Wednesday, January 1, 2014

၂၀၁၃ ခုနှစ် ပြည်တွင်း မိုဘိုင်းဖုန်း ဈေးကွက်တွင် Huawei တံဆိပ် လူသုံးအများဆုံး အဖြစ်ဆက်လက် တည်ရှိ



ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်၌ ၂၀၁၃ ခုနှစ်တစ်နှစ်လုံး၏ အရောင်းရဆုံး ဟန်းဆက်များမှာ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် အမှတ်တံဆိပ်များဖြစ်ပြီး ယင်းတို့ထဲတွင် Huawei အမှတ်တံဆိပ် ဟန်းဆက်များက အရောင်းရဆုံး ဖြစ်ကြောင်း ရန်ကုန်၊ မန္တလေးမြို့များရှိ မိုဘိုင်းဖုန်း ရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးသော လုပ်ငန်းများထံမှ စုံစမ်းသိရသည်။

ရန်ကုန်၊ မန္တလေး၊ တောင်ကြီး အစရှိသည့် မြို့များ၏ မိုဘိုင်းဖုန်း ဈေးကွက်တွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် Huawei အပြင် ZTE အမှတ်တံဆိပ် မိုဘိုင်းဖုန်းများက ယခုနှစ်၏ လူသုံးအများဆုံး ဟန်းဆက်များအဖြစ် ဈေးကွက်အတွင်း ယမန်နှစ်ကအတိုင်း ဆက်လက်ရပ်တည် နေခြင်းဖြစ်သည်ဟု အထက်ပါလုပ်ငန်း လုပ်ကိုင်နေသူများက တညီတညွတ်တည်း ပြောသည်။

တရုတ် (တိုင်ပေ) မှတင်သွင်းသည့် HTC အမှတ်တံဆိပ် ဖုန်းအိမ်များမှာမူ Huawei နှင့် ZTE တံဆိပ်များလောက် အရောင်းမသွက်သော်လည်း အရည်အသွေးပိုင်းနှင့် ဈေးနှုန်းပိုင်းတွင်မူ အဆိုပါ အမှတ်တံဆိပ် ဟန်းဆက်များထက် သာလွန်မှုရှိသဖြင့် တတိယနေရာမှ လိုက်နေသည်ဟု ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်းဆိုင်အချို့က သုံးသပ်ပြောကြားသည်။

ထုတ်လုပ်မှု အရည်အသွေးပိုင်းတွင် အားနည်းချက်များ ရှိနေသော်လည်း အခြေခံလူတန်းစား အများစုတတ်နိုင်သည့် နှုန်းထားများ ဖြစ်နေခြင်းကြောင့် Huawei နှင့် ZTE တံဆိပ်များ ကိုသာ အများ ဆုံး ရွေး ချယ် ရခြင်း ဖြစ်ကြောင်း သုံးစွဲသူများက ပြောသည်။

ရန်ကုန်တွင် ရုံးခွဲလာရောက် ဖွင့်လှစ်ထားသည့် Huawei မိုဘိုင်းကုမ္ပဏီ အနေဖြင့် ၎င်းတို့အမှတ်တံဆိပ် ဟန်းဆက်များကို မြန်မာပြည်ဈေးကွက်၌ ၂၀၁၃ ခုနှစ်အတွင်း အလုံးရေ ဆယ်သိန်းခန့် အထိရောင်းချမည်ဟု ယခုနှစ်နှစ်ဆန်းပိုင်းက မီဒီယာသို့ ပြောဆိုထားခဲ့ခြင်း ရှိခဲ့သည်။

 ဒါ့အပြင် Huawei ကုမ္ပဏီသည် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များတွင် ၎င်းတို့၏သီးသန့် ဝန်ဆောင်မှု စင်တာများကို ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းဈေးကွက်တွင် ထိုအမှတ်တံဆိပ် ဟန်းဆက်များကို ပိုမို ချဲ့ထွင်ရန် ကြိုးစားနေသည်ဟု သိရသည်။ HTC ၏ ယခုနှစ်အတွင်း လူစိတ်ဝင်စားမှု အများဆုံးရရှိခဲ့သည့် HTC Butterfly ကြောင့် ၎င်း ၏ထုတ် ကုန်တချို့သည်  ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်တွင် ပစ္စည်းပြတ်လပ်သည်အထိ လူကြိုက်များခဲ့သေးသည်ဟု ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်းဆိုင်တချို့ထံမှ စုံစမ်းသိရသည်။

ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်အတွင်းတွင် တရုတ်နိုင်ငံမှ တင်သွင်းသော Android OS ဟန်းဆက်များက ဈေးကွက်ဝေစု အများဆုံးရရှိ ထားသော်လည်း ၂၀၁၃ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးမြို့များတွင် Apple အမှတ်တံဆိပ် မိုဘိုင်းပစ္စည်းများ၏ ဝယ်လိုအားများသည်လည်း အနည်းငယ် မြင့်တက်လာခဲ့သည် ဟု အထက်ပါ မိုဘိုင်းဖုန်း လုပ်ငန်းလုပ်ကိုင် နေသူများက ဆိုကြသည်။

မိုဘိုင်းဖုန်း သုံးစွဲမှုမြင့်တက်လာသော်လည်း အခြေခံလူတန်းစားများ၏ အရေအတွက်က ပိုမိုများပြားနေသောကြောင့် ဈေးနှုန်းသက်သာသည့် တရုတ်ထုတ်ဟန်းဆက်များကို လူသုံးများရခြင်းဖြစ်သည်။ ထို့ကြောင့် Huawei ကဲ့သို့သော တရုတ်မိုဘိုင်း ကုမ္ပဏီက မြန်မာနိုင်ငံ၏ မိုဘိုင်းဈေးကွက်ကို အများဆုံး ရယူနိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း မိုဘိုင်းဖုန်း လုပ်ငန်းရှင်တချို့က သုံးသပ်ကြသည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသော မိုဘိုင်းဟန်းဆက်များ၏ ဈေးကွက်ဝေစု ပိုမိုများပြားခြင်းနှင့် တစ်ပြိုင်နက်တည်းမှာပင် အမေရိကန်နိုင်ငံထုတ် Apple အမှတ်တံဆိပ် မိုဘိုင်းနည်းပညာ ထုတ်ကုန်များကို သီးသန့်ရောင်းချသည့် အရောင်းဆိုင်များသည်လည်း ၂၀၁၃ ခုနှစ်အတွင်း အများအပြား ထွက်ပေါ်လာခဲ့သည်။
Credit >>> -ယုဇနကိုကို (internet journal )

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။