ 

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။