Tuesday, December 31, 2013

LG က G-Arch , G-Health စတဲ့ Wearable Tech များကို Mobile World Congress မှာ ထုတ်ဖော်ပြသမည်

LG ရဲ့ နောက်ထုတ်မယ့် စမတ်ဖုန်း ဟာ စမတ်နာရီ ၊ ကျန်းမာရေးလက်ကောက် တို့နဲ့တွဲဖက်အလုပ်လုပ်မှာဖြစ်တယ်လို့ ကိုရီးယား သတင်းဌာန တစ်ခုမှ ပြောကြားပါတယ်။

သတင်းများအရ G-Arch လို့ခေါ်တဲ့ စမတ်နာရီ နဲ့ G-Health လို့ခေါ်တဲ့ ကျန်းမာရေး လက်ကောက် ကို ၂၀၁၄ ခုနှစ် မှာ ထုတ်ဖော်ပြသမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ မှာ ဘာစီလိုနာ မှာ ပြုလုပ်မယ့် Mobile World Congress မှာ ဖြစ်ပါတယ်။ ဒီသတင်းကို LG က တရားဝင်ပြောကြားတာမဟုတ်ဘဲ သတင်းဌာနရဲ့ ခန့်မှန်းချက်သာဖြစ်ပါတယ်။ LG မှ တာဝန်ရှိသူများက Wearable Products ကို ထုတ်လုပ်နေကြောင်းကိုတော့ တရားဝင်ပြောကြားထားပါတယ်။

နောက်ထပ်သတင်းအရ LG က စွမ်းဆောင်ရည်မြင့် ဖုန်းဖြစ်တဲ့ G3 ကိုစမ်းသပ်နေပြီး Fingerprint နဲ့ Sensor နည်းပညာထည့်သွင်းမယ်လို့သိရပါတယ်။ Apple ရဲ့ iPhone 5S မှာပါတဲ့ Touch ID ကို ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ G3 မှာ G-Arch , G-Health တို့ကို Support ပေးမှာဖြစ်ပြီး Quad HD Display ,2.2GHz Octa-Core Processor , Android 4.4 KitKat တပ်ဆင်ထားမှာဖြစ်ပါတယ်။
LG က Wearable ဈေးကွက် ကို ၀င်ရောက်မယ်ဆိုတာ အရင် ကတည်းက သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ LG က #GoogleGlass လို မျက်မှန်ကို လည်းထုတ်လုပ်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီသတင်းတွေကို LG က တရားဝင် ပြောကြားခြင်းမရှိသေးတဲ့အတွက် စောင့်ကြည့်ရပါမယ်။

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။