1G , 2G, 3G, 4G စတဲ့ မိုဘိုင်းနက်ဝတ်ဆက်သွယ်ရေးများမျိုးဆက်များဟာ 1G စပေါ်ပြီးကတည်းက ခန့်မှန်းခြေ ၁၀နှစ်တိုင်းမှာ ထွက်ပေါ်
လျက်ရှိပါတယ်။
1G ကိုစတင်မိတ်ဆက်ခဲ့တာကတော့ ၁၉၈၁ လောက်မှာ Nordic မိုဘိုင်းဖုန်းက ဖြစ်ပါတယ်။ သူကတော့ အသံနဲ့ပဲ ခေါ်ဆိုနိင်တဲ့ မိုဘိုင်းမျိုးဆက်ပါ။
2G ကိုတော့ ၁၉၉၂ မှာ စတင်ခဲ့တာဖြစ်ပြီး ဖုန်းမှာ စာရိုက်ပို့ခြင်းကို ပြုမူစေနိင်ခဲ့တဲ့ 2G ဖြစ်ပါတယ်။
နောက်ထပ် ပထမဆုံး 3G ကိုတော့ ၂၀၀၁ ခုနှစ်မှာ ထွက်ပေါ်လာခဲ့တာ မှတ်သားရပါတယ်။
3G ကတော့ ပိုမိုကောင်းမွန်တဲ့ အသံအရည်အသွေးတွေနဲ့ မြင့်မားတဲ့ Data အမြန်နှုန်းကို ပိုင်ဆိုင်ထားတဲ့ မိုဘိုင်းမျိုးဆက်တစ်ခုပဲ ဖြစ်ပါတယ်။
နောက်ဆုံးထွက် 4G ကိုတော့ နိင်ငံတကာမိုဘိုင်းတယ်လီကွန်မြူးနေကေးရှင်းက ၂၀၁၂ မှာ တရားဝင် စံပြုကာ လိုက်လျောခဲ့တာ ဖြစ်ပါတယ်။
သူကတော့
3G ကို တိုးမြင့်ကာ ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားတဲ့ နက်ဝတ်တစ်ခု ဖြစ်ပါတယ်။
5G ဆိုတာကတော့ အရင် ... G တွေလိုပဲ မိုဘိုင်းနက်ဝတ်မျိုးဆက်ရဲ့ မျိုးဆက် (၅) ဆက်မြောက်ဖြစ်ပါတယ်။ ဒီ 4G ရဲ့ စီးကြောင်း အရှေ့ မှာ မကြာမီတွေ့ရတော့မဲ့
အနာဂတ်မိုဘိုင်းနည်းပညာတိုးတက်မူရဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။
5G ကို ၂၀၂၀ ခုနှစ်ရဲ့ မိုဘိုင်းဆက်သွယ်ရေး နည်းပညာတစ်ခုလို ရည်ညွှန်းခြင်းခံထားရတဲ့ မျိုးဆက်တစ်ခု လည်း ဖြစ်ပါတယ်။
ဗဟုသုတများ တိုးပွားနိင်ကြပါစေဗျာ
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။