အင်တာနက်သုံးနေတဲ့သူတွေအနေနဲ့ စိတ်အ၀င်စားဆုံးကိစ္စတွေထဲမှာ အင်တာနက် Download Speed ကို ဘယ်လိုမြှင့်ရမယ်ဆိုတဲ့ ကိစ္စဟာ တစ်ခုအပါအ၀င်ပေါ့ ..ဒါပေမယ့် .. အဲဒီလိုလူတွေထဲမှာမှ ကိုယ့်ဆီမှာရှိတဲ့ ဖိုင်လေးတွေကို သူငယ်ချင်းတွေကို မျှဝေပေးချင်သူတွေနဲ့ Blogger တွေအဖို့ Upload Speed မြင့်ဖို့ကလည်း တော်တော်အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ် ...
ဒီတော့ .. ကွန်နက်ရှင်မကောင်းတဲ့ဒေသမှာနေနေရတဲ့ ကျွန်တော့်အဖို့ ရှာရင်းဖွေရင်း ကလိရင်းနဲ့ အမှန်တကယ် ထရောက်တဲ့ နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ..ဖိုင်တွေကို Hosting Site တွေမှာ တင်တဲ့အခါ Upload Speed ကို သိသိသာသာမြှင့်ပေးနိုင်မယ့် နည်းလေးတစ်ခုပါ
Posted by Kaung Khant (Internet for Myanmar)
ကဲ .. အဆင့်နှစ်ဆင့်လုပ်ရမယ့်ထဲက ပထမအဆင့်ကို စပါမယ်။
ဝင်းဒိုးကြီးရဲ့ Run Box မှာ gpedit.msc လို့ ရိုက်ထည့်ပြီး Enter နှိပ် ဒါမှမဟုတ်လည်း Ok နှိပ်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်။
အောက်ကပုံအတိုင်း ပွင့်လာပါမယ်။
အဲဒီထဲက Administrative Templates ရဲကရှေ့က မြှားအဖြူလေးကိုနှိပ်လိုက်ပါ
အောက်ပုံအတိုင်း ကျလာပါမယ်။
အောက်ပုံအတိုင်း ကျလာပါမယ်။
အဲဒီထဲက Network ရဲ့ရှေ့က မြှားအဖြူလေးကို နှိပ်လိုက်ပါ အောက်ကပုံအတိုင်း
ထပ်ကျလာပါမယ်။
အဲဒီထဲက Qos packet Schedule ပေါ်မှာနှိပ်ပြီး ဘယ်ဖက်ထဲမှာ ပေါ်လာတဲ့ထဲက Limit reservable bandwidth ပေါ်မှာ Double Click နှိပ်လိုက်ပါ အောက်ကပုံအတိုင်း ၀င်းဒိုးအသစ်တစ်ခု ပွင့်လာပါမယ်။
အဲဒီထဲက enable ရဲ့ရှေ့မှာ အမှတ်တပ်ပေးပါ
အောက်မှာရှိနေတဲ့ကိန်းတွေကို ဘယ်လောက်ပဲဖြစ်နေပါစေ 0 ( သုည ) ပြောင်းလိုက်ပါ
ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ ဒီအဆင့်ပြီးတာနဲ့ စက်ကို Restart ချလိုက်ပါ
အောက်မှာရှိနေတဲ့ကိန်းတွေကို ဘယ်လောက်ပဲဖြစ်နေပါစေ 0 ( သုည ) ပြောင်းလိုက်ပါ
ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ ဒီအဆင့်ပြီးတာနဲ့ စက်ကို Restart ချလိုက်ပါ
ဒုတိယအဆင့်ကို မစတင်ခင်မှာ အင်တာနက်လိုင်းကို အရင်ဆုံးချိတ်လိုက်ပါ
ဖုန်းနဲ့ဆိုလည်းဖုန်းနဲ့ ... Wifi နဲ့ဆိုလည်း Wifi နဲ့ပေါ့ ..
အဲဒီလို အင်တာနက်လိုင်း ချိတ်ပြီးသွားပြီဆိုရင်တော့ Control Panel ကို သွားပြီး
Device Manager ကိုဖွင့်ပါ။ အောက်ကပုံအတိုင်း ပွင့်လာပါမယ်။ အဲဒီထဲက Ports ( COM & LPT ) ရဲကရှေ့က မြှားအဖြူလေးကို နှိပ်လိုက်ပါ အောက်ကပုံအတိုင်း ကျလာပါမယ်။

အဲဒီထဲမှာ COM 1, COM2 ... စသည်ဖြင့် တွေ့ပါလိမ့်မယ် .. ( အင်တာနက်လိုင်းအမျိုးအစားပေါ်မူတည်ပြီး အရေအတွက် မတူပါဘူး )
အဲဒီထဲက တစ်ခုချင်းပေါ်မှာ Double Click နှိပ်လိုက်ရင် ၀င်းဒိုးတစ်ခု ပွင့်လာပါမယ်။
အဲဒီထဲက တစ်ခုချင်းပေါ်မှာ Double Click နှိပ်လိုက်ရင် ၀င်းဒိုးတစ်ခု ပွင့်လာပါမယ်။
ပွင့်လာတဲ့ ၀င်းဒိုးထဲက Port Settings ကိုနှိပ်လိုက်ပြီး Bits per second အကွက်မှာ 128000 ကိုပြောင်းပေးပါ Flow control အကွက်မှာ none ကနေ Hardware ကို ပြောင်းပေးပါ
ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ နောက်ထပ် COM 2 ... အဲဒီလို တွေကိုလည်း အပေါ်ကအတိုင်း ပြင်ပေးသွားလိုက်ပါ အားလုံးအတွက် ပြင်ပေးပြီးသွားရင်တော့ စက်ကို Restart ချပေးလိုက်ပါ ၀င်းဒိုးပြန်တက်လာတဲ့အခါ အင်တာနက်ချိတ်ဆက်ပြီး ဖိုင်တစ်ဖိုင်လောက် Upload တင်ကြည့်လိုက်ပါ တကယ်ပဲ Upload Speed ဟာ သိသိသာသာမြင့်တက်လာတာကို တွေ့ရပါလိမ့်မယ်
ကဲ .. အဆင်ပြေကြပါစေဗျာ။

Copy from: IT မုဆိုး
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။