Monday, December 30, 2013

အလှူငွေနဲ့ ရပ်တည်တဲ့ Mozilla Firfox

 
 
ဒီနေ့မနက်စောစောစီးစီး Mozilla Firefox ကိုဖွင့်လိုက်တာ Firefox က ရေးထားတဲ့ စာလေးကို တွေ့မိလိုက်ပါတယ်။

"Firefox browser ကိုဖန်တီးတဲ့ Mozilla ဆိုတာ Non-profit (ကိုယ်ကျိုး မယူ) အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး လှူဒါန်း ငွေများအပေး ရပ်တည်တဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။ အကယ်၍ ဒီစာဖတ်ရသူ တိုင်းသာ ၃ ဒေါ်လာလောက် လှူမယ်ဆိုရင် တစ်နှစ်လုံးမှာ တစ်ခါသာ ရန်ပုံငွေ မတည် စရာ ရှိတာ ဖြစ်ပါတယ်။ နှစ်မကုန်ခင် လှူဒါန်းစေလိုပါတယ်"
အဲ့လိုစာလေးဖတ်လိုက်ရတော့ ကိုယ်က ၃ ဒေါ်လာဆိုတာကို လှူချင်ပေမယ့် ဘယ်ကနေ လှမ်းပြီး လှူရမှန်း မသိဘူး။ ဒါကတော့ ဒါပေါ့။ ထားလိုက်ပါ။ စိတ်ထဲမှာ ခံစားလိုက်ရတာ တစ်ခုက Mozilla အပေါ် မုဒိတာ ပွားမိခြင်း ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက အင်တာနက် အသုံးပြုလိုသူများ အတွက် လွယ်ကူမြန်ဆန်တဲ့ Browser တစ်ခု ဖြစ်လာဖို့ဆိုတာ မလွယ်ပါ ဘူး။ Mozilla ဆိုတာ ဆီလီကွန်တောင်ကြားမှာရှိနေတဲ့ ကုမ္မဏီ ငယ်လေး ဖြစ် ပါတယ်။ အဓိကအလှူငွေကို Google က ထောက် ပံ့နေပေမယ့် Mozilla ဆိုတာ သီးခြား အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ အကြောင်းက Google ကလည်း Google Chrome လုပ်နေတာကိုး။

Mozilla ဟာ အများပြည်သူ ကောင်းကျိုးအတွက်၊ နည်းပညာ၊ အိုင်တီ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားဖြစ်မလုပ်ပဲ အလှူငွေအပေါ်မှာ ရပ်တည်တယ်လေ။ မြန်မာပြည်ရဲ့  အိုင်တီကဏ္ဍမှာလည်း အဲ့လို အဖွဲ့အစည်းတွေများ ခပ်များများပေါ်ပါစေ ဆုတောင်းရင်း တစ်မနက်စာ ဝင်လာတဲ့ မျော်လင့်ချက်အတွေး လေး တစ်ခုမို့ ရေး သား ဖောက်သည်ချလိုက်ရ ပါတယ်။
.
အောင်ခမ်း ( smart.com.mm )

http://smart.com.mm/index.php?option=com_content&view=article&id=18903:mozilla-firfox-rely-on-donations&catid=110&Itemid=640

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။