Tuesday, June 25, 2013

GSM တယ်လီဖုန်းများအား အင်တာနက် မြန်နှုန်း တိုးမြှင့် အသုံးပြုနိုင်


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ငှားရမ်း အသုံးပြုခွင့် ပေးခဲ့သည့် အင်တာနက် အသုံးပြုနိုင်သော GSM, WCDMA, CDMA-800 MHz တယ်လီဖုန်း လိုင်းများထဲမှ GSM ကိုလည်း အင်တာ နက် မြန်နှုန်းအား အသုံးပြု သည့်ဖုန်းအမျိုးအစားပေါ် မူတည်၍ တိုးမြှင့်အသုံးပြု နိုင်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ ယခုလက်ရှိ အသုံးပြုနေတဲ့ ဖုန်းတွေကို 2G,3G ဆိုပြီး နှစ်မျိုးခွဲထားတယ်၊ WCDMA, CDMA-800 MHz တွေက 3G network၊ GSM က 2G network ဆိုပြီးတော့ပေါ့၊ အင်တာနက် အသုံးပြုခကိုလည်း GSM အတွက် တစ်မိနစ်နှစ်ကျပ်၊ ကျန်တဲ့ဖုန်းတွေက တစ်မိနစ်လေးကျပ် ပေးရပါတယ်၊ အင်တာနက်မြန်နှုန်း ဆိုတာကတော့ ကိုယ်ဝယ်ယူခဲ့တဲ့ ဖုန်းအမျိုး အစား ပေါ်မူ တည်ပြီး ပြောင်း သုံးနိုင်ပါတယ်၊

မိမိဖုန်းမှာ 3G စနစ်ပါရင် network operators ထဲက network automatically ကို မှတ်ထားလိုက်ရင် နီးစပ်ရာ အင်တာနက် လိုင်းများမှ 3G ရှိရင် 3G လိုင်းကို ဖုန်းကတစ်ဆင့် သုံးနိုင်မှာပါ၊ 3G စနစ်သုံး WCDMA, CDMA-800 MHz ဖုန်းတွေလည်း 3G network မမိရင် 2G စနစ်ကိုပဲ အလိုလိုပြောင်း သွားမှာပါ၊ တစ်သိန်းအောက် ပေးရတဲံ့ Huawei ဟန်းဆက်တွေ မှာ မြန် မာနိုင်ငံနှင့် သင့်လျော်တဲ့ စနစ်တွေ တော်တော်များများ ပါဝင်ပါတယ်၊ CDMA-800 MHz အတွက် အင်တာနက်လိုင်းက သီးသန့်ဖြစ်နေလို့ ပြောစရာ မလိုပေမယ့် GSM နှင့် WCDMA ဖုန်းတွေ ဝယ်တဲ့အခါမှာ 2G စနစ်ပဲ သုံးနိုင်တဲ့ ဟန်းဆက်ကို ဝယ်လိုက်ရင် 3G network ကို သုံးလို့ရမှာ မဟုတ်ပါဘူး'' ဟု မိုဘိုင်းလ်နှင့် အင်တာနက် အသုံးပြုနေသူ တစ်ဦးထံမှ သိရသည်။
Ref : မြဝတီ 
ဗဟုသုတအနေနဲ့တင်ပေးလိုက်ပါတယ်ဗျာ။  

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။