Thursday, June 27, 2013

V Root လို့ခေါ်တဲ့ Onclick Root Tool လေးပါ 10MB

ကျွန်တော့်ရဲ့ ၇ ရက်ကြာ root ဖောက်ခြင်းကို အဆုံးသတ်ပေးလိုက်တဲ့ software လေးလို့ဆိုရမှာပေါ့ဗျာ။
ကျွန်တော် ဖုန်းတစ်လုံးကို root ဖောက်ဖို့လုပ်လိုက်တာ ၇ ရက်ကြာသွားတယ်ဗျာ။ အဲဒါ ဒီ software လေးနဲ့မှပဲ အဆင်ပြေသွားတော့တယ်ဗျာ။ အဲဒါကြောင့်ကျွန်တော်ကိုယ်တိုင် စမ်းသပ်ပြီးတော့မှတင်ပေးလိုက်တာပါ။ ဒီ software လေးက တရုတ်ဖုန်း အများစုကို support လုပ်ပေးပါတယ်။
Samsung , HTC , Sony , Huawei , ZTE , Lenovo , Cool အစရှိတဲ့  model ပေါင်း 1000 ကျော်လောက် root နိုင်တယ်ဆိုဘဲ Android  Version 2.1  ကနေ  4.2 အထိအလုပ်လုပ်တယ်….
one click   ဆိုတော့သုံးရတာလည်းလွယ်ကူတယ်ဗျာ။
Root စလုပ်ဖို့အတွက်ဆိုရင်တော့ အရင်ဆုံး မိမိ phone driver software ကိုမိမိ computer မှာအရင် install လုပ်ပေးရပါမယ်။ ပြီးမှ Root software ကို install လုပ်ပြီးသွားရင် Root ဆိုတဲ့ button လေးကိုနှိပ်ပေးလိုက်ရင် reboot ကျသွားပါလိမ့်မယ်။ Reboot ပြန်တက်လာတဲ့ အခါမှာတော့ Root လုပ်ခြင်းအောင်မြင်သွားပြီပဲဖြစ်ပါတယ်။ သူ့ရဲ့ superuser ကတရုတ်လိုဖြစ်တဲ့အတွက် အပြာရောင် android ပုံလေးမှာ တရုတ်စာသားလေးတွေပြနေမှာဖြစ်ပါတယ်။ အဲဒါဆိုရင်တော့ root လုပ်တာပြီးသွားပါပြီဗျာ။ ဒါပေမဲ့ Root လုပ်မယ်ဆိုရင်တော့ Driver ကို install လုပ်ဖို့၊ Phone မှာ usb debugging နဲ့ unknown sources တို့ကို အမှန်ခြစ် on ပေးထားဖို့တော့ မမေ့စေချင်ဘူးဗျာ။
အောက်က link တွေမှာ Download ဆွဲလို့ရပါပြီဗျာ။

>>> Download Here (4 shared ) <<<

>>> Download Here ( Mediafire) <<<

ဒီ rar file တွေကို download ဆွဲပြီးပြန်ဖြည်ချလိုက်ရင် အထဲမှာ ဖိုင်နှစ်ဖိုင်တွေ့ပါလိမ့်မယ်။ အဲဒီထဲကမှ ကိုယ်ကြိုက်ရာ file ကိုအသုံးပြု ပြီး root လုပ်နိုင်ပါပြီဗျာ။

ဆောင်ဦးလှိုင်လုပ်လိုက်အုံးမယ်ဗျာ။ အပိုဆုအနေနဲ့ အောက်က link မှာ Huawei ရဲ့ Driver rar file ကို လည်းတင်ပေးလိုက်ပါတယ်ဗျာ။ Huawei Phone ကို root လုပ်မယ်ဆိုရင်တော့ အဆင်ပြေတာပေါ့ဗျာ။ ဒီကနေတစ်ခါတည်း Driver software ကိုပါ Download လုပ်ပြီး အသုံးပြုရုံပဲပေါ့ဗျာ။

>>> Download Here <<<

>>> Download Here <<<

ကိုးကား website >>>>>www.amyokaungtarr.com

အားလုံးအဆင်ပြေကြပါစေဗျာ။


0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။