Showing posts with label iPhone နှင့်ပတ်သက်သမျှလေးများ. Show all posts
Showing posts with label iPhone နှင့်ပတ်သက်သမျှလေးများ. Show all posts

Friday, January 3, 2014

iPhone, iPad Reset Settings များအကြောင်း



ယခုတစ်လော ကျွန်တော့်ထံ အများဆုံးရောက်လာသော စာတွေထဲမှာ "Reset" လုပ်တာနှင့် ပက်သက်တဲ့ အကြောင်းအရာတွေ ပါဝင်လာပါတယ်။ အချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် Factory Reset ပြန်လုပ်ချင်တယ်။ အချို့ကလည်း မိမိ၏ဖုန်းကို ရောင်းလိုက်ပြီးမှ တစ်ခြားသူက မိမိ၏ Data တွေ ရယူအလွဲသုံးစား လုပ်နေကြောင်းတွေ ကြားသိရပါတယ်...

ဤအကြောင်းအရာများ အားလုံးဟာ "Reset" လုပ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါတယ် ဒါကြောင့် iPhone, iPad "Reset" လုပ်ခြင်းကို ရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန် ရေးသားဖော်ပြလိုက်ပါတယ်...

iPhone, iPad တွေရဲ့ Reset Settings ကို ဖွင့်လိုက်မယ်ဆိုရင် "Reset" လုပ်နိုင်မည့် ပုံစံ (၆) မျိုးကို အောက်ပါအတိုင်း တွေ့မြင်ကြရပါမယ်...

  • Reset All Settings
  • Erase All Content and Settings
  • Reset Network Settings
  • Reset Keyboard Dictionary
  • Reset Home Screen Layout
  • Reset Location & Privacy
တို့ကို တွေ့ကြရမှာ ဖြစ်ပါတယ်၊ တစ်ခုခြင်းစီရဲ့ လုပ်ဆောင်ချက်များကို ဖော်ပြပေးသွားပါမယ်...

Reset All Settings

သည် Settings များအားလုံးကို Factory Default Reset လုပ်သွားမှာဖြစ်ပါတယ်။ WiFi, Bluetooth, Do No Disturb, Notifications, General Sounds, Brightness, Wallpaper နှင့် Privacy တို့ကို Reset ပြန်လုပ်သွားပါလိမ့်မယ်။

သို့သော် မိမိ iDevice အတွင်းရှိ Music, Videos, Photos တွေကိုတော့ ဖျက်ပစ်မှာ မဟုတ်ပဲ ကျန်ရှိနေပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset All Settings ကိုနှိပ်ပြီး Reset All Settings ကိုပဲ ထပ်မံနှိပ်ပါ (Apple က သေချာအောင် ထပ်မေးခြင်းဖြစ်ပါတယ်)


Reset လုပ်ခြင်း ပြီးသွားတဲ့အခါမှာတော့ iDevice ကို Reboot လုပ်ပါလိမ့်မယ်။ Warning နှစ်ဆင့် ပေးလာမှာ ဖြစ်သော်လည်း ဒါဟာ မိမိ၏ Data များကို ထိခိုက်နိုင်ခြင်းမရှိပါဘူး။
မိမိ၏ Email, SMS, iMessage တို့မှာ ဒီအတိုင်း ကျန်ရှိနေပါလိမ့်မယ်။

ယခု Reset Settings ကိုတော့ မူရင်းအတိုင်း ဖြစ်စေရန် တစ်ခုခြင်း လိုက်လံမပြင်လိုတဲ့ အခါမှာ သုံးနိုင်ပါတယ်။

Erase All Content and Settings

ယခု Reset Settings ကို အသုံးပြုမယ် ဆိုရင်တော့ အလွန်သတိထားရပါလိမ့်မယ်။ ဤ Reset Settings သည် မိမိ iDevice တွင်းရှိ အားလုံးကို အပြီးတိုင် ဖျက်ပစ်လိုက်မှာ ဖြစ်ပါတယ်။ Media file တွေဖြစ်တဲ့ Photo, video, Music တို့နှင့်အတူ Email, App အစရှိသည်တို့ အားလုံးကို တစ်ပြိုင်တည်း ဖျက်ပစ်ရန် ရည်ရွယ်ပြီး ယခု Reset Settings ကို မသုံးသင့်ပေ။

ယခု Settings ကိုသုံးလိုက်သည်နှင့် iPhone Reboot ပြန်တက်လာပါက Restore mode ရောက်သွားပြီး iTunes နှင့် ချိပ်ဆက်ပြီး Latest iOS ကို Update လုပ်မှသာ ပြန်လည်တက်လာပါမည်။ (Jailbreak လုပ်ထားပါက ပျက်သွားပါလိမ့်မည်)

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Erase All Content and Settings ကိုနှိပ်ပြီး Erase iPhone ကိုနှိပ်ပါ။


ယခု Reset Settings ကိုတော့ သင်၏ iDevice သည် လုံးဝ ကဂျီကချောင် ဖြစ်နေတဲ့အခါမျိုး (သို့) အခြားသူအား လက်ဆင့်ကမ်း ပြန်ရောင်းရန် ရည်ရွယ်တဲ့ အခါမျိုးမှာ မိမိ၏ Data များ မပါစေရန် အသုံးပြုနိုင်ပါတယ်။

အထူး သတိပြုရန်မှာ Reset မလုပ်မီ iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။ Software UnLocked ပြုလုပ်ထားသော iPhone များ ဤ Reset နည်းကို လုံးဝ မသုံးသင့်ပါ။


Reset Network Settings

ယခု Reset Settings သည် Network connection နှင့် သက်ဆိုင်သော "username" "password" အစရှိသည်တို့ကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Network Settings -> Reset Network Settings


ယခု Reset Settings ကို WiFi, Network တို့ကို Factory Default ဖြစ်လိုသော အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။

Reset Keyboard Dictionary

စာရိုက်တဲ့ အခါမှာ Autocorrect feature က အလွန်အသုံးဝင်လှပါတယ် သို့သော် တစ်ခါတစ်ရံ အမည်တွေ အခြားစာတွေ ရိုက်တဲ့အခါမှာတော့ စာလုံးပေါင်း အတွက် autocorrection က ပေါ်လာပြီး ဝင်ပြင်ဖို့ ကြိုးစားပါတယ် ဒီအခါမှာ ကျွန်တော်တို့က (x) လေးကို နှိပ်ပြီး ပြင်ခွင့်မပေးပဲ ကျွန်တော်တို့ လိုသလိုသာ ရိုက်လိုက်ပါတယ် (ဥပမာ Burglish ဆိုပါတော့)။ ဒါဆိုရင် ကျွန်တော်တို့ ရိုက်လိုက်တဲ့ စာလုံးအသစ်ကို Custom dictionary ထဲကို အလိုလိုထည့်လိုက်ပါတယ်။

နောက်တစ်ကြိမ်မှာ တစ်ကယ့် english လို အမှန်အကန်ရိုက်တဲ့ အခါမှာတော့ autocorrection က ပြင်ပေးတဲ့ စာလုံးပေါင်းဟာ မှားကောင်း မှားနေနိုင်ပါတယ်။ ဒီလိုအချိန်မှာ ယခု Reset နည်းကို အသုံးပြုဖို့လိုလာပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Keyboard Dictionary -> Reset Dictionary -> Confirm


ယခု Reset Settings ကို မိမိရဲ့ Dictionary အဆင်မပြေတော့တဲ့ အခါမှာ သုံးနိုင်ပါတယ်။


Reset Home Screen Layout

ယခု Settings ကတော့ Home screen မှာရှိသော App များကို Default အတိုင်း ဖြစ်စေရန် ပြန်စီစဉ်ပေးမှာဖြစ်ပါတယ်။ ဥပမာ Stock App တွေကို စိတ်ကြိုက် အခြားနေရာမှာ ရွေ့ထားမိပါက ပုံမှန်အတိုင် ပထမဆုံး စာမျက်နှာမှာကို ပြန်လည် ပြောင်းရွေ့ပေးပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Home Screen Layout -> Reset Home Screen -> Confirm


ယခု Reset Settings ကို မိမိရဲ့ Stock App များ နေရာမှန် ပြန်ရောက်စေရန် အသုံးပြုနိုင်ပါတယ်။


Reset Location & Privacy

ယခု Settings ကတော့ Location နှင့် Privacy settings များကို Default အနေနှင့် ပြန်လည် Reset လုပ်ပေးမှာ ဖြစ်ပါတယ်။ Default အနေနှင့်ဆိုလျှင် Settings -> Privacy မှာ OFF ဖြစ်သွားပါလိမ့်မယ်။ ဒီအချိန်မှာ တစ်ခုသတိပေးလိုတာကတော့ "Find My iPhone" လည်း Location ကို Track လုပ်နိုင်တော့မည် မဟုတ်ပေ။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Location & Privacy -> Reset Settings


ယခု Reset Settings ကို အခြား Third party App များ၏ Location service များကို တစ်ပြိုင်ထဲ ပိတ်လိုသည့် အခါမျိုးတွင် အသုံးပြုနိုင်ပါသည်။ ပြန်လည် ဖွင့်လိုသည့်အခါ အချိန်မရွေး Settings -> Privacy ထဲမှ စိတ်ကြိုက် ပြန်ပြီး "Enable" လုပ်နိုင်ပါသည်။ "Find My iPhone" ကို ပြန်လည်၍ "Enable" လုပ်ထားရန် မမေ့ပါနှင့်...

အထက်ပါ အကြာင်းအရာများသည် "Reset Settings" နှင့် ပက်သက်၍ သိရှိ သဘောပေါက် နားလည်ထားသင့်သော အချက်များ ဖြစ်ပါသည်။ မည်သည့် Reset Settings ကိုပဲ သုံးစေကာမူ Reset မလုပ်ခင် "BackUp" လုပ်ထားရန် မမေ့သင့်ပါချေ...

    
         အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 
 
မိုးသိကြား
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Sunday, December 29, 2013

unlimtones For IOS 7


ဒီ tweak လေးနဲ့ iDevice က Music app ထဲက သီချင်းတွေကို ringtone လုပ်လို.ရပါတယ်။ မိမိတို.လိုချင်သော Ringtone တွေကိုလည်း Search မှာရှာလို.ရပါသေးတယ်.....Myanmar Ringtones တွေလည်းရပါတယ်ခင်ဗျ။ IOS 7 မှာ အဆင်ပြေပါတယ် ခင်ဗျ။
ADD= http://cydia.myrepospace.com/komin27/

အဆင်ပြေပါစေ ခင်ဗျ။





APPLE AND IOS

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Wednesday, December 25, 2013

Tethered Jailbreak နဲ့ Untethered Jailbreak ဘာကွာလဲ



Apple က သူ့ရဲ့ iOS ကိုဝင်ပြင်ခွင့်မပေးပါဘူး။ ဥပမာ System Keyboard တွေ အသစ်ထည့်လို့မရတာ၊ Crack လုပ်ထားတဲ့ application တွေထည့်လို့မရတာတို့ပေါ့။ Close OS တွေလို့ခေါ်ပါတယ်။ Jailbreak လုပ်တယ်ဆိုတာက Apple ကပိတ်ထားတဲ့ iOS ကို ဖွင့်ပြီး လိုသလိုပြောင်းလို့ရဖို့ Operating System ကိုပြင်လိုက်တာကိုပြောတာပါ။ ကိုယ့်စိတ်ကြိုက် keyboard တွေ Themeတွေ ထည့်လို့ရလာမယ်။ Crack application တွေထည့်လို့ရလာမယ် စသဖြင့်ပေါ့။ ဒါပေမဲ့ jail ထားတဲ့ device ဟာ warranty ပျက်ပါတယ်။ ဒီနေရာမှာ Jailbreak ကိုနှစ်ပိုင်းခွဲလာကြပါတယ်။ Tethered နဲ့ Untethered ပါ။ လွယ်လွယ်ပဲပြောကြပါစို့။ Tethered Jailbreak ဆိုတာ ကျွန်တော်တို့ရဲ့ device ကို tethered jailbreak လုပ်ထားတယ်ဆိုပါစို့။ ကျွန်တော်တို့ ပြန်ပြင်လိုက်တဲ့ theme တွေ၊ font တွေ၊ Crack app တွေက device ကိုမပိတ်မချင်းထိ သုံးလို့ရနေပါတယ်။ device ကိုပိတ်လိုက်ပြီး ပြန်ဖွင့်တဲ့ အခါမှာတော့ theme တွေ၊ font တွေ မရှိတော့ပါဘူး။ Crack app တွေကရှိတော့ ရှိနေပြီး၊ ဖွင့်လို့မရတော့ပါဘူး။ ဆိုလိုတာက jail ထားတဲ့ data တွေမကျန်တော့တာပါဘူး။ Jail မလုပ်ခင် အခြေအနေကို ပြန်ရောက်သွားတာပါ။

 တကယ်လို့ jail ထားတဲ့ အခြေအနေကို ပြန်သွားချင်တယ်ဆိုရင်တော့ jailbreak လုပ်ထားတဲ့ computer နဲ့ပြန်ချိန်ပြီး just boot ပြန်လုပ်ရပါတယ်။ Untethered Jailbreak ဆိုတာ ကျွန်တော်တို့ရဲ့ device ကို untethered jailbreak လုပ်ထားတယ်ဆိုရင်တော့။ စက်ကို ပိတ်လိုက်လဲ jail လုပ်ထားတဲ့အခြေအနေကနေ ပြန်ပျောက်မသွားပါဘူး။ ပိတ်ပြီး ပြန်ဖွင့်လိုက်လဲ jail ထားတဲ့ အခြေအနေတိုင်းပဲရှိနေပါတယ်။ ကွန်ပျူတာနဲ့ ပြန်ချိတ်စရာမလိုပါဘူး။ ဒီတော့ဗျာ ကျွန်တော်တို့ အနေနဲ့ warranty လိုချင်တယ်ဆိုရင်တော့ tethered jailbreak လုပ်ပေါ့။ ပိတ်လိုက်တာနဲ့ jailbreak နဲ့ပါတ်သတ်တဲ့ data တွေမရှိတော့ပါဘူး။ ဒါပေမဲ့ ပြသနာက ပိတ်လိုက်ရင် ကျွန်တော်တို့ ထည့်ထားတဲ့ custom font တွေ၊ crack app တွေမရှိတော့ပါဘူး။ ပြန်လိုချင်ရင်တော့ computer နဲ့ပြန်ချိတ်ပြီး just boot ပြန်လုပ်ဖို့လိုပါပြီ။ Untethered ကတော့ ပိတ်ပြီးပြန်ဖွင့်လိုက်လဲ ဘာမှမဖြစ်ပါဘူး။ jailbreak လုပ်ခဲ့တဲ့ data တွေကျန်ခဲ့ဦးမှာပါ။ warranty အတွက်တော့ စိတ်မပူပါနဲ့ factory reset လုပ်လိုက်ရင် ဖုန်းက အသစ်ဖြစ်မှာပါပဲလေ
Myanamr Cloud

Credit>>> MM IT Helper
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Tuesday, November 26, 2013

Wondershare SafeEraser 1.1.0.6 Portable (14Mb)


Wondershare SafeEraser ကတော့ မိမိဖုန်းမှာရှိတဲ့ iDevices: contacts, messages, photos, videos, apps, account info, passwords and other personal data stored on iDevices အကုန်လုံးကို
မိမိလိုဖျတ်ချင်တဲ့အပိုင်းကို 1-Click "Clean Slate" ပဲဖြစ်ပါတယ်။ မိမိဖျတ်တချင်တာကို သေချာရွေးပါ
ပြီးရင် Click လိုက်ရုံနဲ့ ပြီးပါပြီ။ အသုံးပြုနိုင်တဲ့ အမျိုးအစားတွေကတော့ iPhone, iPad or iPod touch
တို့ပဲဖြစ်ပါတယ်။ Windows XP/Vista/7/8 တို့တွင်အသုံးပြုနိုင်ပါတယ်။ portable version ဖြစ်တဲ့အတွက် activate အတွက်ပူစရာမလိုတော့ပါဘူး။



3 different modes to erase data safely from your iDevice:

Low (1 pass): erases your iDevice quickly
Wipes off data on your iPhone, iPad or iPod touch with fastest speed. This option writes a single pass of zeros over the entire device, saving you time.

Medium (2 passes): no one knows the data on your device is erased
It leaves no traceability of data erasure. This option writes two passes of random data followed by a single pass of known data over the entire iDevice. All existing and deleted data on your iPhone, iPad or iPod touch will be overwritten by random data.

High (3 passes): meets the DOD 5220 - 22 M standard
This option is by far the most secure data destruction option. It writes over the data 3 times by using the DOD 5220 - 22 M standard. Even a government’s facility with the state-of-art data recovery technology won’t be able to retrieve data afterwards. This mode takes longer but is the safest.

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 

မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

http://dl-13.one2up.com/onetwo/content/2013/11/26/73f0a47c177dea6268def9c1c51301df.exe

 http://adfoc.us/14251335611851

http://www13.zippyshare.com/v/2823750/file.html 


 နည်းပညာမြို့တော်



အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Sunday, November 10, 2013

Apple Store တွင် $0.99 ပေးရသော My Private Browser with Dot Lock Security IPA (iPhone/iPod) မှာ free ရပြီ

ဒီတစ်ခါတော့ iPhone ကိုင်တဲ့သူများအတွက် သတင်းကောင်းပါ။ ကျွန်တော်လည်း iPhone/iPad/iPod နဲ့ ပတ်သတ်တဲ့ app တွေမတင်တာကြာပါပြီ။ အခုတော့ ပူပူနွေးနွေးလေးပြန်တင်ပေးလိုက်ပါတယ်။ ဒီ ipa က Browser ပါ။ Pattern lock နဲ့ Browser ကိုပိတ်ထားလို့ရတယ် သဘောက ကိုယ်သိရင် ကိုယ်ဖွင့်လို့ရမယ်။ Apple Store မှာတော့ $0.99 ပေးရပြီး ဒီမှာတော့ Free ပါ။ ပိုပြီး သိချင်ရင်တော့ http://adf.ly/Z5xRI မှာဖတ်ကြည့်ပါ။ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲပါ။ အဆင်ပြေပါစေ။

Description


My Private Browser with Dot Lock Security
Now for iPhone and iPod Touch!
++++++++++++++++++++++++++
With My Private Browser with Dot Lock Security you can keep out nosey family members,
friends, and meddling strangers!
++++++++++++++++++++++++++
Features include:
★ Passcode Lock
Lock away using the powerful passcode feature.
★ Slide Mune
★ Private Browser
Browsing history is cleared when you exit the browser
★ Bookmarks
Store unlimited number of bookmarks in the app - privately!
★ Auto-Complete
Simply key in "apple.com" into the address bar and let it autocomplete it to "http://www.apple.com"
★ Mobilizer
Load web pages faster in a mobile-optimized format.
★ Cookies Manager
Clear your tracks - delete cookies anytime, or when you quit the browser
★ Search Engine Integration





Download => Link 1 / Link 2 / Link 3
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Wednesday, October 23, 2013

မြန်မာ Browser ဖြစ်သော Mogok v3.1 IPA (iPhone/iPod/iPad free download)

သူကလည်း iPhone/iPod/iPad မှာရှိတဲ့ Safari အတိုင်းပါပဲ။ ဒါပေမယ့် iOS 7 သမားတွေ နဲ့ Jailbreak မလုပ်ရသေးတဲ့ဖုန်းတွေအတွက် ပြဿနာဖြစ်နေပါတယ်။ သူကအရမ်းကောင်းတယ်။ မြန်မာ font မရှိလည်း အဲ့မှာရေးလို့ရတယ်။ ဖတ်လို့ရတယ်။ Free လည်းပေးတယ်။ ပိုပြီးသိချင်ရင်တော့ http://adf.ly/Y2fH1 မှာဖတ်ကြည့်ပါ။ အောက်ပါအတိုင်းဒေါင်းလုတ်ဆွဲပါ။ အဆင်ပြေပါစေ။

Description

The 1st and the one yet that supports reading/writing Burmese Language (Unicode/Zawgyi) and fully working on iTouch/iPhone and iPad.

Features:
• Bookmarks
• History
• Tab Restoration
• Private Mode
• Clear Cookies
• Clear History
• Save bookmarks in Burmese
• Surf unicode domain
• HTTP Authentication support
• Proxy Authentication support
• Support Landscape and Portrait Mode
• Myanmar Font Tagger is added for allowing to display Zawgyi and Unicode font
• KeyMagic smart IME is embedded and following layouts are included:
▪ MyanSan (Smart)
▪ Mon
▪ PangLongSHAN
▪ Zawgyi L - Unicode
▪ Zawgyi L



Download => Link 1 / Link 2

Monday, October 14, 2013

iPhone, iPad & iPod touch သမားတွေအတွက် data recovery

Dr.Fone
iPhone, iPad & iPod touch သမားတွေအတွက်လည်း  data recovery software လေးကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။data recovery software လေးက ဆုံးရှုံးသွားတဲ့  data (အချက်အလက်တွေကို )ပြန်ယူလို့ ရတယ်ဆိုတာတော့ အားလုံးသိပြီးသားမို့ ရှင်းမပြတော့ ပါဘူး။တောင်းဆိုထားတဲ့ ညီလေး ကျော်ဇော် လည်းတစ်ခါတည်းဒီမှာယူ
သွားလိုက်ပါခင်ဗျာ။ မိမိတို့ ကွန်ပျူတာက windows & max နှစ်မျိုးလုံးအတွက်ဒေါင်းလို့် ရမှာဖြစ်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာဒေါင်းလုပ်ယူလိုက်ပါခင်ဗျာ။








 အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင်
ဒီမှာ like လုပ်ပေးပါ။




စိုင်းသူ

Saturday, October 12, 2013

iPhone 5 , 5 s နှင့်  5 c တို့ ၏ ( top ten secret codes) များ


iPhone 5 , 5 s နှင့်  5 c တို့ ၏ ( top ten secret codes) များ
===================================


1 ။ *#06# to find ime number (it will work many of smart phone)

2 ။ *#21# is display information about call forwarding (call voice and data )

3 ။ *#62 # information call forwarding if iphone is switched or in case of none of services is available

4 ။ ## 002 # this code disable call forwarding .

5 ။ *#30# this codes allow (or) blocks the phone number calling you

6 ။ *# 31 # allow you to hide your number.

7 ။ *#33# multiple configuration like (call,sms,data,etc..) and show wether they are enabled or not.

8 ။ *#61# to know miss call

9 ။ *#43# to verify status call wating like ( sms,data and sync data )

10 ။ *3001#12345#* to display many of inner setting of your phone.

========================================
ဆက်လက်ဖော်ပြပေးပါမည်။


    


အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင်
ဒီမှာ like လုပ်ပေးပါ။





စိုင်းသူ 




Saturday, August 3, 2013

iPhone အတွက် Cydia Sources များ

 အစ်ကိုတစ်ယောက်ကမေးတယ်ဗျ။ Cydia sources မှာသုံးတဲ့ bigboss software နဲ့တူတဲ့ တခြား software ရှိလားတဲ့။ ကျွန်တော်လည်းသေသေချာချာ မသိဘူးလို့ပြော လိုက်တယ်။ ပြီးမှ ရှာကြည့်လိုက် တာနည်းတာ မဟုတ်ဘူး။ အစ်ကိုတစ်ယောက် ဆီက လေ့လာမိလို့ပြန် share ပေးလိုက်ပါတယ်ဗျာ။ 

  

 Cydia Sources

iFonetec: http://app.ifonetec.com/cydia/
BigBoss & Planet-iPhones: http://apt.bigboss.us.com/repofiles/cydia/
Hack&Dev;.org: http://iphone.hackndev.org/apt/
iClarified: http://cydia.iclarified.com/
iSpazio: http://ispaziorepo.com/cydia/apt
Free Coder: http://iphone.freecoder.org/apt/
Intelliborn: http://intelliborn.com/cydiav/
iPhone Video Recorder : http://www.iphonevideorecorder.com
iFon Norway: http://c.iFon1.no
ModMyiFone: http://apt.modmyi.com/
Weiphone Source http://app.weiphone.com/cydia/
SaladSoft: http://nickplee.com/cydiasource/
Ste Packaging: http://repo.smxy.org/cydia/apt/
Steffwiz: http://apt.steffwiz.com/
Telesphoreo Tangelo: http://apt.saurik.com/
urbanfanatics.com: http://urbanfanatics.com/cydia/
WeHo: http://weho.ru/iphone/
iAcces: http://www.iacces.com/apt/
ZodTTD: http://www.zodttd.com/repo/cydia/
Hackulo.us: http://cydia.hackulo.us
Vwallpapers: http://i.danstaface.net/deb/
iphone.org.hk: http://www.iphone.org.hk/apt/
xSellize Normal: http://cydia.xsellize.com/
Niklas Schroder: http://apt.paperclipsandscrambledeggs.com
lHackers.nl: http://apt.hackers.nl/
RichCreations: http://www.richcreations.com/iphone/apt/
Zuijlen: http://zuijlen.eu
Bloc Apple en Catalá: http://apple.blocks.cat/repo/
comcute&gecko;: http://gecko.pri.ee/cydia/
iFoneguide.nl: http://cydia.ifoneguide.nl/
iPhones-notes.de Repo: http://apt.iphone-storage.de/
iPhone-patch: http://mspasov.com/
iphonehe.com: http://iphonehe.com/iphone/
iphoneIslam: http://apps.iphoneislam.com/
iPhonemmod.br: http://cydia.iphonemod.com.br/
iPuhelin.com: http://ipuhelin.com/cydia/
i-Apps: http://cydia.i-apps.pl/
SOS iPhone: http://cy.sosiphone.com/
Macbury: http://macbury.jogger.pl/files/
MyApple: http://cydia.myapple.pl/
CZ&SK;: http://csid.tym.cz/repo/
yellowsn0w: http://apt9.yellowsn0w.com/
iBlueToothProject: http://ibluetoothproject.com/cydia
iSoftRu: http://isoftru.ru/repo/
David Ashman: http://david.ashman.com/apt/
A-steroids: http://a-esteroids.com/cydia/
AppleNewsFR: http://apple-news.fr/repo/
TouchMania: http://cydia.touch-mania.com/
EasyWakeup: http://easywakeup.net/rep/
hkvls.dyndns.com: http://hkvls.dyndns.com/downloads/debian
Sleepers: http://repo.sleepers.com/cydia
Ranbee: http://ranbee.com/repo/
PwnCenter: http://apt.pwncenter.com/
Redwolfberry: http://redwolfberry.com/rupertgee/cydia/
Darvens Repository: http://apt.guardiansofchaos.com/
IngiliZanahtari: http://apt.ingilizanahtari.com/
iPhone-patch (Bulgarian): http://mc2.iphoneall.org/
4PP13 Team Repository: http://apt.123locker.com
iPhone.ir Repo : http://ir-iphone.ir/cydia/
iRom gba/Apps: http://iromrepo.com/Cydia/gba/
iRom Genesis Roms: http://iromrepo.com/Cydia/genesis/
iRom SNES Roms: http://iromrepo.com/Cydia/snes
Howett: http://howett.net/cydia
Clubiphone: http://www.clubifone.org/repo
SinfuliPhone: http://sinfuliphonerepo.com
VNMagic: http://vnmagic.net/cydia

Installer 4.0 Sources

A27 Dev: http://www.a27dev.com/installer/repo
AboutTheiPhone: http://www.makkiaweb.net/openrepo/abouttheiphone/
Apdyg: http://www.apdyg.com/repo/
BigBoss’s Apps and Things.: http://www.apptapp.thebigboss.org/repofiles/installer4/
BigBoss’s Apps and Things.: http://www.iphonebigboss5.com/repo/repof…nstaller4/
Chamber Labs Repsitory: http://www.chamber.ee/repo/
Code Genocide Repo: http://repo.codegenocide.com/
Danimator’s Repo: http://www.danimator.techdocrx.com/Repository/
DelphiKnight’s Repository: http://www.iphone.appstore.ge/
Elite Members Repo: http://www.teamifortner.com/installer/
Fishbone’s Repo: http://www.fishbone.site90.com/
HDNL Repository: http://www.hackers.nl/repo4/
HHVN – iPhone: http://iphone.handheld.com.vn/installer/
Hiphonepro.com Repo: http://www.hiphonerepo.com/repo/
Intelliborn: http://www.intelliborn.com/repo/
LoQueBARTnoEscribe: http://www.multifiesta.com.uy/i/
M2 Local Repo: http://m2.iphoneall.org/
MacOS Movil: http://www.repo.macosmovil.com/
MacOS Movil: http://www.bealze.com/repo/
ModElit3ge: http://www.elit3ge.info/repo/
ModMyiFone.com: http://i.modmyi.com/
ModMyiFone: http://www.modmyi.com/i/
ModMyiFone: http://www.modmyiphone.com/i/
ModMyiFone: http://www.modmyifone.com/i/
Moroko VoIP Repo: http://mobile.moroko.ru/iphone/
Ocho Repo: http://www.nextphasesolutions.com/iphone/
RiP Dev: http://i.ripdev.com/
SOS iPhone French Repository: http://i.sosiphone.com/
Ste Packaging: http://repo.smxy.org/installer4/
ZeFiR’s rep: http://www.zefir.kiev.ua/repo/
gPDA.ru: http://www.gpda.ru/r/
hackint0sh.org installer repo: http://hackint0sh.org/repo/
i4repo.com: http://www.i4repo.com/
iAcces Community: http://www.iacces.com/repo4/
iClaified: http://www.iclarified.com/installer4/
iFon Norway: http://www.ifon1.no/installer4/instructions.php (http://i.ifon1.no)
iFoneTec Repository: http://app.mivtones.com
iFoneTec Repository: http://repo.ifonetec.com/
iFoneTec(VIP) Repository: http://vip.mivtones.com/
iFoneguide: http://www.ifoneguide.nl/repo/
iModZone Repo: http://imodzone.extroverthost.com/repo/
iModZone Repo: http://i.imodzone.net/
iPhone-notes.de: http://i.iphone-storage.de/
iPhoneBlog.co.il Repository: http://rep.hacxip.com/
iRom Apps/GBA: http://www.iromrepo.com/Repo/GBA/
iRom GENESIS: http://www.iromrepo.com/Repo/GENESIS/
iRom SNES: http://www.iromrepo.com/Repo/SNES/
iSpazio Official: installer.ispazio.net/
iSpazio Official: http://repo.neolinus.org/ispazio/
iXtension: http://www.ixtension.com/repo/
navco786: http://www.navco786.com/repo/

Installer 3.X Sources

BigBoss’s Apps and Things: sleepers.net/iphonerepo
iSpazio Official: http://repo.ispazio.net
ModMyiFone.com: modmyifone.com/installer.xml
RiP Dev (Kate, formerly Caterpillar): http://repository.ripdev.com/
Ste Packaging: http://repo.smxy.org/iphone-apps/ (make sure you include the last /)
CopyCoders: homepage.mac.com/hartsteins/copycoders/copycoders.xml (Network Apps)
dajavax: dajavax.googlepages.com/repo.xml
aka.Repository: akamatsu.org/repo.xml
AlliPodHax Source: ihacks.us/index.xml or allipodhax.3host.biz/index.xml
AlohaSoft 1.0.2 – homepage.mac.com/reinholdpenner/102.xml
AlohaSoft 1.1.1: homepage.mac.com/reinholdpenner/111.xml
AlohaSoft 1.1.2: homepage.mac.com/reinholdpenner/112.xml
Apple (not really Apple): applerepo.com
Apple Daily Times: http://www.appledailytimes.com/installer
AppTapp Official: repository.apptapp.com
Apogee LTD: apogeeltd.com
Blaze Official: blazecompany.googlepages.com/
BigBoss Beta: sleepers.net/iphonerepobeta
BlackWolf: m8an.de/ownrisk.xml (Extended Preferences)
Byooi Digicide: byooi.com/iphone/digicide.plist (Jiggy Apps)
CedSoft (iSnake/Bounce): prog.cedsoft.free.fr
Chris Miles Repository (iSolitare): iphone.rustyredwagon.com/repo
Conceited Software Beta: http://conceitedsoftware.com/iphone/beta/
Conceited Software: http://www.macminicolo.net/conceited/iphone/cache.plist
databinge: repo.databinge.com
DavTeam: davteam.com/repo.xml
Death to Design: iphone.deathtodesign.com
Digital Agua: repo.digitalagua.com
Dlubbat’s Apps: http://www.dlubbat.com/iphone.xml
Ettore Software Ltd: ettoresoftware.com/iphone/beta/ty.iphone
Fight Club: dezign999.com/repo
FreeMyiPhone: pxl.freemyiphone.com/
Fring: fring.com/iphone.xml
Gogosoft Source: http://www.blackblack.org/gogobeta.plist
GravyTrain ’s Vault: iiispace.com/installer2.xml (Includes user submitted themes)
Hijinks Inc.: hijinksinc.com/i/installer.xml
hitoriblog Experimental Pack: hpcgi3.nifty.com/moyashi/ipodtouch/repository.cgi
HighTymes: hightymes.org/iphone/plist/index.xml
iApp-a-Day: iappaday.com/install
Imagine09: home.twcny.rr.com/imagine09/Imagine09.xml
iBlackjack: iphonefanclub.com/native
iClarified: installer.iclarified.com
iFoneTech: app.ifonetec.com
Intelliborn: intelliborn.com/repo
Intelliborn (Cydia Source): intelliborn.com/cydia
iPhone Cake: iphonecake.com/src/all
iPhoneDevDocs: idevdocs.com/install
iPhone For Taiwan (SummberBoard Themes): iphone4.tw/showme
iPhoneFreakz: iphonefreakz.com/repo.xml
iPhoneIslam: apps.iphoneislam.com
iPlayful: iplayful.com/r
i.Marine Software (Caissa): caissa.us
imimux Repository (Real Artist): imimux.com
iPod Touch Fans: http://www.touchrepo.com/repo.xml
iPod Touched: ipodtouched.net/repo.xml
iPod-Touch-Themes.de: http://www.ipod-touch-themes.de/installer/repo.xml
iSwitcher (old): web.mac.com/iswitcher2/list.xml
iSwitcher (new) = MeachWare: meachware.com/list.xml
Jeremie Engel: rep.visuaweb.com
Jiggy Main Repository (Jiggy): jiggyapp.com/i
lazyasada: lazyasada.xeterdesign.com/repo.xml
Limited Edition iPhone: limitededitioniphone.com/lei.xml
Loring Studios: loringstudios.com/iPhone-schnapps/index.xml
McAfeeMobile Dev Repository: ipkg.mcafeemobile.com
MarcoGiorgini.com: marcogiorgini.com/iPhone/plist.xml
Makayama Software (CameraPro): tinyurl.com/2t8cax
MaomaLand: maomaland.com/iphone/repo.xml
Mateo (BeatPhone): bblk.net/iphone
McCarron’s Repo: patrickmccarron.com/irepo
MeachWare (new iSwitcher): http://www.meachware.com/list.xml
Mkv iPhone Repository: repo.mkv.mobi
Mobile Stacks: mobilestack.googlecode.com/svn/repository/internal.plist
ModMyApple.it (iBirthday): http://www.serverasp.net/chiafa/MMA/repo.xml
Moyashi: hpcgi3.nifty.com/moyashi/ipodtouch/repository.cgi
MTL Repository: home.mike.tl/iphone
MyApple.pl: i.myapple.pl
newATTiPhone.com: newattiphone.com/repo.xml
NPike.net: http://apps.npike.net/repo.xml
Nuclear Design: nucleardesign.net/repository
Planet-iPhones: planet-iphones.com/repository
Polar Bear Farm: http://www.polarbearfarm.com/repo/
Polleo Limited: source.polleo.no
Private Indistury: brandonsgames.com/chriss/index.xml
Pyrofer’s Projects: pyrofersprojects.com/repos/repos.xml
R4m0n (iPhysics): iphone.r4m0n.net/repos
Robota Softwarehouse: iphone.robota.nl
Sanoodi Repository: sanoodi.com/iphone
Saurik’s Coding Toolbox (Cydia): apptapp.saurik.com
ScoresPro: http://www.scorespro.com/iphone/repo.xml
scummVM: urbanfanatics.com/scummvm.xml
sendowski.de (MobileChat)sendowski.de/iphone
Shai’s Apps: ride4.org/shai.xml
Simek’s Graphic: simek.ddl2.pl
sipgate repository: iphone.sipgate.com
Skrew: i.danstaface.net
Slezak’s Stuff: http://www.spencerslezak.com
Smart-Mobil: http://www.smart-mobile.com/beta
Soneso Repository: soneso.com/iphone
SOS iPhone (ContactFlow): rep.sosiphone.com
Spiffyware: spiffyware.net/iphone
Studded: studded.net/installer/index.xml
Surge: iphonesurge.com/iphonesurge.xml
Swell: lyndellwiggins.com/installer/Swell
Swirlyspace: swirlyspace.com/SwirlySpace.xml
Touchmod Team: touchmods.net/rep.xml
Trejan: trejan.com/irepo
Trivialware: mazinger.cs.yale.edu/iphone-apps/index.xml
Unlock.no: i.unlock.no
weiPhone (weTools/weDict): app.weiphone.com/installer
Wiki2Touch: 168weedon.com/i/
Wizdom on Wheels (Common Website Links): iphoneapps.wizdomonwheels.com
XK72 Repository: http://xk72.com/iphone/repos/
ZodTTD.com Releases: zodttd.com/repo

 မူရင်း ===> Chan Nay Linn

အားလုံးအဆင်ပြေကြပါစေဗျာ။

Aung Ko Htet (IT studier)

Saturday, July 6, 2013

iOS နဲ့ Android စမတ်ဖုန်းတွေကို ကြိုးမဲ့ CCTV ကင်မရာအဖြစ် ဘယ်လိုအသုံးချမလဲ



iOS သို့မဟုတ် Android စမတ်ဖုန်း တစ်လုံးသာပိုနေမယ်ဆိုရင် ကြိုးမဲ့ CCTV ကင်မရာအဖြစ် အသုံးချဖို့ စိတ်ကူးမိပါတယ်။ မိမိအိမ်ခြံဝိုင်း၊ မွေးထားတဲ့ တိရစ္ဆာန်ငယ်လေးတွေ၊ ကလေးငယ် သို့မဟုတ် အသက်ကြီး လူမမာတွေကို အနီးကပ်မကြည့်ရှုဖို့ အရေးတကြီးလိုအပ်မယ်ဆိုရင် အပိုရှိနေတဲ့ iOS သို့မဟုတ် Android စမတ်ဖုန်းကို Wireless Network Camera အဖြစ် အသုံးချလို့ ရပါတယ်။

iOS အသုံးပြုထားတဲ့ iPhone, iPod touch, iPad တွေကို Wireless Network camera အဖြစ်အသုံးပြုမယ် ဆိုရင်တော့ ပထမဦးဆုံး Apple App Store မှ Wireless Network camera app ကို Download ဆွဲယူရပါတယ်။ ပြီး image recording ကို enable လုပ်ထားရမှာဖြစ်ပါတယ်။ ကင်မရာမှ ကိုယ်လိုချင်တဲ့ ရုပ်ပုံအကွာအဝေးနဲ့ ဆိုဒ်ကို လိုသလို ချိန်ညှိယူလို့ ရပါတယ်။
ပြီးတော့ မိမိ လက်မှာထားရှိမဲ့ iOS device မှာတော့ yawcam ဆိုတဲ့ software ကို အရင်ဆုံးသွင်း ရမှာဖြစ်ပါတယ်။ ဒါကိုတော့ www.yawcam .com ဆိုတဲ့ ဝက်ဘ်ဆိုဒ်လေးမှ အခမဲ့ Download ဆွဲယူနိုင်ပါတယ်။ ဒါကတော့ စောင့်ကြည့်ကင်မရာကို Network ချိတ်ဆက်ပေးတဲ့ software ဖြစ်ပါတယ်။ ဒါကြောင့်မို့ iOS ကို CCTV ကင်မရာအဖြစ် သုံးမယ်ဆိုရင်တော့ Local Internet service ရှိရမှာဖြစ်ပါတယ်။ ပြီးရင် သင့်ရဲ့ iOS Device က http:// အနောက်မှာ ကင်မရာရဲ့ IP address ကိုရိုက်ထည့်ပေးရပါမယ်။ ယင်း IP address ကလည်း စောင့်ကြည့်ကင်မရာမှာ ပေါ်နေမှာဖြစ်ပါတယ်။ ယင်းကိုကြည့်ပြီးတော့ အလွယ်တကူ ရိုက်ထည့် နိုင်ပါတယ်။ IP address ကတော့ မိမိ အသုံးပြုတဲ့ နေရာအလိုက် ကွာခြားမှုရှိပါတယ်။ ဒါတွေ ပြီးပြီဆိုရင်တော့ သင့်ဘယ်နေရာရောက် မိမိ အိမ်ကို ကိုင်ဆောင်ထားတဲ့ iOS device ကနေ စောင့်ကြပ်ကြည့် ရှုလို့ရပါပြီ။

Android စမတ်ဖုန်းတွေမှာလည်း သိပ်ကွာခြားချက်မရှိပါဘူး။ သူကတော့ အရင်ဆုံး www.market.android.com ကနေ Motion Dectector Pro ဆိုတဲ့ App လေးကို Download ဆွဲရမှာဖြစ် ပါတယ်။ ဒီစနစ်ကတော့ အင်မတန်လွယ်ကူပါတယ်။ App ကိုဖွင့်မယ် ပြီးတော့ ရိုက်ကူး၊ Record လုပ်တဲ့ image နဲ့ ဗီဒီယိုတွေကို မိမိ ပို့ဆောင်မဲ့ ဖုန်းရဲ့ နံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ ဒါကတော့ SMS စနစ်ကို သုံးစွဲခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့ Android ကို Wireless Network Camera အဖြစ် အသုံးပြုမယ်ဆို ရင်တော့ ဖုန်းဘေလ် ကုန်ကျမှာ ဖြစ်ပါတယ်။ ကင်မရာရဲ့ Motion တွေကို မိမိဖုန်းနဲ့ လိုသလိုချိန်ညှိယူ လို့ရပါတယ်။ Advance setting ထဲဝင်ပြီးတော့ အမျိုးမျိုးပြောင်းလဲယူနိုင်ပါတယ်။

ဒါဆိုရင် iOS နဲ့ Android စမတ်ဖုန်းတွေကို Wireless Network Camera အဖြစ် အသုံးပြုလို့ရပါပြီ။

(MyarmarICT မှ ပြန်လည်ဖော်ပြသည်)

ကျွန်တော်လည်း ရှာကြည့်ရင်းနဲ့တွေ့လို့ ပြန် share ပေးလိုက်ရပါတယ်ဗျာ။

အားလုံးအဆင်ပြေကြပါစေဗျာ

Aung Ko Htet (IT studier)

Friday, June 28, 2013

iPhone ကို Lock ဖုန်းလား/Unlock ဖုန်းလားအလွယ်စစ်ကြည့်မယ်


မိမိတို့ဝယ်လာတဲ့ iPhone/ ၀ယ်မယ့် iPhone ဟာ Lock ဖုန်းဖြစ်နေသလား ဆိုတာကို သံသယရှိနေသူ
တွေ အတွက် စစ်ဆေးကြည့်နိုင်ဖို့ နည်းလမ်းလေးပါ။

ဂျပန်ကနေပါလာတဲ့ ဖုန်းတွေ ၊ အမေရိကန် ဖုန်းအများစုဟာ Lock ဖုန်းတွေပါပဲ။ ဒါကြောင့် အဲဒီကဖုန်း
တွေ ၀ယ်မယ်ဆိုရင် ဒီနည်းလေးနဲ့ အရင်စစ်ဆေးကြည့်ပါ။


 အောက်မှာဆက်လက်ဖတ်ရှုကြရအောင်။


  • - ဖုန်းရဲ့ Setting > General > About ထဲကိုဝင်ပါ။
  • - About ထဲကိုရောက်ပြီဆိုရင် အောက်ဘက်ကိုအနည်းငယ် Scroll ဆွဲပါ။ 
  • - IMEI ဆိုတာလေးတွေ့ ပါလိမ့်မယ်။

အောက်ပုံမှာပြထားတဲ့အတိုင်းပါ။



IMEI number ကိုသိရပြီဆိုရင် အဲဒါကိုမှတ်ထားပြီး အောက်မှာပေးထားတဲ့ link ထဲကိုဝင်ပါ။

iPhone Lock/Unlock စစ်ရန်

အောက်ပါအတိုင်းပေါ်လာပါမယ်။

Enter iPhone IMEI number ဆိုတဲ့နေရာမှာ ခုနတုန်းက ဖုန်းထဲမှာကြည့်ခဲ့တဲ့ IMEI number တွေကို
ရိုက်ထည့်ပေးလိုက်ပါ ။

 ပြီးရင် Enter ခေါက်ပါ။



ကိုယ့်ဖုန်းနဲ့ပတ်သက်တဲ့ Information အပြည့်အစုံပေါ်လာပါမယ်။
 ပေါ်လာတဲ့ အထဲက အောက်ဆုံးစာကြောင်းမှာ SIM Lock : ဆိုပြီး ဖုန်းက lock/unlock ဖြစ်ကြောင်း တွေ့
ရပါလိမ့်မယ်။

 အောက်ပုံအတိုင်းပါ။


ဒီလောက်ဆိုရင် ကိုယ်ဝယ်မယ့် iPhone ဟာ Lock ဖုန်းလား / Unlock ဖုန်းလား ဆိုတာကိုသိရှိနိင်ကြပါပြီ။

အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Thet Naing Soe (Myanmar Mobile App Store)
www.myanmarmobileapp.com

from မြန်မာ Mobile Application စတိုး by သက်နိုင်စိုး


Saturday, June 22, 2013

ကမ္ဘာ့အပါးလွှာဆုံးဖုန်းနဲ့ ဈေးကွက် ထိုးဖောက်မယ့် Huawei



တရုတ်နာမည်ကြီး ဖုန်းကုမ္မဏီ တခုဖြစ်တဲ့ Huawei (ဟွာဝေ) က သူ့ ရဲ့ အသစ်ထွက်ရှိလာတဲ့ ကမ္ဘာ့အပါးလွှာဆုံး Huawei Ascend P6 နဲ့ အတူ ကမ္ဘာ့ ဖုန်းဈေးကွက်မှာ အံ့အားသင့်အောင် လုပ်ဆောင်သွားခဲ့ပါတယ်။


Android အသုံးပြုထားတဲ့ Huawei Ascend P6 ဟာ ၆.၁၈ မီလီမီတာ အထူအပါးမျှသာရှိပြီး ပိုပြီးထူးခြားတာကတော့ ရှေ့ ဖက် မျက်နှာပြင်ကင်မရာက 5 megapixel ပါရှိလာတာကြောင့် Facebook နဲ့Instagram တို့မှာကိုယ်တိုင်ရိုက်ဓာတ်ပုံတင်ရတာနှစ်သက်သူများအတွက် အကြိုက်တွေ့စေမှာပါ။

တရုတ်ကုမ္မဏီ ရဲ့အဆိုအရတော့ ဒီဖုန်းက Huawei ရဲ့ နာမည်ကို ပိုမိုကျော်ကြားစေမယ့် အလှည့်အပြောင်းတစ်ခု ဖြစ်ပါတယ် တဲ့။

လန်ဒန်မှာပြုလုပ်ခဲ့တဲ့ ဖုန်းပြပွဲမှာ CCS Insight မှ ဒါရိုက်တာ ဘန်ဝူးထ်က “ဒီဖုန်းဟာ Huawei ထုတ်ခဲ့သမျှ ဖုန်းတွေထဲမှာ ဒီဇိုင်းအရကော၊ သုံးထားတဲ့ ပစ္စည်းတွေအရပါ အရည်အသွေးမှီပြီး ထူးခြားတဲ့ဖုန်းတစ်လုံးဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ၁၈ လအတွင်း တရုတ် ဖုန်းကုမ္မဏီတွေဟာ ဥရောပဈေးကွက် ထိုးဖောက်ဝင်ရောက်ဖို့ နည်းပညာ နဲ့ ပစ္စည်းပိုင်းမှာ အဆင့်မီအောင်ကြိုးစားလာတာကိုတွေ့ ရပါတယ်။
 3G သာ ရတာမို့ ရောင်းချတဲ့အပိုင်းမှာတော့ အကန့် အသတ်ရှိနေအုံးမှာကတော့ ဒီဖုန်းရဲ့ အားနည်းချက်တခုပေါ့။
ဒါပေမယ့်  ဈေးပေါပြီး ပစ္စည်းကောင်းကြိုက်တဲ့သူများအတွက်တော့ မျက်စိကျစရာဖြစ်မှာပါပဲ” လို့ သူက ဆက်ပြောပါတယ်။

Huawei Ascend P6 ပါးလွှာတဲ့ဖုန်း
Huawei ကုမ္မဏီ က သူတို့ရဲ့ ဖုန်းအသစ်ဟာ ကမ္ဘာ့အပါးလွှာဆုံး ဖုန်းလို့ ဂုဏ်ယူ ၀ံ့ကြွားစားနဲ့ထုတ်ဖော် ကြေညာလိုက်ပါတယ်။
Huawei ဖုန်းဟာ အသစ်ထွက်ရှိပြီး နာမည်ကြီးနေတဲ့  HTC One လိုပဲ ၄.၇ လက်မ မျက်နှာပြင်အကျယ်ရှိပါတယ်။
ဒါပေမယ့် HTC One ထက်ပိုမို ပါးလွှာပါတယ်။

ဒါ့အပြင် ဒီဖုန်းဟာ iPhone 5 ထက်လည်း ပိုမိုပါးလွှာတယ်၊  ဒီဖုန်းမထွက်ခင် ကမ္ဘာ့အပါးလွှာဆုံးဖုန်းအဖြစ်အသိအမှတ်ပြုခံထားရတဲ့
Alcatel One Idol Ultra ထက်တောင် ပိုမိုပါးလွှာပါတယ် တဲ့။

အလေးချိန်မှာတော့ iPhone 5 နဲ့ Alcatel One Idol Ultra နှစ်ခုစလုံးထက် အနည်းငယ်ပိုလေးပါတယ်။

ကမ္ဘာသို့ ဈေးကွက်ချဲ့လာတဲ့ Huawei

Huawei ဟာ တရုတ်နိုင်ငံတွင်းမှာတော့ နာမည်ကြီး တံဆိပ်အမှတ်အသားတခုအဖြစ် ရပ်တည်နေပါတယ်။
၁၉၈၇ ခုနစ်မှာ စတင်တည်ထောက်ခဲ့တဲ့ Huawei  ဟာ  တရုတ်နိုင်ငံရဲ့  အကြီးဆုံး ဖုန်းထုတ်တဲ့ ကုမ္မဏီကြီးတခုဖြစ်လာခဲ့ပါပြီ။

၂၀၁၃ ရဲ့ ပထမ ၃လ ဖုန်းရောင်းချရမှုက ၉.၉ သန်း ရှိပါတယ်။
ဒါဟာ Samsung , Apple နဲ့LG တို့ပြီးရင် စတုတ္တ ချိတ်ကာ ကမ္ဘာ့ဖုန်းဈေးကွက်ကိုစတင်ခြိမ်းခြောက်လာခြင်းပါပဲ။


Huawei ရဲ့ ဈေးကွက်ချဲ့ထွင်ရေး အရာရှိ  ရှောင်ယန်က “လွန်ခဲ့တဲ့ ၇ နှစ်က Apple ကို ဒီလောက်နာမည်ကြီးပြီး အောင်မြင်မယ်လို့ ဘယ်သူမှမထင်ခဲ့သလို  လွန်ခဲ့တဲ့ ၅ နှစ်လောက်က အခုနာမည်ကြီးပြီးအရောင်းရဆုံးဖုန်းကုမ္မဏီဖြစ်နေတဲ့ Samsung ဖြစ်လာလိမ့်မယ်လို့  ဘယ်သူကမှမထင်မှတ်ခဲ့ပါဘူး” လို့  ဥပမာပေးကာ Huawei ရဲ့ ဥရောပ နဲ့ကမ္ဘာ့ဈေးကွက်ထိုးဖောက်ဝင်ရောက်ရေးအကြောင်း အားတက်သရော ပြောဆိုသွားခဲ့ပါတယ်။

Huawei Ascend P6 ဖုန်း

Huawei Ascend P6 မှာ 8 megapixel rear camera ပါရှိပါတယ်။
 

တစ်နေ့ တစ်မျိုး မိမိကိုယ်ကို ဓာတ်ပုံရိုက်တာနှစ်သက်သူများအတွက်ကတော့  5  megapixel ရှိတဲ့ 
 ကင်မရာပါရှိတာဟာ ဒီဖုန်းရဲ့ အားသာချက်တခုဖြစ်စေမှာပါ။
 

OS အနေနဲ့နောက်ဆုံးထွက်ရှိထားတဲ့ Android Jelly Bean 4.2.2 ကို  အသုံးပြုထားပါတယ်။
 

မှတ်ဥာဏ်သိုလှောင်မှုအနေနဲ့8 gigabytes of internal storage ပါရှိပြီး 32GB microSD cards တွေထပ်မံထည့်သွင်းလို့ ရပါတယ်။

အလုပ်လုပ်ဆောင်မှု မြန်ဆန်ဖို့ အတွက်ကတော့ 1.5GHz quad core processor ကိုအသုံးပြုထားတာပါ။

မြန်မာပြည်ဈေးကွက်မှာတော့ CDMA နဲ့GSM အသုံးပြုနိုင်တဲ့ Huawei ဖုန်းများဟာ ဈေးပေါတာကြောင့် ရောင်းကောင်းတဲ့ ဖုန်းအမျိုးအစားဖြစ်ပါတယ်။
 

နောက်ဆုံးထွက်ရှိလာတဲ့ Huawei Ascend ဖုန်းအမျိုးအစားတွေက ဒီဇိုင်း နဲ့နည်းပညာပိုင်းမှာပါ ပိုမိုကောင်းမွန်လာပါတယ်။
 

ဒါ့အပြင် ဈေးနှုန်းလည်း သက်သာပါတယ်။
 

Huawei Ascend ဖုန်းတွေ မြန်မာပြည်မှာ အရောင်းသွက်မလားဆိုတာကတော့ စောင့်ကြည့်ဦးမှာ ဖြစ်ပါတယ်။

ကိုးကား။
http://www.bbc.co.uk/news/technology-22949159
http://www.techhive.com/article/2042321/huaweis-ascend-p6-smartphone-has-5megapixel-front-camera-to-watch-you-with.html

 Credit to: ဧရာဝတီ

Saturday, June 15, 2013

iPhone Tips Ebook ( မြန်မာလို )





ဆရာပေတလူ ရေးထားတဲ့ iPhone Tips စာအုပ်လေးပါခင်မျ...ကျတော်တို့ အိုင်ဖုန်းလေး သုံးနေပေမဲ့ တချို့ features လေးတွေကို သိသလိုလို မသိသလိုလိုရှိတက်ကြပါတယ်။

ဥပမာဗျာ.. earphone လေးနဲ့ သီချင်းနားထောင်နေရင် နောက်တစ်ပုဒ်ကျော်ချင်တယ်.. ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ပီး forward ခလုတ်လေးကို နှိပ်မှာလား.. မလိုပါဘူး original earphone မှာ အသံအတိုးအကျယ် ခလုတ်လေးက အလယ်ခလုတ်လေးကို မြန်မြန် နှစ်ချက်နှိပ်လိုက်ပါ။ နောက်တစ်ပုဒ်ကျော်သွားပါမယ်။ အဲသလို အသုံးဝင်တဲ့ tips လေးတွေကို ရေးထားတဲ့ စာအုပ်လေးပါ။

ဖတ်ကြည့်ရင်တော့ တစ်ခုခု အကျိုးထူးမှာ ပါ။ ကျွန်တော်လည်း လေ့လာနေပါတယ်။
လိုချင်ရင်တော့ အောက်က link လေးကနေ download လုပ်လို့ရပါတယ်ဗျာ။

Dwonload Here




 
 
 

Thursday, June 13, 2013

Using iPhone PDF file

iPhone အသုံးပြုမဲ့ သူငယ်ချင်းတွေအတွက်ပါဗျာ။ ကျွမ်းကျင်တဲ့သူတွေကို မဆိုလိုပါဘူးဗျာ။ အခုမှစပြီး အသုံးပြုမဲ့သူတွေအတွက်ပါ။ မသုံးခင်ဖတ်ထားတော့ပိုပြီးအဆင်ပြေနိုင်မယ်ထင်လို့ပါဗျာ။ အောက်က link တွေမှာ download လုပ်လို့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းလေ့လာနေတုန်းမို့လို့ အသုံးဝင်မယ်ထင်ပါတယ်ဗျာ။

 http://www.mediafire.com/?a9dg4sr4n70i242gol6uhlvpg6bpems

https://ahtet.egnyte.com/egnyteSearch.noauth?sourceType=folder&sear

အားလုံးပဲအဆင်ပြေကြပါစေဗျာ။