Tuesday, January 14, 2014

အိန္ဒိယနိုင်ငံ၏ ဒုတိယအကြီးဆုံး နည်းပညာကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံ e-Government လုပ်ငန်းဖွံ့ဖြိုးရန် ကူညီမည်


မြန်မာနိုင်ငံ၏  e- Government လုပ်ငန်းစဉ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အိန္ဒိယနိုင်ငံ၏ နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်သော Infosys က နည်းပညာပိုင်းဆိုင်ရာများကို ပံ့ပိုးကူညီမှုများ ပြုလုပ်သွားမည်ဟု နယူးဒေလီ အခြေစိုက် Busniess Standard  သတင်းစာက ရေးသားဖော်ပြခဲ့သည်။

Infosys ကုမ္ပဏီသည် အိန္ဒိယနိုင်ငံ၏ ဒုတိအကြီးဆုံး အိုင်တီကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာအစိုးရ၏ e-Government လုပ်ငန်းစဉ်များတွင် အဓိကအရေးကြီးသည့် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ကဏ္ဍများကို ပိုမိုအသုံးပြုလာနိုင်စေရန်အတွက် ကူညီပေးသွားမည်ဖြစ်သည်။

ထိုအကြောင်းအရာနှင့် ပတ်သတ်ပြီး ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အိန္ဒိယ အိုင်တီကုမ္ပဏီတစ်ခုနဲ့ e-Government လုပ်ငန်းတွေ ဖွံ့ဖြိုးအောင်လုပ်ဖို့ သဘောတူပြော ဆိုထားတာတော့ရှိပါတယ်။ သူတို့ကလည်း ကူညီပေးချင်နေပါတယ်” ဟု ပြောကြားသည်။

နည်းပညာပိုင်းဆိုင်ရာ ထိပ်တန်းကုမ္ပဏီများ အများအပြားရှိသည့် အိန္ဒိယနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ရောက်ရှိခဲ့ပြီးနောက် Infosys ကုမ္ပဏီသို့ သွားရောက်လည်ပတ်ပြီး ကုမ္ပဏီပိုင်းအကြီးအကဲများနှင့် မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍ လိုအပ်ချက်များနှင့် ပတ်သတ်ပြီး ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ကုမ္ပဏီအနေဖြင့် ၎င်းတို့အခြေစိုက်ရာ အိန္ဒိယနိုင်ငံတွင် အောင်မြင်နေသကဲ့သို့ အာရှဒေသတွင်း နိုင်ငံများတွင်လည်း e-Government လုပ်ငန်းစဉ်များ ဖွံ့ဖြိုးရန်ဆောင်ရွက်ရန် ဆန္ဒရှိနေကြောင်း အထက်ပါ သတင်းစာတွင် ဖော်ပြထားသည်။

“မြန်မာအစိုးရလုပ်နေတဲ့ အီလက်ထရွန်နစ်စနစ်လုပ်ငန်း ဆောင်ရွက်မှုအပိုင်းတွေ တိုးတက်ဖို့ အများကြီး လိုအပ်ပါသေးတယ်။ တချို့ဝန်ကြီးဌာနတွေကတော့ ဒီစနစ်ကို အသုံးပြုနေကြပါပြီ။ ဒါပေမယ့် e-Government စနစ် တိုးတက်ဖွံ့ဖြိုးဖို့ဆိုတာမှာ အခြေခံအဆောက်အဦဖြစ်တဲ့ အင်တာနက်ဆက်သွယ်မှု၊ မိုဘိုင်းဖုန်း ဝန်ဆောင်မှုစနစ်တွေကအစ အဆင်သင့်ကောင်းမွန်နေမှ အောင်မြင်မှာပါ” ဟု ကွန်ပျူတာပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ၏ e- Government  လုပ်ငန်းများ အောင်မြင်ရန်အတွက် ပုဂ္ဂလိကကွန်ပျူတာပညာရှင်၊ လုပ်ငန်းရှင်နှင့် အခြားပညာရှင်များမှ ပူးပေါင်းပြီး အစိုးရကို တွန်းအားပေးမှုများ ရှိနေသော်လည်း ယခုလက်ရှိ အချိန်အထိ အစိုးရရုံးဌာနအများစုတွင် စာရွက်စာတမ်းစနစ်ဖြင့်သာ လုပ်ကိုင်ဆောင်ရွက်နေကြဆဲ ဖြစ်ကြောင်း စုံစမ်းသိရသည်။

ယုဇနကိုကို

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။